Wednesday 5 November 2014

လီဗာပူးကို တစ်ဂိုးနဲ့ကပ်နိုင်ပြီး အုပ်စုတက်သွားတဲ့ ရီးရဲလ်မက်ဒရစ်(ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

Photo: လီဗာပူးကို တစ်ဂိုးနဲ့ကပ်နိုင်ပြီး အုပ်စုတက်သွားတဲ့ ရီးရဲလ်မက်ဒရစ်(ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)
Wednesday, November 5, 2014

စပိန်မြေပေါ်မှာ သွားရောက်ကစားခဲ့ရတဲ့ပွဲမှာလည်း လီဗာပူးအသင်းက ရီးရဲလ်မက်ဒရစ်ကို တစ်ဂိုးတည်းနဲ့ ကပ်ရှုံးခဲ့ရပါတယ်။ ဒီနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်ကတော့ အုပ်စုအဆင့်ကနေ လွတ်မြောက်သွားခဲ့ပြီဖြစ်ပြီ လီဗာပူးကတော့ အုပ်စုတက်ဖို့ ရုန်းကန်ရတော့မှာပါ။

လီဗာပူးဟာ ဒီပွဲအတွက် ဂျရတ်၊ ဘာလော့တယ်လီ၊ စတာလင် စတဲ့အမာခံကစားသမားတွေကို ပွဲထွက်စာင်းမှာ ချန်လှပ်ခဲ့ပါတယ်။ အဲဒီအစား မာကိုဗစ်၊ ဘိုရီနီ၊ ဂျိးအယ်လန်တို့ကို ပွဲထွက်စေခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ ဘန်ဇီမား၊ ရော်နယ်ဒို၊ အစ္စကို၊ ဂျိမ်းစ်တို့နဲ့ လူစုံနီးပါး ပွဲထွက်လာပြီး ဂါရက်ဘေးလ်ကိုတော့ အရန်စာရင်းထဲမှာပဲ ထည့်ထားခဲ့တယ်။

လေးမိနစ်မှာပဲ ဂျိမ်းစ်ရိုဒရီဂွက်ဇ် အခွင့်အရေးရပြီး ကန်သွင်းခဲ့ပေမယ့် လီဗာပူးဂိုသမား မစ်ဂနိုလက် ကာကွယ်နိုင်ခဲ့တယ်။ ၁၁ မိနစ်မှာ ဘင်ဇီးမားရဲ့ထိုးဖောက်ချက်ကို စကာတယ် ကာကွယ်ရာကနေ ရော်နယ်ဒိုဆီရောက်သွားပြီး ကန်ချေက်ကောင်းခဲ့ပေမယ့်မစ်ဂနိုလက် ဒုတိယအကြိမ်မြောက် ကာကွယ်နိုင်ခဲ့တယ်။ ၂၇ မိနစ်မှာတော့ အိမ်ရှင် ရီးရဲလ်မက်ဒရစ်ကို လီဗာပူးဦးဆောင်ဂိုးပေးလိုက်ရပါတယ်။ နောက်ခံနေတက်လာတဲ့ မာဆယ်လိုက ဂိုးဧရိယာထဲ ဖြတ်တင်ပေးတာကို ဘန်ဇီးမားက အနီးကပ် အဆုံးသတ်ခဲ့ပြီး ဂိုးရယူပေးခဲ့တာပါ။ ပထမပိုင်းတစ်ပိုင်းလုံးနီးပါးမှာ လီဗာပူးက ဂိုးရဖို့အခွင့်အရေး တစ်ကြိမ်မှ နီးစပ်ခဲ့ခြင်းမရှိပါဘူး။

၅၈ မိနစ်မှာ မိုရီနိုရဲ့ဖြတ်တင်ပေးမှုတဆင့် လယ်လာနာ အခွင့်အရေးရခဲ့ပေမယ့် ဂိုးအဖြစ်တော့ မပြောင်းလဲ နိုင်ခဲ့ပါဘူး။ ဒီပွဲမှာ လီဗာပူးဟာ တိုက်စစ်ထက် ခံစစ်ပိုင်းက ပိုကောင်းနေခဲ့ပြီး ဂိုးသမား မစ်ဂနိုလက်လည်း လက်စွမ်းပြနေခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဂိုးသမား ကာဆီးလက်အတွက် ဒီပွဲက ၁၄၄ ပွဲမြောက် ချန်ပီယံလိဂ်ပွဲဖြစ်ခဲ့ပါတယ်။

ဘန်ဇီးမားကတော့ ဒီပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့လို့ ချန်ပီယံလိဂ်သမိုင်းမှာ ငါးပွဲဆက်တိုက်ဂိုးသွင်းတဲ့ လေးယောက်မြောက် ကစားသမားဖြစ်ခဲ့ပါတယ်။ အရင်တော့ မက်ဆီ၊ ခရစ္စတီယာနိုရော်နယ်ဒို၊ အွန်နရီတို့က ချန်ပီယံလိဂ်မှာ ငါးပွဲဆက်တိုက် ဂိုးသွင်းယူထားကြပါတယ်။

ဒုတိယပိုင်းမှလည်း ရီးရဲလ်မက်ဒရစ်က် ဒုတိယဦးဆောင်ဂိုး ရဖို့ ထိုးဖောက်ခဲ့ပေမယ့် လီဗာပူးခံစစ်က အမှားအယွင်း မရှိပဲ ကာကွယ် သွားနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ လီဗာပူး ခံစစ်ကစားပုံက ချီးကျူးချင်စရာဖြစ်ခဲ့ရတယ်။

