Saturday 29 November 2014

နိုင်ငံကို ချစ်လျှင် အလံကို ချစ်ပါ

Photo: နိုင်ငံကို ချစ်လျှင် အလံကို ချစ်ပါ
Saturday, November 29, 2014

သိန်းထက်အောင်

လွန်ခဲ့သောအပတ်က ပန်းဆိုးတန်းဘက်သို့ ပင်စင်လစာသွားထုတ်ပြီး အပြန် တွင် ကုန်သည်လမ်း ပေါ်ရှိ စာပေဗိမာန်စာအုပ်ဆိုင်သို့ဝင်ကာ လိုအပ်သော စာအုပ်များကို ဝယ်ယူပါသည်။ ထို့နောက် ကျွန်တော် သည် ကုန်သည်လမ်း ကိုဖြတ်ကူးပြီး လမ်းတစ်ဖက်ရှိကား မှတ်တိုင်မှ ဘတ်စ်ကားစီးပြီးပြန်လာရာ ဆူးလေဘုရား လမ်းကိုကျော်သည်နှင့် ကုန်သည်လမ်းမပေါ်တွင် ယခင် က ခြောက်ထပ်ရုံးဟုကျော်ကြားခဲ့သည့်ရုံးကြီး၏နောက် ကျောကိုတွေ့မြင် လိုက်ရပါသည်။ ယခုအခါ ပုဂ္ဂလိက ကုမ္ပဏီတစ်ခု၏လက်သို့ လွှဲပြောင်းပေး လိုက်သည်ဟု ယူဆရပြီး သစ်လွင်တောက်ပသော ဆေးရောင်များဖြင့် လှပနေသော်လည်း တစ်ချိန်က ဝန်ထမ်းရွေးချယ်လေ့ ကျင့်ရေးအဖွဲ့ရုံးထိုင်ခဲ့ပြီး ကျွန်တော်တို့တစ်တွေ အလုပ် ဝင်စာမေးပွဲဖြေဆိုသည်မှအစ နောက်ပိုင်းလည်း မကြာ ခဏဝင်ထွက်ခဲ့သောရုံးကြီးဖြစ်၍ လွမ်းမိသလိုလိုပင် ဖြစ်မိပါသည်။

ထို့နောက် ဆက်လက်၍ လမ်းဘေးသို့ ကြည့်ရှုငေးမောခဲ့ရာ လမ်း၏လက်ဝဲဘက် တွင် ကိုလိုနီ ခေတ်လက်ရာ ရုံးအဆောက်အအုံ အချို့ကိုတွေ့ရှိရပါ သည်။ ထိုရုံးများမှာ ယနေ့ထက်တိုင် အစိုးရအဆောက် အအုံအဖြစ်တည်ရှိနေဆဲဖြစ်၍ ပုဂ္ဂလိကသို့လွှဲပြောင်းပေးလိုက်သော အဆောက်အအုံကဲ့သို့သစ်လွင်တောက်ပ ခြင်းတော့မရှိပါ။ သို့သော်ခံ့ညားခြင်း၊ ထည်ဝါခြင်းတို့ မှာကား ယခုခေတ် အဆောက်အအုံတို့ လိုက်၍မမီပါ။ ပို၍လိုက်မမီသည်မှာကား အဖိုးမဖြတ်နိုင် သော သမိုင်းတန်ဖိုးပင်ဖြစ်ပါသည်။

ကျွန်တော်သည် အောက်ကိုကြည့်နေရာမှ အမှတ် မထင်အပေါ်သို့ မော့ကြည့် လိုက်သောအခါ ခံ့ညား ထည်ဝါသောရုံးနှင့် မည်သို့မျှကြည့်ရှု၍ မတင့်တယ် သည့် ဟောင်းနွမ်းနေသော နိုင်ငံတော်အလံကို တွေ့မြင် လိုက်ရသဖြင့် ရင်ထဲတွင် အမည်မဖော်ပြနိုင်သောခံစားမှု တစ်ခုကို ခံစားလိုက်ရပါသည်။ ရုံးကဟောင်းနေ၍ပဲ အလံဟောင်းကိုမလဲဘဲ သည်အတိုင်းထားလေသလား မသိပါ။ တစ်ရုံးတည်းမဟုတ်ပါ။ နှစ်ရုံးဆက်တိုက်မြင် တွေ့လိုက်ရခြင်း ဖြစ်ပါသည်။ အလံ၏အရောင်များ ဖြစ်သော အဝါရောင်၊ အစိမ်းရောင်၊ အနီရောင် စသည် တို့မှာ မူလအရောင်ပျောက်၍ ဂျီး(ချေး)ရောင်ဖြစ် နေသည့် အပြင် အဖြူရောင်ကြယ်ပွင့်ကြီးမှာ လက်နှီး စုတ်ရောင်ဖြစ်နေပါသည်။

နိုင်ငံတော်၏ ဘတ်ဂျက် အခြေအနေအရ ရုံးကိုပြုပြင်မွမ်းမံခြင်း၊ ဆေးသုတ်ခြင်း မပြုနိုင်သည်ကိုနားလည်သော်လည်း ရုံး၏ကျက်သရေ ဆောင်ဖြစ်သော နိုင်ငံတော်အလံကိုဤမျှအထိ အရောင် အဆင်းကင်းမဲ့အောင်၊ ကျက်သရေ ကင်းမဲ့အောင်မူကား လျစ်လျူမရှုသင့်ဟု ယူဆပါသည်။

နိုင်ငံတော်အလံဆိုသည်မှာ ရုံးတစ်ရုံး၏ကျက် သရေဆောင်အဖြစ်သာမကပါ၊ နိုင်ငံ၏ ကျက်သရေ ဆောင်လည်းဖြစ်ပါသည်။ အလံသည် နိုင်ငံကိုကိုယ်စား ပြုပါသည်။ အလံတစ်ခုသည် နိုင်ငံ၏ပုံရိပ်ပင်ဖြစ်ပါ သည်။ ပြီးခဲ့သောလက ကျင်းပခဲ့သည့်အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များတွင် နိုင်ငံတကာ၏အလံများနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၏အလံကို မြင်တွေ့ရသည်မှာ ကျက် သရေမင်္ဂလာရှိ လှပါသည်။ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယား နှင့် အမေရိကန်စ သည့်ကမ္ဘာ စီးပွား ရေး အင်အားကြီးနိုင်ငံတို့၏ ခေါင်းဆောင်များနှင့် မြန်မာခေါင်းဆောင်တို့ နှစ်ဦးချင်းစီတွေ့ဆုံဆွေးနွေး ကြရာတွင်လည်း နှစ်နိုင်ငံအလံများကို တန်းတူညီတူ လွှင့်ထူထားခြင်းဖြင့် နှစ်နိုင်ငံ တန်းတူရည်တူရှိမှု၊ တစ်ဦး ၏အချုပ်အခြာအာဏာကို တစ်ဦးကလေးစားမှု စသည့် သရုပ်သကန်ကို ပေါ်လွင်စေပါသည်။

၂ဝ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် ကျင်းပခဲ့သော အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ၌အားကစားပြိုင်ကွင်းပတ်လည်တွင် နိုင်ငံ ကိုယ်စားပြု အလံများကို စိုက်ထူထားပြီး အားကစားသမားများ ချီ တက်အလေး ပြုကြရာတွင် မိမိနိုင်ငံအလံကိုင်ဆောင်သူ က ရှေ့ဆုံးမှချီတက်ပြီး နောက်မှအားကစားသမားများ ကလိုက်ပါချီတက်ရပါသည်။

အားကစားကွင်းအတွင်း သို့ စတင်ဝင်ရောက်လာသော မြန်မာနိုင်ငံအလံတော် ကို စတင်မြင်ကြရသည်နှင့် ကွင်းလုံးညံမျှဟိန်းသွားသည့် 'မြန်မာ'ဟူသည့် အသံသည် နေပြည်တော်တစ်ခွင်သာမက တစ်နိုင်ငံလုံးကကြည့်ရှုနေသည့် ရုပ်သံပရိသတ်များပင် ကြက်သီးဖြန်းဖြန်းထခဲ့ရပါသည်။ အားကစားပွဲများ ကျင်းပသည့်အခါတွင်လည်း မြန်မာနိုင်ငံမှအားကစား သမားအနိုင်ရ၍ ဆုယူသည့်အခါ နိုင်ငံတော်သီချင်းကို တီးမှုတ်၍ နိုင်ငံတော်အလံကို တိုင်ထိပ် အထိ လွှင့်တင် သည့်အချိန်တွင် အားကစားသမား၏ ဂုဏ်ယူဝင့်ကြွား ခြင်း နှင့်အတူ ၄င်းမြင်ကွင်းကို တွေ့မြင်ခံစားရသူအား လုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များတဖွားဖွားပေါ်ပေါက် လာသည်မှာမငြင်းနိုင်သော အချက်ပင်ဖြစ်ပါသည်။ ထို့ ထက်ပို၍ သိသာထင်ရှားစေသောအချက်မှာ အသက် (၁၉)နှစ်အောက်ဘောလုံးအသင်း အနိုင်ရပြီး ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ခွင့်ရသည့်အချိန်က နိုင်ငံတော် အလံကိုကိုင်မြှောက်၍ ကွင်းကိုပတ်၍ ပြေးသည့် အချိန် ၌ ပရိသတ်များ၏ ကွင်းလုံးညွတ်မျှအားပေးသံများက မျိုးချစ်စိတ်ဓာတ်ကို အထွတ်အထိပ်သို့ ရောက်ရှိစေပါ သည်။

နိုင်ငံသူ၊ နိုင်ငံသားများ၏စိတ်ကို ဤရွေ့ဤမျှ ဆွဲဆောင်သိမ်းသွင်းနိုင်သည့် လက်ရှိသုံးရောင်ခြယ် အလံကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်း ပုံအခြေခံဥပဒေ(၂ဝဝ၈) ပုဒ်မ၄၃၇(က)တွင်ပုံနှင့်တကွ ပြဋ္ဌာန်းခဲ့ပါသည်။

နိုင်ငံတော်အလံဥပဒေတွင်လည်း အလံတော်တွင်ပါဝင်သည့် အရောင်များနှင့် ပတ်သက် ၍ အောက်ပါအတိုင်းဖော်ပြထားရှိသည်ကို ကောက်နုတ် ဖော်ပြပါသည် -

