Wednesday 5 November 2014

ကန်တော်ကြီးအတွင်းရေဆိုးစွန့်ပစ်မှု စည်ပင်က ချက်ထရီယမ်ဟိုတယ်ကို သတိပေး

ရန်ကုန်မြို့၏ အထင်က ရဟိုတယ်တစ်ခုဖြစ်သော ချက်ထ ရီယမ်ဟိုတယ်မှ ရေဆိုးများကို ကန်တော်ကြီး ထဲသို့ စွန့်ပစ်နေ သည့်အတွက် သတ်မှတ်ရက် အတွင်း ပိုက်လိုင်းမှ တစ်ဆင့် မြောင်းထဲသို့ စွန့်ပစ်ရန် ညွှန် ကြားထားပြီး မပြုလုပ်ပါက တရားစွဲဆိုမည်ဟု ရန်ကုန်စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိ သည်။

ချက်ထရီယမ်ဟိုတယ်မှ ကန်တော်ကြီးရေကန်ထဲသို့ စွန့် ပစ်နေသည့် ရေများကို ၂၀၁၄ ဖေဖော်ဝါရီမှစတင် စစ်ဆေး ရာ ရေကို သန့်စင်မှုမလုပ်ဘဲ စွန့်ပစ် နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ သည့်အတွက် သန့်စင်မှုပြုလုပ် ၍ စွန့်ပစ်ရန် ညွှန်ကြားထားခဲ့သည်။

ထိုသို့ ညွှန်ကြားခဲ့သော် လည်း သန့်စင်မှုမလုပ်သည့် အတွက် စက်တင်ဘာတွင် လေး ကြိမ်တိုင် ဟိုတယ်မှ တာဝန်ရှိသူ များနှင့် ညှိနှိုင်း၍ ပိုက်လိုင်းမှ တစ်ဆင့်မြောင်းထဲသို့ စွန့်ပစ်ရန် ညွှန် ကြားခဲ့ပြီး ရေကို ပြန်လည်စစ် ဆေးရန် ညွှန်ကြားချက်အတိုင်း ပြုလုပ်ခြင်းမရှိသည့်အတွက် အောက်တိုဘာ ၁၄ ရက်တွင် နောက်ဆုံးထားမလုပ်ပါက တရားစွဲဆိုမည်ဟု အကြောင်းကြားခဲ့ပြီး ၂၀ ရက်တွင် ပြန်လည်စစ်ဆေး၍ ဆောင်ရွက်ရန် ခံဝန်ကတိပြုလုပ် စေခဲ့ကြောင်း ရန်ကုန်စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင် နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

‘‘စည်ပင်လမ်းညွှန်ချက်က အသစ် ဆောင်ရွက်ခိုင်းတာမ ဟုတ်ဘူး။ ပိုက်လိုင်းကနေ စွန့် ပစ်ခိုင်းတာ။ အဲဒါကို မလိုက်နာတဲ့ အတွက် တရားစွဲမယ်ဆိုပြီးပြောမှ လုပ်ပါမယ်ဆိုပြီး ပြန်အကြောင်း ကြားတယ်’’ဟု ၎င်းက ဆိုသည်။

ချက်ထရီယမ်ဟိုတယ်မှ တာဝန်ရှိသူများက ပိုက်လိုင်းမှတစ် ဆင့်ပြန်လည်စွန့်ပစ်မှုကို လမ်းနှင့် တံတား ဌာန၏ ခွင့်ပြုချက်တောင်း ခံ၍ ခွင့်ပြုချက်ကျပါက ၁၀ ရက် အတွင်းအပြီးပြုလုပ်ရန် ပြန်လည် အကြောင်း ပြန်သည့်အတွက် စောင့်ဆိုင်းနေပြီး လိုက်နာမှုမရှိ ပါက တရားစွဲဆိုမှုပြုလုပ်မည်ဟု ၎င်းကပြောသည်။

‘‘ဟိုတယ်မှာ ရေဆိုးသန့်စင် တဲ့စနစ်ရှိပေမယ့် ပျက်နေတာ။ သူတို့က ပညာရှင်တွေနဲ့ညှိနှိုင်း ဆောင်ရွက်ပါ့မယ်ဆိုပြီး ပြော ပေမယ့် မလုပ်ဘူး’’ဟု ၎င်းကပြောကြားသည်။

7Day DAILY

No comments:

Post a Comment