Soccer Myanmar
စပိန်မြေပေါ်မှာ သွားရောက်ကစားခဲ့ရတဲ့ပွဲမှာလည်း လီဗာပူးအသင်းက ရီးရဲလ်မက်ဒရစ်ကို တစ်ဂိုးတည်းနဲ့ ကပ်ရှုံးခဲ့ရပါတယ်။ ဒီနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်ကတော့ အုပ်စုအဆင့်ကနေ လွတ်မြောက်သွားခဲ့ပြီဖြစ်ပြီ လီဗာပူးကတော့ အုပ်စုတက်ဖို့ ရုန်းကန်ရတော့မှာပါ။

လီဗာပူးဟာ ဒီပွဲအတွက် ဂျရတ်၊ ဘာလော့တယ်လီ၊ စတာလင် စတဲ့အမာခံကစားသမားတွေကို ပွဲထွက် စာင်းမှာ ချန်လှပ်ခဲ့ပါတယ်။ အဲဒီအစား မာကိုဗစ်၊ ဘိုရီနီ၊ ဂျိးအယ်လန်တို့ကို ပွဲထွက်စေခဲ့ပါတယ်။ ရီးရဲလ် မက်ဒရစ်ကတော့ ဘန်ဇီမား၊ ရော်နယ်ဒို၊ အစ္စကို၊ ဂျိမ်းစ်တို့နဲ့ လူစုံနီးပါး ပွဲထွက်လာပြီး ဂါရက်ဘေးလ် ကိုတော့ အရန်စာရင်းထဲမှာပဲ ထည့်ထားခဲ့တယ်။

လေးမိနစ်မှာပဲ ဂျိမ်းစ်ရိုဒရီဂွက်ဇ် အခွင့်အရေးရပြီး ကန်သွင်းခဲ့ပေမယ့် လီဗာပူးဂိုသမား မစ်ဂနိုလက် ကာကွယ်နိုင်ခဲ့တယ်။ ၁၁ မိနစ်မှာ ဘင်ဇီးမားရဲ့ထိုးဖောက်ချက်ကို စကာတယ် ကာကွယ်ရာကနေ ရော်နယ်ဒိုဆီ ရောက်သွားပြီး ကန်ချေက်ကောင်းခဲ့ပေမယ့်မစ်ဂနိုလက် ဒုတိယအကြိမ်မြောက် ကာကွယ် နိုင်ခဲ့ တယ်။ ၂၇ မိနစ်မှာတော့ အိမ်ရှင် ရီးရဲလ်မက်ဒရစ်ကို လီဗာပူးဦးဆောင်ဂိုးပေးလိုက်ရပါတယ်။ နောက်ခံနေတက်လာတဲ့ မာဆယ်လိုက ဂိုးဧရိယာထဲ ဖြတ်တင်ပေးတာကို ဘန်ဇီးမားက အနီးကပ် အဆုံးသတ် ခဲ့ပြီး ဂိုးရယူပေးခဲ့တာပါ။ ပထမပိုင်းတစ်ပိုင်းလုံးနီးပါးမှာ လီဗာပူးက ဂိုးရဖို့အခွင့်အရေး တစ်ကြိမ် မှ နီးစပ်ခဲ့ခြင်းမရှိပါဘူး။

၅၈ မိနစ်မှာ မိုရီနိုရဲ့ဖြတ်တင်ပေးမှုတဆင့် လယ်လာနာ အခွင့်အရေးရခဲ့ပေမယ့် ဂိုးအဖြစ်တော့ မပြောင်း လဲ နိုင်ခဲ့ပါဘူး။ ဒီပွဲမှာ လီဗာပူးဟာ တိုက်စစ်ထက် ခံစစ်ပိုင်းက ပိုကောင်းနေခဲ့ပြီး ဂိုးသမား မစ်ဂနို လက်လည်း လက်စွမ်းပြနေခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဂိုးသမား ကာဆီးလက်အတွက် ဒီပွဲက ၁၄၄ ပွဲမြော က် ချန်ပီယံလိဂ်ပွဲဖြစ်ခဲ့ပါတယ်။

ဘန်ဇီးမားကတော့ ဒီပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့လို့ ချန်ပီယံလိဂ်သမိုင်းမှာ ငါးပွဲဆက်တိုက်ဂိုးသွင်းတဲ့ လေးယောက် မြောက် ကစားသမားဖြစ်ခဲ့ပါတယ်။ အရင်တော့ မက်ဆီ၊ ခရစ္စတီယာနိုရော်နယ်ဒို၊ အွန်နရီ တို့က ချန်ပီယံလိဂ်မှာ ငါးပွဲဆက်တိုက် ဂိုးသွင်းယူထားကြပါတယ်။

ဒုတိယပိုင်းမှလည်း ရီးရဲလ်မက်ဒရစ်က် ဒုတိယဦးဆောင်ဂိုး ရဖို့ ထိုးဖောက်ခဲ့ပေမယ့် လီဗာပူးခံစစ်က အမှားအယွင်း မရှိပဲ ကာကွယ် သွားနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ လီဗာပူး ခံစစ်ကစားပုံက ချီးကျူးချင် စရာဖြစ်ခဲ့ရတယ်။

Soccer Myanmar

No comments:

Post a Comment