Wednesday 5 November 2014

ဖရီးဂိတ် စစ်ရေယာဉ် F-21 ထိုင်းနှင့် စင်ကာပူရှိ ရေတပ်စခန်း သုံးခုသို့ သွားမည်

Photo: ဖရီးဂိတ် စစ်ရေယာဉ် F-21 ထိုင်းနှင့် စင်ကာပူရှိ ရေတပ်စခန်း သုံးခုသို့ သွားမည်
Wednesday, November 5, 2014

 ရေဒါဖြင့် ဖမ်းယူ၍မရ သည့် နည်းပညာဖြင့် တည်ဆောက် ထားသည့် တပ်မတော် (ရေ)မှ ဖရီးဂိတ်စစ်ရေယာဉ် F-21 သည် ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံများရှိ ရေတပ်စခန်း သုံးခုသို့ ချစ်ကြည် ရေးခရီးအဖြစ် လှည့်လည်သွား ရောက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ယခုနှစ် သြဂုတ်လတွင် ပြုလုပ်ခဲ့သော (၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အ စည်းအဝေး၌ ထိုင်းရေတပ်ဦး စီးချုပ်၊ စင်ကာပူ ရေတပ်ဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် (ရေ)တို့၏ သဘောတူညီချက်အရ ယခုကဲ့သို့ ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ကြောင်း တပ်မတော် (ရေ)၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါခရီးစဉ်သည် နိုဝင် ဘာ ၁၀ ရက်မှ ၃၀ ရက်အထိ ရက်ပေါင်း ၂၀ ခန့်ကြာမြင့်မည်ဖြစ်ပြီး ခရီးအကွာအဝေး မိုင် ၄၀၀၀ ကျော်ခန့်ရှိကာ ထိုင်းနိုင်ငံဖူးခက်ရေတပ် စခန်း၊ Chuk Samed ရေတပ် စခန်း၊ စင်ကာပူနိုင်ငံ ချန်ဂီရေတပ် စခန်းများသို့ လှည့်လည်သွားလာ မည် ဖြစ်သည်။

ဖော်ပြပါ ဖရီးဂိတ်စစ်ရေ ယာဉ်တွင် မြန်မာ့တပ်မတော် (ရေ) မှ အဆင့်မြင့်အရာရှိကြီးတစ်ဦး ဦးဆောင်မည်ဖြစ်ပြီး အရာရှိ စစ်သည်များ လိုက်ပါမည်ဖြစ် ကြောင်း တပ်မတော်အရာရှိကြီး တစ်ဦးက ပြောသည်။

‘‘အရင်တုန်းက ဒီလိုမျိုး စစ် သင်္ဘောတွေ နိုင်ငံလှည့်တာ သိပ် မရှိဘူး။ အခု အစိုးရအပြောင်းအ လဲမှာ နိုင်ငံကလည်း ပွင့်လင်းလာ တော့ ဒါမျိုးတွေ တော်တော်များ များတွေ့လာရတယ်။ တခြားနိုင်ငံတွေကလည်း လာကြတယ်လေ။ အဓိကတော့ ဒီလိုသွားတယ်ဆို တာ ချစ်ကြည်ရေးသဘောအနေ နဲ့ နှစ်နိုင်ငံရေတပ်ချင်းအတွေ့အ ကြုံဖလှယ်တဲ့ သဘောပါပဲ’’ဟု တပ်မတော် (ရေ)တွင် တာဝန် ထမ်းဆောင်ခဲ့သည့် အငြိမ်းစား အရာရှိကြီးတစ်ဦးက ပြောသည်။

အစိုးရသစ်လက်ထက်တွင် ဂျပန်၊ တရုတ်၊ ထိုင်းနိုင်ငံတို့မှ ရေတပ်သင်္ဘောများ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှုများရှိခဲ့ပြီး မြန်မာ့တပ်မတော် (ရေ)အနေဖြင့်လည်း အိမ်နီးချင်းနိုင်ငံအချို့သို့ သွားရောက်လေ့လာမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ဖရီးဂိတ်စစ်ရေ ယာဉ်များသည် ကိုယ်ပျောက်ဒီ ဇိုင်းနည်းပညာဖြင့် တီထွင်ထားပြီး ရေဒါစက်ကွင်းများမှ ဖမ်းယူမရ စေရန် ပြုလုပ်ထားသော စစ်သင်္ဘောများဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဋ္ဌာနမှ အရာရှိတစ်ဦးက ပြောသည်။

အဆိုပါ စစ်ရေယာဉ်ဖရီး ဂိတ် F-21 သည် ၂၀၁၃ မတ်လ ကလည်း မလေးရှားနိုင်ငံသို့သွားရောက်ခဲ့ဖူးသည်။