- အဝါရောင်သည် 'စည်းလုံးညီညွတ်ခြင်း၊ Óဏ် ပညာကြီးမားခြင်း၊ ပျော်ရွှင်ခြင်းနှင့် တိုင်းရင်းသားအား လုံးချစ်ခင်ရင်းနှီးစွာ စည်းလုံးညီညွတ်မှုရှိခြင်း' ဟူသော အဓိပ္ပာယ်ကိုဖော်ညွှန်းသည်။

- အစိမ်းရောင်သည် 'မြေဆီသြဇြာ<ွကယ်ဝခြင်း၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်းသာယာ၍ စိမ်းလန်း စို ပြည်သည့် နိုင်ငံဖြစ်ခြင်း' ဟူသောအဓိပ္ပာယ်ကို ဖော် ညွှန်းသည်။

- အနီရောင်သည် 'ရဲရင့်ခြင်းနှင့် ပြတ်သားခြင်း'ဟူသောအဓိပ္ပာယ်ကို ဖော်ညွှန်းသည်။

- ကြယ်၏ အရောင်ဖြစ်သော အဖြူရောင်သည် 'သန့် ရှင်းစင်ကြယ်ခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ ကရုဏာ တရားပြည့်ဝခြင်းနှင့် စွမ်းအင်နှင့်ပြည့် စုံခြင်း' ဟူသော အဓိပ္ပာယ်ကိုဖော်ညွှန်းသည်ဟူ၍ ဖော်ပြပါရှိပါသည်။

- ထို့အပြင် အဝါရောင်၊ အစိမ်းရောင်နှင့် အနီရောင်တို့ကို အောက်ခံအရောင် အဖြစ်သုံးစွဲထားခြင်း မှာလည်း တစ်နည်းအားဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုကာလက အသုံးပြုခဲ့သော သုံးရောင်ခြယ် အလံကို အလေးအမြတ်ပြု ဖော်ပြခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကျင်းပဆဲ ပြည်ထောင်စုလွှတ်တော်အစည်းအ ဝေးတွင် အချို့သောလွှတ်တော် ကိုယ်စားလှယ်များက အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးရာ တွင် လက်ရှိနိုင်ငံတော်အလံကိုသဘောမကျ၍ပြင်ဆင် ရန်တင်ပြသည်ကို လည်းကြားလိုက်မိပါသည်။ အကယ် ၍ လွှတ်တော်နှင့်ပြည်သူက ပြင်ဆင်သည်ဆိုပါကလည်း ပြင်ဆင်အတည်ပြုလိုက်သည့် နိုင်ငံတော် အလံသစ်ကို ကျွန်တော်တို့သည် အလေးအမြတ်ပြုရမည်သာဖြစ်ပါ သည်။ ကျွန်တော်တို့ငယ်စဉ်က အလယ်တွင် ကြယ်ဖြူ တစ်ပွင့်နှင့် ကြယ်ငါးလုံး ဝန်းရံပါဝင်သည့် 'ပြည်ထောင် စုမြန်မာနိုင်ငံတော်အလံ'ကို ကျောင်းတက်တိုင်း၊ ရုပ်ရှင် ကြည့်တိုင်း အလေးပြုခဲ့ရပါသည်။ လမ်းစဉ်ပါတီခေတ် တွင် ဖောင်ကြီး သင်တန်း တက်ခဲ့ရစဉ်ကလည်း 'ပြည် ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံ တော်အလံအား အလေးပြု'ဆိုသောအမိန့်ကို ကိုယ်တိုင်ပေး၍ ကိုယ်တိုင် လည်းအလေးပြုခဲ့ရပါသည်။ ယခုလည်း ကြိုက်သည် ဖြစ်စေ၊ မကြိုက် သည်ဖြစ်စေ 'ပြည်ထောင်စုသမ္မတမြန် မာနိုင်ငံတော်'၏ သုံးရောင်ခြယ်အလံကို ကျွန်တော်တို့ တစ်တွေ အလေးအမြတ်ထားကာ အလေးပြုနေရပါ ဦးမည်ဖြစ်ပါသည်။

အကယ်၍သာ ကျွန်တော်တို့တစ်တွေ မိမိနိုင်ငံ၏အလံတော်ကို အလေးအမြတ် မထားဘူးဆိုလျှင် မည်သို့ အရေးယူခံရနိုင်ကြောင်း ပြဋ္ဌာန်းထားသည်ကို ပြည်သူ တို့သိရှိကြစေရန် ဗဟုသုတအဖြစ်ဖော်ပြအပ်ပါသည်။

နိုင်ငံတော်အလံဥပဒေအခန်း(၄) တားမြစ်ချက်နှင့် ပြစ် ဒဏ်အခန်း၌ အောက်ပါ အတိုင်းပြဋ္ဌာန်းထားရှိပါသည်-

(က) နိုင်ငံတော်အလံပေါ်တွင် စာလုံး၊ ဂဏန်း၊ ရုပ်ပုံနှင့် သင်္ကေတစသော အမှတ်အသားတစ်ခုခုကို ရေးသားခြယ်လှယ်ခြင်း၊ တွယ်ကပ်ခြင်း၊ ပုံနှိပ်ခြင်း သို့မဟုတ် တစ်ခုခုဖြင့်အရာထင်စေခြင်း၊

(ခ) နိုင်ငံတော် အလံကို-

(၁) အဆင်းအရွယ်၊ ပုံသဏ္ဌာန် သို့မဟုတ် အချိုးအစား ပျက်ပြားစေရန် ပြုလုပ်ခြင်း၊

(၂) ပြဋ္ဌာန်း ခွင့်ပြုထားခြင်း မရှိသည့်နေရာ၊ ဒေသနှင့်ကိစ္စများတွင် အသုံးပြုခြင်း၊

