Wednesday 5 November 2014

ကမ္ဘောဇနှင့် SMBC ဘဏ် ပူးပေါင်း၍၀န်ထမ်းလေ့ကျင့်ရေးနှင့် ဘဏ်လုပ်ငန်း ဆိုင်ရာနည်းပညာများ ဆောင်ရွက်မည်

ကမ္ဘောဇဘဏ်နှင့် ပြည်တွင်း၌ ဘဏ်ခွဲဖွင့်ရထားသော ဂျပန်နိုင်ငံ SMBC ဘဏ်တို့ ၀န်ထမ်း လေ့ကျင့်ရေးနှင့် ဘဏ် လုပ်ငန်းဆိုင်ရာ နည်းပညာများ မကြာမီ ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်ကပြောကြားသည်။

ကမ္ဘောဇဘဏ်နှင့် ဂျပန် နိုင်ငံမှ Sumitomo Mitsui Bank-ing Corp တို့နှင့် ယခင်ကတည်း ကမှ နား လည်မှု စာချွန်လွှာလက်မှတ်ရေးထိုးထားပြီး ယခုအခါ SMBC ဘဏ်မှာ ပြည်တွင်း၌ ဘဏ်လုပ်ငန်း ခွင့်ရရှိထားသဖြင့် ဆက်လက် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘MOU ထိုးတဲ့ ဘဏ်နဲ့ပဲ ဆက်လက်ပူးပေါင်းလုပ်ဆောင်သွား မယ်။ နိုင်ငံခြား ဘဏ် တွေက အခု စလုံးရေ စပဲ ရှိသေးတော့ ဘာလုပ်ငန်းတွေ ဆက်လက် ပူးပေါင်း မယ် ဆိုတာ ပြောလို့မရသေးဘူး’’ဟု ဦးသန်းလွင် က ပြောသည်။

 ကမ္ဘောဇဘဏ် အနေဖြင့် လိုင်စင်ရနိုင်ငံခြားဘဏ်များနှင့် Corresponding ဘဏ်အဖြစ် ပူး ပေါင်းဆောင်ရွက်ရန် စီစဉ်နေ သည့် SMBC ပူးပေါင်းရာတွင် ရန်ကုန်မြို့၌ ဘဏ်ဝန်ထမ်းများ သင်တန်း ပေးခြင်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ နည်းပညာများ ပူးပေါင်းဆောင်ရွက်ရန် ကူညီသွားမည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင်လာရောက် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များ အတွက် ငွေကြေးလုပ်ငန်းလွယ် ကူစေရန်  အစိုးရက  ၂၀၁၄ အောက်တိုဘာ ၁ ရက်တွင် နိုင်ငံ ခြားဘဏ် ကိုးခုကို ခွင့်ပြုခဲ့သည်။ ယင်းဘဏ်များအား လက်ကား ဘဏ်စနစ်ကိုသာ ခွင့်ပြုပြီး လက် လီဘဏ်လုပ်ငန်းစနစ်ကို ပြည် တွင်းဘဏ်နှင့် ပူးပေါင်းဆောင် ရွက် ရန် လိုအပ်သည်။ ပြည်တွင်းလုပ်ငန်းရှင်များသို့ နိုင်ငံခြားဘဏ်များ က ငွေချေးလိုလျှင်လည်း ပြည် တွင်းဘဏ်များမှတစ်ဆင့် ဆောင် ရွက်ရမည် ဖြစ်သည်။

နိုင်ငံခြားဘဏ်များဖွင့်လှစ်ရာတွင် ပြည်တွင်းဘဏ်ဝန်ထမ်း များအား လေ့ကျင့် သင်ကြားပေးရန် အချက် ပါဝင်သည်။ပြည်တွင်း၌ ဘဏ်ခွဲဖွင့်ခွင့်ရသော နိုင်ငံခြား ဘဏ် ကိုးခုတွင် ဂျပန်ဘဏ် သုံး ခု၊ တရုတ်ဘဏ် နှစ်ခု၊ မလေးရှား ထိုင်း၊ စင်ကာပူ၊  သြစတြေးလျနှင့်နယူးဇီလန်ဘဏ်တို့က တစ်ခုစီဖြစ်သည်။

7Day DAILY

No comments:

Post a Comment