7Day DAILY 

စစ်ရေယာဉ် F-21 (ဓာတ်ပုံ − တပ်မတော်(ရေ) ဖေ့ဘွတ်ခ်)

စစ်ရေယာဉ် F-21 (ဓာတ်ပုံ − တပ်မတော်(ရေ) ဖေ့ဘွတ်ခ်)

 ရေဒါဖြင့် ဖမ်းယူ၍မရ သည့် နည်းပညာဖြင့် တည်ဆောက် ထားသည့် တပ်မတော် (ရေ)မှ ဖရီးဂိတ်စစ်ရေ ယာဉ် F-21 သည် ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံများရှိ ရေတပ်စခန်း သုံးခုသို့ ချစ်ကြည် ရေးခရီးအဖြစ် လှည့်လည်သွား ရောက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ယခုနှစ် သြဂုတ်လတွင် ပြုလုပ်ခဲ့သော (၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး၌ ထိုင်းရေတပ်ဦးစီးချုပ်၊ စင်ကာပူရေတပ်ဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် (ရေ)တို့၏ သဘောတူညီချက် အရ ယခုကဲ့သို့ ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ကြောင်း တပ်မတော် (ရေ)၏ သတင်းထုတ်ပြန်ချက် တွင် ဖော်ပြသည်။

အဆိုပါခရီးစဉ်သည် နိုဝင် ဘာ ၁၀ ရက်မှ ၃၀ ရက်အထိ ရက်ပေါင်း ၂၀ ခန့်ကြာမြင့်မည်ဖြစ်ပြီး ခရီးအကွာ အဝေး မိုင် ၄၀၀၀ ကျော်ခန့်ရှိကာ ထိုင်းနိုင်ငံဖူးခက်ရေတပ် စခန်း၊ Chuk Samed ရေတပ် စခန်း၊ စင်ကာပူနိုင်ငံ ချန်ဂီရေတပ် စခန်းများသို့ လှည့်လည်သွားလာ မည် ဖြစ်သည်။

ဖော်ပြပါ ဖရီးဂိတ်စစ်ရေ ယာဉ်တွင် မြန်မာ့တပ်မတော် (ရေ) မှ အဆင့်မြင့်အရာရှိကြီးတစ်ဦး ဦးဆောင် မည်ဖြစ်ပြီး အရာရှိ စစ်သည်များ လိုက်ပါမည်ဖြစ် ကြောင်း တပ်မတော်အရာရှိကြီး တစ်ဦးက ပြောသည်။

‘‘အရင်တုန်းက ဒီလိုမျိုး စစ် သင်္ဘောတွေ နိုင်ငံလှည့်တာ သိပ် မရှိဘူး။ အခု အစိုးရအပြောင်းအ လဲမှာ နိုင်ငံ ကလည်း ပွင့်လင်းလာ တော့ ဒါမျိုးတွေ တော်တော်များ များတွေ့လာရတယ်။ တခြားနိုင်ငံတွေကလည်း လာကြတယ်လေ။ အဓိကတော့ ဒီလိုသွားတယ်ဆို တာ ချစ်ကြည်ရေးသဘောအနေ နဲ့ နှစ်နိုင်ငံရေတပ်ချင်း အတွေ့အ ကြုံဖလှယ်တဲ့ သဘောပါပဲ’’ဟု တပ်မတော် (ရေ)တွင် တာဝန် ထမ်းဆောင်ခဲ့သည့် အငြိမ်းစား အရာရှိကြီးတစ်ဦးက ပြောသည်။

အစိုးရသစ်လက်ထက်တွင် ဂျပန်၊ တရုတ်၊ ထိုင်းနိုင်ငံတို့မှ ရေတပ်သင်္ဘောများ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မှု များရှိခဲ့ပြီး မြန်မာ့တပ်မတော် (ရေ)အနေဖြင့်လည်း အိမ်နီးချင်းနိုင်ငံအချို့သို့ သွားရောက် လေ့လာ မှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ဖရီးဂိတ်စစ်ရေ ယာဉ်များသည် ကိုယ်ပျောက်ဒီ ဇိုင်းနည်းပညာဖြင့် တီထွင်ထားပြီး ရေဒါစက်ကွင်း များမှ ဖမ်းယူမရ စေရန် ပြုလုပ်ထားသော စစ်သင်္ဘောများဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဋ္ဌာနမှ အရာရှိတစ်ဦးက ပြောသည်။

အဆိုပါ စစ်ရေယာဉ်ဖရီး ဂိတ် F-21 သည် ၂၀၁၃ မတ်လ ကလည်း မလေးရှားနိုင်ငံသို့သွားရောက် ခဲ့ဖူးသည်။

7Day DAILY

No comments:

Post a Comment