(၃) မလေးမစားပြုခြင်း။

(ဂ) နိုင်ငံတော် အလံ၏အထက်နှင့်တန်းတူတွင် ပြည်တွင်းရှိ အဖွဲ့အ စည်းများ၏ အလံတစ်ခုခုလွှင့်ထူခြင်းမပြုရဟူ၍လည်း ကောင်း၊ နိုင်ငံတော်အလံကို အတင်အချပြုရာ၌ မြေ ပြင်၊ ရေပြင်၊ ကြမ်းပြင်တို့နှင့် မထိစေရဟူ၍ လည်းကောင်း၊ နိုင်ငံတော်အလံကို ဆုတ်ဖြတ်ဖျက်ဆီးခြင်း၊ ဂုဏ်ကျက် သရေ ပျက်ပြား စေရန် တမင်သက်သက်မပြုရဟူ၍လည်း ကောင်း၊ ပစ္စည်းတစ်စုံ တစ်ရာကို ထုပ်ပိုးခြင်းမပြုရ၊ အခင်းအဖြစ် အသုံးမပြုရ၊ ပစ္စည်းတစ်ခုခု၏ အမှတ် တံဆိပ်အဖြစ်လည်းကောင်း၊ အဝတ်အထည်ခြယ်လှယ် မှုအဖြစ် လည်းကောင်း၊ ဆင်ယင်မှုအဖြစ်လည်းကောင်း သုံးစွဲခြင်း မပြုရဟူ၍ လည်းကောင်း ပြဋ္ဌာန်းထားရှိပါ သည်။

အထက်ဖော်ပြပါပြဋ္ဌာန်းချက်များအရ အရောင် မှေးမှိန်လျက်ရှိသော၊ အရောင်အဆင်းပျက်ပြယ်လျက် ရှိသော၊ စုတ်ပြဲနေသော အလံတော်ကို လွှင့်ထူခြင်း၊ အသုံးပြုခြင်းတို့သည်

ဖော်ပြပါပြဋ္ဌာန်းချက်နှင့်ငြိစွန်းသည်ဟုယူဆပါသည်။ ထို့ကြောင့် မည်သူမဆို သိလျက် နှင့်ဖြစ်စေ၊ မသိဘဲနှင့်ဖြစ်စေ နိုင်ငံတော်အလံကို ပေါ့ဆ စွာအသုံးပြုပါက ဥပဒေ၌ သတ်မှတ်ထားသော ပြစ်ဒဏ် များကို ကျခံရ မည်ဖြစ်ပါသည်။ ယခုအခါ အစိုးရရုံး အချို့နှင့် ပုဂ္ဂလိကရုံး အဆောက်အအုံ အချို့တွင် ဤ ဆောင်းပါးအစ၌ဖော်ပြခဲ့သကဲ့သို့ အရောင်အဆင်း မရှိသော အလံများ၊ စုတ်ပြဲလျက်ရှိသောအလံများ လွှင့်ထူ ထားခြင်းကို မကြာခဏ ဆိုသလို တွေ့ရှိနေရပါသည်။

ထို့ကြောင့်သတိပြုဆင်ခြင်ဖွယ်ရာအဖြစ် တင်ပြရခြင်း ဖြစ်ပါသည်။

အချို့သောပုဂ္ဂိုလ်တို့သည် စကားပြောဆို ရာတွင် နိုင်ငံတော်ကိုမည်မျှချစ်သည့် အကြောင်း၊ နိုင်ငံ တော်အတွက် မည်သို့မည်ပုံအကျိုးပြုဆောင်ရွက်မည် ဖြစ်ကြောင်း နှုတ်မှတဖွဖွ ပြောဆိုလျက်ရှိသော်လည်း နိုင်ငံတော်ကို ကိုယ်စား ပြုသည့် နိုင်ငံတော်အလံကိုမူချစ် ခင်မြတ်နိုးရမှန်းမသိကြပါ၊ အလေးအမြတ် ပြုရကောင်း မှန်းလည်း မသိကြပါ။ ဤဆောင်းပါးသည် ထိုသို့သော သူများ အတွက် ရည်ရွယ်ပါသည်။

နိဂုံးချုပ်အားဖြင့် တင်ပြလိုသည်မှာ နိုင်ငံတော် အစိုးရဝန်ကြီးဌာနများ၊ ဦးစီးဌာနများ အနေဖြင့် မိမိ လက်အောက်ခံရုံးများအတွက် နှစ်စဉ်ဘဏ္ဍာရန်ပုံ ငွေစာရင်းတွင် အလံတော်ဝယ်ယူဖြည့်တင်းရန် လျာ ထားရန်ပုံငွေများ ထည့်သွင်းရေးဆွဲပေးရန်နှင့် သို့မ ဟုတ်ပါကလည်း ရေရှည်ခံမည့် ပိတ်သား အစကို အသုံး ပြုလျက် ရေရှည်ခံဆေးသား အသုံးပြုချုပ်လုပ်ထား သော နိုင်ငံတော်အလံများကို လက်အောက်ခံရုံးဌာန များသို့ခွဲဝေချထား ပေးသင့်ပါ ကြောင်း စေတနာကောင်း ဖြင့် အကြံပြုတင်ပြအပ်ပါသည်ခင်ဗျား။

