Wednesday 5 November 2014

ပန်းဆိုးတန်း-ဒလ တံတားစီမံကိန်း အကောင်အထည်ဖော်ဖြစ်လျှင်လည်း မြေဈေးတက်ရန် မသေချာ

Photo: ပန်းဆိုးတန်း-ဒလ တံတားစီမံကိန်း အကောင်အထည်ဖော်ဖြစ်လျှင်လည်း မြေဈေးတက်ရန် မသေချာ
Wednesday, November 5, 2014

ရန်ကုန်−ရပ်ဆိုင်းထားသော ရန် ကုန်-ဒလ မြစ်ကူးတံတားစီမံ ကိန်း ပြန်လည်စတင်လာပါက လည်း ဒလဘက်ခြမ်းရှိ အိမ်၊ ခြံ၊ မြေဈေးနှုန်းမှာ ယခင်ကကဲ့သို့ သိ သာစွာ ပြန်လည်လှုပ်ခတ်လာနိုင် ဖွယ်မရှိကြောင်း ရန်ကုန်မြို့အ ခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုး ဆောင်လုပ်ငန်းများက ဆိုသည်။

ဒလဘက်ခြမ်းရှိ အိမ်၊ ခြံ၊ မြေဈေးနှုန်းများမှာ တံတားတည် ဆောက်မည့် အစီအစဉ် ရပ်ဆိုင်း လိုက်ပြီးနောက် တောက်လျှောက်အေးစက်နေခဲ့ပြီး အရောင်းအ၀ယ် မဖြစ်သလောက်အခြေအနေသို့ ရောက်သွားကြောင်း ဒေသခံများကပြောသည်။

‘‘အရောင်းဝယ်အေးနေတာ ကတော့ အခုအချိန်ထိပဲ။ တကယ် လို့ တံတားစီမံကိန်း ပြန်ပေါ်လာ ခဲ့မယ်ဆိုရင်တောင် တချို့သူတွေက စီမံကိန်းသတင်းကို သိပ်အယုံကြည်မရှိတော့တာကြောင့် အရင်တစ်ခေါက်ကလိုတော့ သိပ်ပြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်လာမယ် တောင်မထင်ဘူး’’ ဟု  Perfect World အိမ်ခြံမြေနှင့်စာချုပ်စာတမ်းဝန်ဆောင်မှုလုပ်ငန်း မန်နေဂျာကိုနိုင်က ပြောသည်။

ယခုအခါတွင် ဒလဘက်ခြမ်းရှိ မြေကွက်များမှာ ရောင်းလိုသူများသာရှိပြီး ၀ယ်သူမရှိဘဲ အချို့ မြေပိုင်ရှင်များမှာ စီမံကိန်းသ တင်းကြောင့် အဆမတန်တက်ခဲ့ သည့် နှုန်းထားကိုသာ လက်ကိုင် ပြု ဈေးခေါ်ထားဆဲဖြစ်သည်ဟု ဒလမြို့နယ်မှ ဒေသခံပွဲစားများ က ပြောသည်။

‘‘တစ်ခါတလေတော့ ၀ယ် ဖို့လာစုံစမ်းတဲ့ တစ်ယောက်တလေတော့ ရှိတယ်။ ဒါပေမဲ့ ခေါ် ဈေးက လက်လှမ်းမမီနိုင်တဲ့ဈေး ဖြစ်နေတော့ ဈေးတောင်မဆစ်ဘဲ လှည့်ပြန်ကုန်ကြတယ်’’ ဟု ဒေသခံပွဲစားကိုသိန်းစိုးက ပြောသည်။

ယခင်က ဒလမြို့ပေါ်တွင် ပေ ၂၀ × ပေ ၆၀ မြေကွက်မှာ ကျပ်သိန်း ၁၀၀ အောက်သာ ရှိရာမှ တံတားစီမံကိန်းသတင်းကြောင့် ကျပ်သိန်း ၂၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး အချို့နေရာများမှာ ကျပ်သိန်း ၅၀၀ ခန့်အထိ ဖြစ်သွားခဲ့သည်ဟု သတင်းရရှိသည်။

‘‘တံတားစီမံကိန်းက ပြန်ပြင် မလား၊ မပြင်ဘူးလား ဆိုတာတော့ မသိဘူး။ ကြားလည်းမကြားဘူး။ ဒါပေမဲ့ ဖြစ်ပြီးသား မြေကွက်ဈေးက ပြန်ကျဖို့ မဖြစ်နိုင်သေးဘူး’’ဟု ဒလမြို့နယ်တွင်း နေထိုင်သော မြေပိုင်ရှင်တစ်ဦး ဖြစ်သူ ဦးလှဝေက ပြောသည်။

 အဆိုပါ တံတားစီမံကိန်း  ပြန်လည်စတင်ဖြစ်ရန် မသေချာသည့်အခြေအနေ တွင် ရှိနေစဉ် ရန်ကုန်မြို့သစ်စီမံကိန်းမှာ ပြန်လည် လုပ်နိုင်သည်ဟုဆိုသော သတင်းစကားကြောင့် ကြည့်မြင် တိုင်တစ်ဖက်ကမ်းအား ဒလဘက် ကမ်းထက်ဝယ်လက်များက ပိုမိုမျှော်လင့်နေကြသည်ဟု သိရှိရ သည်။

7Day DAILY 

ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့ရှိ ရပ်ကွက်တစ်ခု (ဓာတ်ပုံ − နစ်ကီ)

ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့ရှိ ရပ်ကွက်တစ်ခု (ဓာတ်ပုံ − နစ်ကီ)

ရန်ကုန်−ရပ်ဆိုင်းထားသော ရန် ကုန်-ဒလ မြစ်ကူးတံတားစီမံ ကိန်း ပြန်လည်စတင်လာပါက လည်း ဒလဘက်ခြမ်းရှိ အိမ်၊ ခြံ၊ မြေဈေးနှုန်းမှာ ယခင်ကကဲ့သို့ သိသာစွာ ပြန်လည်လှုပ်ခတ်လာနိုင် ဖွယ်မရှိ ကြောင်း ရန်ကုန်မြို့အ ခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုး ဆောင်လုပ်ငန်းများက ဆိုသည်။

ဒလဘက်ခြမ်းရှိ အိမ်၊ ခြံ၊ မြေဈေးနှုန်းများမှာ တံတားတည် ဆောက်မည့် အစီအစဉ် ရပ်ဆိုင်း လိုက်ပြီး နောက် တောက်လျှောက်အေးစက်နေခဲ့ပြီး အရောင်းအ၀ယ် မဖြစ်သလောက်အခြေအနေသို့ ရောက်သွား ကြောင်း ဒေသခံများကပြောသည်။

‘‘အရောင်းဝယ်အေးနေတာ ကတော့ အခုအချိန်ထိပဲ။ တကယ် လို့ တံတားစီမံကိန်း ပြန်ပေါ်လာ ခဲ့မယ် ဆိုရင် တောင် တချို့သူတွေက စီမံကိန်းသတင်းကို သိပ်အယုံကြည်မရှိတော့တာကြောင့် အရင်တစ်ခေါက် ကလိုတော့ သိပ်ပြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်လာမယ် တောင်မထင်ဘူး’’ ဟု  Perfect World အိမ်ခြံမြေနှင့် စာချုပ်စာတမ်းဝန်ဆောင်မှုလုပ်ငန်း မန်နေဂျာကိုနိုင်က ပြောသည်။

ယခုအခါတွင် ဒလဘက်ခြမ်းရှိ မြေကွက်များမှာ ရောင်းလိုသူများသာရှိပြီး ၀ယ်သူမရှိဘဲ အချို့ မြေပိုင်ရှင် များမှာ စီမံကိန်းသ တင်းကြောင့် အဆမတန်တက်ခဲ့ သည့် နှုန်းထားကိုသာ လက်ကိုင် ပြု ဈေးခေါ်ထား ဆဲဖြစ် သည်ဟု ဒလမြို့နယ်မှ ဒေသခံပွဲစားများ က ပြောသည်။

‘‘တစ်ခါတလေတော့ ၀ယ် ဖို့လာစုံစမ်းတဲ့ တစ်ယောက်တလေတော့ ရှိတယ်။ ဒါပေမဲ့ ခေါ် ဈေးက လက်လှမ်းမမီနိုင်တဲ့ဈေး ဖြစ်နေတော့ ဈေးတောင်မဆစ်ဘဲ လှည့်ပြန်ကုန်ကြတယ်’’ ဟု ဒေသခံပွဲစား ကိုသိန်းစိုးက ပြောသည်။

ယခင်က ဒလမြို့ပေါ်တွင် ပေ ၂၀ × ပေ ၆၀ မြေကွက်မှာ ကျပ်သိန်း ၁၀၀ အောက်သာ ရှိရာမှ တံတား စီမံကိန်းသတင်းကြောင့် ကျပ်သိန်း ၂၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး အချို့နေရာများမှာ ကျပ်သိန်း ၅၀၀ ခန့်အထိ ဖြစ်သွားခဲ့သည်ဟု သတင်းရရှိသည်။

‘‘တံတားစီမံကိန်းက ပြန်ပြင် မလား၊ မပြင်ဘူးလား ဆိုတာတော့ မသိဘူး။ ကြားလည်းမကြားဘူး။ ဒါပေမဲ့ ဖြစ်ပြီးသား မြေကွက်ဈေးက ပြန်ကျဖို့ မဖြစ်နိုင်သေးဘူး’’ဟု ဒလမြို့နယ်တွင်း နေထိုင်သော မြေပိုင်ရှင် တစ်ဦး ဖြစ်သူ ဦးလှဝေက ပြောသည်။

 အဆိုပါ တံတားစီမံကိန်း  ပြန်လည်စတင်ဖြစ်ရန် မသေချာသည့်အခြေအနေ တွင် ရှိနေစဉ် ရန်ကုန်မြို့သစ် စီမံကိန်းမှာ ပြန်လည် လုပ်နိုင်သည်ဟုဆိုသော သတင်းစကားကြောင့် ကြည့်မြင် တိုင်တစ်ဖက်ကမ်းအား ဒလဘက် ကမ်းထက်ဝယ်လက်များက ပိုမိုမျှော်လင့်နေကြသည်ဟု သိရှိရ သည်။

7Day DAILY

No comments:

Post a Comment