Wednesday 5 November 2014

အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်မည့် ဆွာရက်ဇ်၊ မော်စကိုအသင်းကို အနိုင်ကစားရမည်ဟု အဂူရိုပြော

Photo: အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်မည့် ဆွာရက်ဇ်၊ မော်စကိုအသင်းကို အနိုင်ကစားရမည်ဟု အဂူရိုပြော
Wednesday, November 5, 2014

လန်ဒန်− ယနေ့ ညဥ့်နက်ပိုင်း (ကြာသပတေးနေ့ အစောပိုင်း) တွင် ကစားမည့် အေဂျက်ဇ်-ဘာစီလိုနာပွဲ၌ ဆွာရက်ဇ်မှာ အ သင်းဟောင်းကို ပြန်လည်ရင်ဆိုင် ရမည်ဖြစ်သလို မန်စီးတီးမှာလည်း မဖြစ်မနေ အနိုင်ကစားရတော့မည်ဖြစ် ကြောင်း တိုက်စစ်မှူး အဂူရိုက ပြောသည်။

အေဂျက်ဇ်နှင့်ပွဲတွင် ဘာစီလို နာမှ ဆွာရက်ဇ်မှာ အသင်းနှင့် ပထမဆုံးချန်ပီယံ လိဂ် ကို အသင်း ဟောင်းနှင့် ပြန်တွေ့သည့်ပွဲတွင် ကစားရမည်ဖြစ်ပြီး ဘာကာမှာ  ရီးရဲလ်နှင့် ဆယ်လ်တာဗီဂိုကို ရှုံးထား၍ လာလီဂါအဆင့် (၄) နေရာ သို့ ကျဆင်းသွားသည်။

သို့သော် ကွင်းလယ်လူ ဘက် စကွတ်က ပြည်တွင်းပွဲနှစ်ပွဲဆက် အခြေအနေ ဆိုးခဲ့ခြင်းကို ချန်ပီယံ လိဂ်တွင် အဆုံးသတ်မည်ဟု ပြော ထားသည်။

ဘာစီလိုနာသည် ထိုပွဲတွင် အင်နီယေစတာ၊ မက်သရူး၊ ဆာဂျီရော်ဘတ်တို၊ နောက်ခံလူ ဗာမယ်လန်တို့ မပါဝင်နိုင်သလို  မက်ဆီမှာလည်း ပြီးခဲ့သည့် ချန်ပီယံလိဂ်နှစ်ပွဲဆက်တိုက် ဂိုးမရခဲ့ပေ။ အေဂျက်ဇ်သည် အိမ်ကွင်း ဖြစ်သော်လည်း တိုက်စစ်မှူး ဗစ်တာဖစ်ရှာမှာ ဒဏ်ရာကြောင့်မပါဝင်နိုင်ပေ။ မန်စီးတီးသည် ပထမအကြိမ် သရေကျခဲ့သော ရုရှားစီအက်စ်အေကေ မော်စကို ကို အိမ်ကွင်းတွင် အနိုင်ရမှာသာ ဒုတိယ နေရာသို့ ရောက်နိုင်ပြီး အုပ်စုတက်ခွင့် မျှော်မှန်းနိုင်မည်  ဖြစ်ရာ အကြိတ်အနယ် ကစားရ မည်ဖြစ်သည်။ တိုက်စစ်မှူး အဂူရိုက မော်စကိုအသင်းနှင့်ပွဲမှာ အရေးအကြီးဆုံးဖြစ်ပြီး မဖြစ်မနေအနိုင်ရရန် လိုအပ်ကြောင်း ဆိုထားသည်။ မန်စီးတီးတွင် ဒေးဗစ် ဆေးလ်ဗားနှင့် ကိုလာ ရော့ဗ် တို့ မပါဝင်နိုင်သော်လည်း လမ်းပတ်ပြန်လည်ပါဝင်လာဖွယ်ရှိသည်။

Ref: Goal
လန်ဒန်− ယနေ့ ညဥ့်နက်ပိုင်း (ကြာသပတေးနေ့ အစောပိုင်း) တွင် ကစားမည့် အေဂျက်ဇ်-ဘာစီလိုနာပွဲ၌ ဆွာရက်ဇ်မှာ အ သင်းဟောင်းကို ပြန်လည်ရင်ဆိုင် ရမည်ဖြစ်သလို မန်စီးတီးမှာလည်း မဖြစ်မနေ အနိုင်ကစားရတော့မည်ဖြစ် ကြောင်း တိုက်စစ်မှူး အဂူရိုက ပြောသည်။

အေဂျက်ဇ်နှင့်ပွဲတွင် ဘာစီလိုနာမှ ဆွာရက်ဇ်မှာ အသင်းနှင့် ပထမဆုံးချန်ပီယံ လိဂ် ကို အသင်း ဟောင်း နှင့် ပြန်တွေ့သည့်ပွဲတွင် ကစားရမည်ဖြစ်ပြီး ဘာကာမှာ  ရီးရဲလ်နှင့် ဆယ်လ်တာဗီဂိုကို ရှုံးထား၍ လာလီဂါ အဆင့် (၄) နေရာ သို့ ကျဆင်းသွားသည်။

သို့သော် ကွင်းလယ်လူ ဘက်စကွတ်က ပြည်တွင်းပွဲနှစ်ပွဲဆက် အခြေအနေဆိုးခဲ့ခြင်းကို ချန်ပီယံလိဂ်တွင် အဆုံးသတ်မည်ဟု ပြော ထားသည်။

ဘာစီလိုနာသည် ထိုပွဲတွင် အင်နီယေစတာ၊ မက်သရူး၊ ဆာဂျီရော်ဘတ်တို၊ နောက်ခံလူ ဗာမယ်လန်တို့ မပါဝင်နိုင်သလို  မက်ဆီမှာလည်း ပြီးခဲ့သည့် ချန်ပီယံလိဂ်နှစ်ပွဲဆက်တိုက် ဂိုးမရခဲ့ပေ။ အေဂျက်ဇ်သည် အိမ်ကွင်း ဖြစ်သော်လည်း တိုက်စစ်မှူး ဗစ်တာဖစ်ရှာမှာ ဒဏ်ရာကြောင့်မပါဝင်နိုင်ပေ။ မန်စီးတီးသည် ပထမအကြိမ် သရေကျခဲ့သော ရုရှားစီအက်စ်အေကေ မော်စကို ကို အိမ်ကွင်းတွင် အနိုင်ရမှာသာ ဒုတိယ နေရာသို့ ရောက်နိုင်ပြီး အုပ်စုတက်ခွင့် မျှော်မှန်းနိုင်မည်  ဖြစ်ရာ အကြိတ်အနယ် ကစားရ မည်ဖြစ်သည်။ တိုက်စစ်မှူး အဂူရိုက မော်စကိုအသင်းနှင့်ပွဲမှာ အရေးအကြီးဆုံးဖြစ်ပြီး မဖြစ်မနေအနိုင်ရရန် လိုအပ် ကြောင်း ဆိုထားသည်။ မန်စီးတီးတွင် ဒေးဗစ် ဆေးလ်ဗားနှင့် ကိုလာရော့ဗ် တို့ မပါဝင်နိုင်သော်လည်း လမ်းပတ်ပြန်လည်ပါဝင်လာဖွယ်ရှိသည်။

Ref: Goal

No comments:

Post a Comment