Democracytoday
သိန်းထက်အောင်
လွန်ခဲ့သောအပတ်က ပန်းဆိုးတန်းဘက်သို့ ပင်စင်လစာသွားထုတ်ပြီး အပြန် တွင် ကုန်သည်လမ်း ပေါ်ရှိ စာပေဗိမာန်စာအုပ်ဆိုင်သို့ဝင်ကာ လိုအပ်သော စာအုပ်များကို ဝယ်ယူပါသည်။ ထို့နောက် ကျွန်တော် သည် ကုန်သည်လမ်း ကိုဖြတ်ကူးပြီး လမ်းတစ်ဖက်ရှိကား မှတ်တိုင်မှ ဘတ်စ်ကားစီးပြီးပြန်လာရာ ဆူးလေဘုရား လမ်းကိုကျော်သည်နှင့် ကုန်သည်လမ်းမပေါ်တွင် ယခင်က ခြောက်ထပ်ရုံးဟုကျော်ကြား ခဲ့သည့် ရုံးကြီး၏နောက် ကျောကိုတွေ့မြင် လိုက်ရပါသည်။ ယခုအခါ ပုဂ္ဂလိက ကုမ္ပဏီတစ်ခု၏လက်သို့ လွှဲပြောင်းပေး လိုက်သည်ဟု ယူဆရပြီး သစ်လွင်တောက်ပသော ဆေးရောင်များဖြင့် လှပနေသော်လည်း တစ်ချိန်က ဝန်ထမ်းရွေးချယ်လေ့ ကျင့်ရေးအဖွဲ့ရုံးထိုင်ခဲ့ပြီး ကျွန်တော်တို့တစ်တွေ အလုပ်ဝင်စာမေးပွဲ ဖြေဆိုသည်မှအစ နောက်ပိုင်းလည်း မကြာ ခဏဝင်ထွက်ခဲ့သောရုံးကြီးဖြစ်၍ လွမ်းမိသလိုလိုပင် ဖြစ်မိပါသည်။

ထို့နောက် ဆက်လက်၍ လမ်းဘေးသို့ ကြည့်ရှုငေးမောခဲ့ရာ လမ်း၏လက်ဝဲဘက်တွင် ကိုလိုနီခေတ် လက်ရာ ရုံးအဆောက်အအုံ အချို့ကိုတွေ့ရှိရပါ သည်။ ထိုရုံးများမှာ ယနေ့ထက်တိုင် အစိုးရအဆောက် အအုံအဖြစ်တည်ရှိနေဆဲဖြစ်၍ ပုဂ္ဂလိကသို့လွှဲပြောင်းပေးလိုက်သော အဆောက်အအုံကဲ့သို့ သစ်လွင် တောက်ပ ခြင်းတော့မရှိပါ။ သို့သော်ခံ့ညားခြင်း၊ ထည်ဝါခြင်းတို့ မှာကား ယခုခေတ် အဆောက် အအုံတို့ လိုက်၍မမီပါ။ ပို၍လိုက်မမီသည်မှာကား အဖိုးမဖြတ်နိုင် သော သမိုင်းတန်ဖိုးပင်ဖြစ်ပါသည်။

ကျွန်တော်သည် အောက်ကိုကြည့်နေရာမှ အမှတ်မထင်အပေါ်သို့ မော့ကြည့် လိုက်သောအခါ ခံ့ညား ထည်ဝါသောရုံးနှင့် မည်သို့မျှကြည့်ရှု၍ မတင့်တယ်သည့် ဟောင်းနွမ်းနေသော နိုင်ငံတော်အလံကို တွေ့မြင်လိုက်ရသဖြင့် ရင်ထဲတွင် အမည်မဖော်ပြနိုင်သောခံစားမှု တစ်ခုကို ခံစားလိုက်ရပါသည်။ ရုံးက ဟောင်းနေ၍ပဲ အလံဟောင်းကိုမလဲဘဲ သည်အတိုင်းထားလေသလား မသိပါ။ တစ်ရုံးတည်းမဟုတ်ပါ။ နှစ်ရုံးဆက်တိုက်မြင် တွေ့လိုက်ရခြင်း ဖြစ်ပါသည်။ အလံ၏အရောင်များ ဖြစ်သော အဝါရောင်၊ အစိမ်းရောင်၊ အနီရောင် စသည် တို့မှာ မူလအရောင်ပျောက်၍ ဂျီး(ချေး)ရောင်ဖြစ် နေသည့် အပြင် အဖြူရောင်ကြယ်ပွင့်ကြီးမှာ လက်နှီး စုတ်ရောင်ဖြစ်နေပါသည်။

နိုင်ငံတော်၏ ဘတ်ဂျက် အခြေအနေအရ ရုံးကိုပြုပြင်မွမ်းမံခြင်း၊ ဆေးသုတ်ခြင်း မပြုနိုင်သည်ကို နားလည် သော်လည်း ရုံး၏ကျက်သရေ ဆောင်ဖြစ်သော နိုင်ငံတော်အလံကိုဤမျှအထိ အရောင် အဆင်းကင်းမဲ့ အောင်၊ ကျက်သရေ ကင်းမဲ့အောင်မူကား လျစ်လျူမရှုသင့်ဟု ယူဆပါသည်။

