Wednesday 5 November 2014

ယနေ့ည ရွှေတိဂုံရင်ပြင်တွင် ညအိပ်မည့်သူများ ဧည့်စာရင်းအတွက် မှတ်ပုံတင်ယူလာရမည်

Photo: ယနေ့ည ရွှေတိဂုံရင်ပြင်တွင် ညအိပ်မည့်သူများ ဧည့်စာရင်းအတွက် မှတ်ပုံတင်ယူလာရမည်
Wednesday, November 5, 2014

ရန်ကုန် - မသိုးသင်္ကန်းရက်လုပ် ပူဇော်မည့် တန်ဆောင်မုန်းလ ဆန်း ၁၄ ရက် (ယနေ့) ညတွင် ည အိပ်ကုသိုလ်ယူသူများ အနေဖြင့် မှတ်ပုံတင်များ ယူဆောင် လာရ မည်ဖြစ်ပြီး ဧည့်စာရင်းတိုင်ကြား နိုင်ရန် နေရာငါးနေရာသတ်မှတ် ပေးသွားမည်ဖြစ်ကြောင်း ရွှေတိဂုံ စေတီဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

‘‘ဘုရားမှာ ညအိပ်မယ့်လူ တွေက မှတ်ပုံတင်နဲ့ ဧည့်စာရင်း တိုင်ရမယ်။ မနက်ကတည်းက မိုက်တွေနဲ့ လိုက်ပြီးနှိုးဆော်မယ်။ ဧည့်စာရင်းမတိုင်ဘူး၊ မှတ်ပုံတင် မပါဘူးဆိုရင်တော့ အိပ်လို့မရပါ ဘူး’’ဟု ၎င်းက ပြောသည်။

မသိုးသင်္ကန်းရက်လုပ်ပူဇော် မည့် တန်ဆောင်မုန်းလဆန်း ၁၄ ရက်ည၌ ရင်ပြင်တော်ပေါ်တွင် ည အိပ်ခွင့်ပြုခဲ့ခြင်းကို ပြီးခဲ့သည့်နှစ် မှ စတင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ထိုနှစ် က ရင်ပြင်တော်ပေါ်တွင် ညအိပ် သူ ဘုရားဖူး လေးသောင်းဝန်းကျင်ရှိကြောင်း အထက်ပါတာဝန်ရှိသူ က ပြောသည်။

 ‘‘ရင်ပြင်တော်ပေါ်ကို ည ၁၀ နာရီနောက်ဆုံးတက်ခွင့်ပေး မယ်။ နောက်ပိုင်း ကတော့ တက် ခွင့်မပေးဘူး။ ဆင်းမယ့်လူတွေ တော့ ဆင်းလို့ရတယ်’’ဟု ၎င်းက ပြောသည်။

ယင်းညတွင် လုံခြုံရေးအနေ ဖြင့် ရွှေတိဂုံစေတီ လုံခြုံရေးများ နှင့် သက်ဆိုင်ရာ ဘက်မှ ရဲတပ် ရင်းတစ်ရင်းက ဆောင်ရွက်ပေး သွားမည်ဟု ၎င်းက ဆိုသည်။

  မသိုးသင်္ကန်းရက်လုပ်ပူ ဇော်ပွဲကို ယခုနှစ်တွင် အကြိမ် (၃၀)မြောက်ပြုလုပ် ခြင်းဖြစ်ပြီး အဖွဲ့ကိုးဖွဲ့ပါဝင် ရက်လုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day DAILY 

ပြီးခဲ့သည့် နှစ်က မသိုးသင်္ကန်းရက်နေကြသူများ (ဓာတ်ပုံ − နစ်ကီ)

ပြီးခဲ့သည့် နှစ်က မသိုးသင်္ကန်းရက်နေကြသူများ (ဓာတ်ပုံ − နစ်ကီ)

ရန်ကုန် - မသိုးသင်္ကန်းရက်လုပ်ပူဇော်မည့် တန်ဆောင်မုန်းလဆန်း ၁၄ ရက် (ယနေ့) ညတွင် ညအိပ် ကုသိုလ်ယူသူများအနေဖြင့် မှတ်ပုံတင်များယူဆောင်လာရမည်ဖြစ်ပြီး ဧည့်စာရင်းတိုင်ကြားနိုင်ရန် နေရာ ငါးနေရာသတ်မှတ် ပေးသွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

‘‘ဘုရားမှာ ညအိပ်မယ့်လူတွေက မှတ်ပုံတင်နဲ့ ဧည့်စာရင်း တိုင်ရမယ်။ မနက်ကတည်းက မိုက်တွေနဲ့ လိုက်ပြီးနှိုးဆော်မယ်။ ဧည့်စာရင်းမတိုင်ဘူး၊ မှတ်ပုံတင် မပါဘူးဆိုရင်တော့ အိပ်လို့မရပါ ဘူး’’ဟု ၎င်းက ပြောသည်။

မသိုးသင်္ကန်းရက်လုပ်ပူဇော်မည့် တန်ဆောင်မုန်းလဆန်း ၁၄ ရက်ည၌ ရင်ပြင်တော်ပေါ်တွင် ညအိပ်ခွင့်ပြု ခဲ့ခြင်းကို ပြီးခဲ့သည့်နှစ်မှ စတင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ထိုနှစ်ကရင်ပြင်တော်ပေါ်တွင် ညအိပ်သူဘုရားဖူး လေးသောင်းဝန်းကျင်ရှိကြောင်း အထက်ပါတာဝန်ရှိသူ က ပြောသည်။

 ‘‘ရင်ပြင်တော်ပေါ်ကို ည ၁၀ နာရီနောက်ဆုံးတက်ခွင့်ပေး မယ်။ နောက်ပိုင်း ကတော့ တက် ခွင့်မပေးဘူး။ ဆင်းမယ့်လူတွေ တော့ ဆင်းလို့ရတယ်’’ဟု ၎င်းက ပြောသည်။

ယင်းညတွင် လုံခြုံရေးအနေဖြင့် ရွှေတိဂုံစေတီ လုံခြုံရေးများနှင့် သက်ဆိုင်ရာဘက်မှ ရဲတပ်ရင်းတစ်ရင်းက ဆောင်ရွက်ပေး သွားမည်ဟု ၎င်းက ဆိုသည်။

မသိုးသင်္ကန်းရက်လုပ်ပူ ဇော်ပွဲကို ယခုနှစ်တွင် အကြိမ် (၃၀)မြောက်ပြုလုပ် ခြင်းဖြစ်ပြီး အဖွဲ့ကိုးဖွဲ့ပါဝင် ရက်လုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment