Wednesday 5 November 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဘီလာရုစ်သမ္မတတို့တွေ့ဆုံ၍ နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

ဘီလာရုစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ဘီလာရုစ်နိုင်ငံ သမ္မတတို့ နိုဝင်ဘာ ၄ ရက်က ဘီလာရုစ်နိုင်ငံ သမ္မတနန်းတော် တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စများ ဆွေးနွေး ခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်းဖော်ပြချက်အရ သိရသည်။

ထိုသို့ တွေ့ဆုံစဉ် ဘီလာရုစ်သမ္မတက နှစ်ဦးနှစ်ဖက်အကျိုးကို ဖော်ဆောင်နိုင်မည့် ပူးပေါင်းဆောင်ရွက်မှု များကို လုပ်ဆောင်နိုင်ကြောင်း၊ အထူးသဖြင့် စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု များစွာဆောင် ရွက်နိုင်ပြီး စစ်ဘက်နည်းပညာ ကျွမ်းကျင်သူအရာရှိများ မွေးထုတ်ပေးနိုင်ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး သာမက ဘက်ပေါင်းစုံမှ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်နိုင်အောင် ကြိုးစားဆောင်ရွက်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း လက်ရှိနိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ပြုပြင် ပြောင်းလဲမှုများသည် ဘီလာရုစ်သမ္မတနိုင်ငံကဲ့သို့သော မိတ်ဆွေများ၏ ပူးပေါင်းဆောင်ရွက်မှုများနှင့် အောင်မြင်အောင် တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ နှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာ၊ စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များစွာ ရှိသကဲ့သို့ စိန်ခေါ်မှုများလည်း ရှိနေကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၄ ရက်တွင် ဘီလာရုစ်နိုင်ငံ တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်နှင့်လည်း တွေ့ဆုံခဲ့ပြီး နိုဝင်ဘာ ၃ ရက်က ဘီလာရုစ်နိုင်ငံ ၀န်ကြီးချုပ်နှင့် တွေ့ဆုံခဲ့သည်။

Eleven Medai Group

No comments:

Post a Comment