နိုင်ငံတော်အလံဆိုသည်မှာ ရုံးတစ်ရုံး၏ကျက် သရေဆောင်အဖြစ်သာမကပါ၊ နိုင်ငံ၏ ကျက်သရေ ဆောင်လည်းဖြစ်ပါသည်။ အလံသည် နိုင်ငံကိုကိုယ်စား ပြုပါသည်။ အလံတစ်ခုသည် နိုင်ငံ၏ပုံရိပ်ပင်ဖြစ်ပါ သည်။ ပြီးခဲ့သောလက ကျင်းပခဲ့သည့်အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များတွင် နိုင်ငံတကာ၏အလံများနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၏အလံကို မြင်တွေ့ရသည်မှာ ကျက် သရေမင်္ဂလာရှိ လှပါသည်။ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယား နှင့် အမေရိကန်စ သည့်ကမ္ဘာ စီးပွား ရေး အင်အားကြီးနိုင်ငံတို့၏ ခေါင်းဆောင်များနှင့် မြန်မာခေါင်းဆောင်တို့ နှစ်ဦးချင်းစီတွေ့ဆုံ ဆွေးနွေး ကြရာတွင်လည်း နှစ်နိုင်ငံအလံများကို တန်းတူညီတူ လွှင့်ထူထားခြင်းဖြင့် နှစ်နိုင်ငံ တန်းတူ ရည်တူ ရှိမှု၊ တစ်ဦး ၏အချုပ်အခြာအာဏာကို တစ်ဦးကလေးစားမှု စသည့် သရုပ်သကန်ကို ပေါ်လွင်စေ ပါသည်။

၂ဝ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် ကျင်းပခဲ့သော အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ၌ အားကစားပြိုင်ကွင်းပတ်လည်တွင် နိုင်ငံ ကိုယ်စားပြု အလံများကို စိုက်ထူထားပြီး အားကစားသမားများ ချီ တက်အလေး ပြုကြရာတွင် မိမိနိုင်ငံအလံကိုင်ဆောင်သူ က ရှေ့ဆုံးမှချီတက်ပြီး နောက်မှအားကစား သမားများ ကလိုက်ပါချီတက်ရပါသည်။

အားကစားကွင်းအတွင်း သို့ စတင်ဝင်ရောက်လာသော မြန်မာနိုင်ငံအလံတော် ကို စတင်မြင်ကြရသည်နှင့် ကွင်းလုံးညံမျှဟိန်းသွားသည့် 'မြန်မာ'ဟူသည့် အသံသည် နေပြည်တော်တစ်ခွင်သာမက တစ်နိုင်ငံလုံးက ကြည့်ရှုနေသည့် ရုပ်သံပရိသတ်များပင် ကြက်သီးဖြန်းဖြန်းထခဲ့ရပါသည်။ အားကစားပွဲများ ကျင်းပသည့် အခါတွင်လည်း မြန်မာနိုင်ငံမှအားကစား သမားအနိုင်ရ၍ ဆုယူသည့်အခါ နိုင်ငံတော် သီချင်းကို တီးမှုတ်၍ နိုင်ငံတော်အလံကို တိုင်ထိပ် အထိ လွှင့်တင် သည့်အချိန်တွင် အားကစားသမား၏ ဂုဏ်ယူဝင့်ကြွား ခြင်း နှင့်အတူ ၄င်းမြင်ကွင်းကို တွေ့မြင်ခံစားရသူအား လုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များတဖွားဖွားပေါ်ပေါက် လာသည်မှာမငြင်းနိုင်သော အချက်ပင်ဖြစ်ပါသည်။ ထို့ ထက်ပို၍ သိသာထင်ရှားစေသောအချက်မှာ အသက် (၁၉)နှစ်အောက်ဘောလုံးအသင်း အနိုင်ရပြီး ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ခွင့်ရသည့်အချိန်က နိုင်ငံတော် အလံကိုကိုင်မြှောက်၍ ကွင်းကိုပတ်၍ ပြေးသည့် အချိန်၌ ပရိသတ်များ၏ ကွင်းလုံးညွတ်မျှ အားပေးသံများက မျိုးချစ်စိတ်ဓာတ်ကို အထွတ်အထိပ်သို့ ရောက်ရှိစေပါ သည်။

နိုင်ငံသူ၊ နိုင်ငံသားများ၏စိတ်ကို ဤရွေ့ဤမျှ ဆွဲဆောင်သိမ်းသွင်းနိုင်သည့် လက်ရှိသုံးရောင်ခြယ် အလံကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်း ပုံအခြေခံဥပဒေ(၂ဝဝ၈) ပုဒ်မ၄၃၇(က)တွင်ပုံနှင့်တကွ ပြဋ္ဌာန်းခဲ့ပါသည်။

နိုင်ငံတော်အလံဥပဒေတွင်လည်း အလံတော်တွင်ပါဝင်သည့် အရောင်များနှင့် ပတ်သက် ၍ အောက်ပါအတိုင်းဖော်ပြထားရှိသည်ကို ကောက်နုတ် ဖော်ပြပါသည် -

- အဝါရောင်သည် 'စည်းလုံးညီညွတ်ခြင်း၊ Óဏ် ပညာကြီးမားခြင်း၊ ပျော်ရွှင်ခြင်းနှင့် တိုင်းရင်းသားအား လုံးချစ်ခင်ရင်းနှီးစွာ စည်းလုံးညီညွတ်မှုရှိခြင်း' ဟူသော အဓိပ္ပာယ်ကိုဖော်ညွှန်းသည်။

- အစိမ်းရောင်သည် 'မြေဆီသြဇြာ<ွကယ်ဝခြင်း၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်းသာယာ၍ စိမ်းလန်း စို ပြည်သည့် နိုင်ငံဖြစ်ခြင်း' ဟူသောအဓိပ္ပာယ်ကို ဖော် ညွှန်းသည်။

- အနီရောင်သည် 'ရဲရင့်ခြင်းနှင့် ပြတ်သားခြင်း'ဟူသောအဓိပ္ပာယ်ကို ဖော်ညွှန်းသည်။

- ကြယ်၏ အရောင်ဖြစ်သော အဖြူရောင်သည် 'သန့် ရှင်းစင်ကြယ်ခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ ကရုဏာ တရားပြည့်ဝခြင်းနှင့် စွမ်းအင်နှင့်ပြည့် စုံခြင်း' ဟူသော အဓိပ္ပာယ်ကိုဖော်ညွှန်းသည်ဟူ၍ ဖော်ပြပါရှိပါသည်။

- ထို့အပြင် အဝါရောင်၊ အစိမ်းရောင်နှင့် အနီရောင်တို့ကို အောက်ခံအရောင် အဖြစ်သုံးစွဲထားခြင်း မှာလည်း တစ်နည်းအားဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုကာလက အသုံးပြုခဲ့သော သုံးရောင်ခြယ် အလံကို အလေးအမြတ်ပြု ဖော်ပြခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကျင်းပဆဲ ပြည်ထောင်စုလွှတ်တော်အစည်းအ ဝေးတွင် အချို့သောလွှတ်တော် ကိုယ်စားလှယ်များက အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးရာ တွင် လက်ရှိနိုင်ငံတော်အလံကို သဘောမကျ၍ ပြင်ဆင် ရန်တင်ပြသည်ကို လည်းကြားလိုက်မိပါသည်။ အကယ် ၍ လွှတ်တော်နှင့်ပြည်သူက ပြင်ဆင်သည်ဆိုပါကလည်း ပြင်ဆင်အတည်ပြုလိုက်သည့် နိုင်ငံတော် အလံသစ်ကို ကျွန်တော်တို့သည် အလေးအမြတ်ပြုရမည်သာဖြစ်ပါ သည်။ ကျွန်တော်တို့ငယ်စဉ်က အလယ်တွင် ကြယ်ဖြူ တစ်ပွင့်နှင့် ကြယ်ငါးလုံး ဝန်းရံပါဝင်သည့် 'ပြည်ထောင် စုမြန်မာနိုင်ငံတော်အလံ'ကို ကျောင်းတက်တိုင်း၊ ရုပ်ရှင် ကြည့်တိုင်း အလေးပြုခဲ့ရပါသည်။ လမ်းစဉ်ပါတီခေတ် တွင် ဖောင်ကြီး သင်တန်း တက်ခဲ့ရစဉ်ကလည်း 'ပြည် ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံ တော်အလံအား အလေးပြု'ဆိုသောအမိန့်ကို ကိုယ်တိုင် ပေး၍ ကိုယ်တိုင် လည်းအလေးပြုခဲ့ရပါသည်။ ယခုလည်း ကြိုက်သည် ဖြစ်စေ၊ မကြိုက် သည်ဖြစ်စေ 'ပြည်ထောင်စုသမ္မတမြန် မာနိုင်ငံတော်'၏ သုံးရောင်ခြယ်အလံကို ကျွန်တော်တို့ တစ်တွေ အလေးအမြတ်ထားကာ အလေးပြုနေရပါ ဦးမည်ဖြစ်ပါသည်။

အကယ်၍သာ ကျွန်တော်တို့တစ်တွေ မိမိနိုင်ငံ၏အလံတော်ကို အလေးအမြတ် မထားဘူးဆိုလျှင် မည်သို့ အရေးယူခံရနိုင်ကြောင်း ပြဋ္ဌာန်းထားသည်ကို ပြည်သူ တို့သိရှိကြစေရန် ဗဟုသုတ အဖြစ်ဖော်ပြ အပ်ပါသည်။

နိုင်ငံတော်အလံဥပဒေအခန်း(၄) တားမြစ်ချက်နှင့် ပြစ် ဒဏ်အခန်း၌ အောက်ပါ အတိုင်းပြဋ္ဌာန်းထားရှိ ပါသည်-

(က) နိုင်ငံတော်အလံပေါ်တွင် စာလုံး၊ ဂဏန်း၊ ရုပ်ပုံနှင့် သင်္ကေတစသော အမှတ်အသားတစ်ခုခုကို ရေးသားခြယ်လှယ်ခြင်း၊ တွယ်ကပ်ခြင်း၊ ပုံနှိပ်ခြင်း သို့မဟုတ် တစ်ခုခုဖြင့်အရာထင်စေခြင်း၊

(ခ) နိုင်ငံတော် အလံကို-

(၁) အဆင်းအရွယ်၊ ပုံသဏ္ဌာန် သို့မဟုတ် အချိုးအစား ပျက်ပြားစေရန် ပြုလုပ်ခြင်း၊

(၂) ပြဋ္ဌာန်း ခွင့်ပြုထားခြင်း မရှိသည့်နေရာ၊ ဒေသနှင့်ကိစ္စများတွင် အသုံးပြုခြင်း၊

(၃) မလေးမစားပြုခြင်း။

(ဂ) နိုင်ငံတော် အလံ၏အထက်နှင့်တန်းတူတွင် ပြည်တွင်းရှိ အဖွဲ့အ စည်းများ၏ အလံတစ်ခုခုလွှင့်ထူခြင်းမပြုရဟူ၍လည်း ကောင်း၊ နိုင်ငံတော်အလံကို အတင်အချပြုရာ၌ မြေ ပြင်၊ ရေပြင်၊ ကြမ်းပြင်တို့နှင့် မထိစေရဟူ၍ လည်းကောင်း၊ နိုင်ငံတော်အလံကို ဆုတ်ဖြတ်ဖျက်ဆီးခြင်း၊ ဂုဏ်ကျက် သရေ ပျက်ပြား စေရန် တမင်သက်သက်မပြုရဟူ၍လည်း ကောင်း၊ ပစ္စည်းတစ်စုံ တစ်ရာကို ထုပ်ပိုးခြင်းမပြုရ၊ အခင်းအဖြစ် အသုံးမပြုရ၊ ပစ္စည်းတစ်ခုခု၏ အမှတ် တံဆိပ်အဖြစ်လည်းကောင်း၊ အဝတ်အထည်ခြယ်လှယ် မှုအဖြစ် လည်းကောင်း၊ ဆင်ယင်မှုအဖြစ်လည်းကောင်း သုံးစွဲခြင်း မပြုရဟူ၍ လည်းကောင်း ပြဋ္ဌာန်းထားရှိပါ သည်။

အထက်ဖော်ပြပါပြဋ္ဌာန်းချက်များအရ အရောင် မှေးမှိန်လျက်ရှိသော၊ အရောင်အဆင်းပျက်ပြယ်လျက် ရှိသော၊ စုတ်ပြဲနေသော အလံတော်ကို လွှင့်ထူခြင်း၊ အသုံးပြုခြင်းတို့သည်

ဖော်ပြပါပြဋ္ဌာန်းချက်နှင့်ငြိစွန်းသည်ဟုယူဆပါသည်။ ထို့ကြောင့် မည်သူမဆို သိလျက် နှင့်ဖြစ်စေ၊ မသိဘဲနှင့်ဖြစ်စေ နိုင်ငံတော်အလံကို ပေါ့ဆ စွာအသုံးပြုပါက ဥပဒေ၌ သတ်မှတ်ထားသော ပြစ်ဒဏ် များကို ကျခံရ မည်ဖြစ်ပါသည်။ ယခုအခါ အစိုးရရုံး အချို့နှင့် ပုဂ္ဂလိကရုံး အဆောက်အအုံ အချို့တွင် ဤ ဆောင်းပါးအစ၌ဖော်ပြခဲ့သကဲ့သို့ အရောင်အဆင်း မရှိသော အလံများ၊ စုတ်ပြဲလျက်ရှိသောအလံများ လွှင့်ထူ ထားခြင်းကို မကြာခဏ ဆိုသလို တွေ့ရှိနေရပါသည်။ ထို့ကြောင့်သတိပြုဆင်ခြင်ဖွယ်ရာအဖြစ် တင်ပြရခြင်း ဖြစ်ပါသည်။

အချို့သောပုဂ္ဂိုလ်တို့သည် စကားပြောဆို ရာတွင် နိုင်ငံတော်ကိုမည်မျှချစ်သည့် အကြောင်း၊ နိုင်ငံ တော်အတွက် မည်သို့မည်ပုံအကျိုးပြုဆောင်ရွက်မည် ဖြစ်ကြောင်း နှုတ်မှတဖွဖွ ပြောဆိုလျက်ရှိသော်လည်း နိုင်ငံတော်ကို ကိုယ်စား ပြုသည့် နိုင်ငံတော်အလံကိုမူချစ် ခင်မြတ်နိုးရမှန်းမသိကြပါ၊ အလေးအမြတ် ပြုရကောင်း မှန်းလည်း မသိကြပါ။ ဤဆောင်းပါးသည် ထိုသို့သော သူများ အတွက် ရည်ရွယ်ပါသည်။

နိဂုံးချုပ်အားဖြင့် တင်ပြလိုသည်မှာ နိုင်ငံတော် အစိုးရဝန်ကြီးဌာနများ၊ ဦးစီးဌာနများ အနေဖြင့် မိမိ လက်အောက်ခံရုံးများအတွက် နှစ်စဉ်ဘဏ္ဍာရန်ပုံ ငွေစာရင်းတွင် အလံတော်ဝယ်ယူဖြည့်တင်းရန် လျာ ထားရန်ပုံငွေများ ထည့်သွင်းရေးဆွဲပေးရန်နှင့် သို့မ ဟုတ်ပါကလည်း ရေရှည်ခံမည့် ပိတ်သား အစကို အသုံး ပြုလျက် ရေရှည်ခံဆေးသား အသုံးပြုချုပ်လုပ်ထား သော နိုင်ငံတော်အလံများကို လက်အောက်ခံရုံးဌာန များသို့ခွဲဝေချထား ပေးသင့်ပါ ကြောင်း စေတနာကောင်း ဖြင့် အကြံပြုတင်ပြ အပ်ပါသည်ခင်ဗျား။

Democracytoday

No comments:

Post a Comment