Wednesday 5 November 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံရှိ 72 Combined Training Centre နှင့် တင့်ကားပြင်ဆင်ရေးအလုပ်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ Borisov City ရှိ 72 Combined Training Centre သို့ သွားရောက်ကြည့်ရှု လေ့လာကြသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့အား ကျောင်းအုပ်ကြီး Major General Gnilozub Valeriy နှင့် တာဝန်ရှိသူများမှ ကြိုဆိုနှုတ်ဆက်ပြီး ကျောင်းဌာနချုပ် လေ့ကျင့်ရေးကွင်းတွင် တင့်ကားများ၏ ပစ်ခတ်မှု စွမ်းရည်များ၊ ခရီးကြမ်းမောင်းနှင်မှုစွမ်းရည်များကို သရုပ်ပြလေ့ကျင့်ပြသသည်။ ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များသည် (OAO) 140 Repair Plant) တင့်ကားပြင်ဆင်ရေးအလုပ်ရုံသို့ရောက်ရှိရာ ညွှန်ကြားရေးမှူး Mr.Vorisnov Sergery Blagimirorich နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်သည်။ ထို့နောက် အစည်းအဝေးခန်းတွင် ဘယ်လာရုစ်သမ္မနိုင်ငံ၊ နိုင်ငံတော် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကော်မတီ ဥက္ကဋ္ဌ Lt. Gen Gurulev Sergey Petrovich ဦးစီးအဖွဲ့ နှင့် တွေ့ဆုံဆွေးနွေးသည်။


ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကောင်းမွန် ခဲ့ကြောင်း၊ ယခုခရီးစဉ်သည်လည်း နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အကျိုးတူကိစ္စရပ်များ ထပ်မံတိုးချဲ့ နိုင် ရန် ယုံကြည်မျှော်လင့်ပါကြောင်း အပြန်အလှန်ပြောကြားခဲ့သည်။


ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် တင့်ကားပြင်ဆင်ရေးအလုပ်ရုံအတွင်း ခင်းကျင်းပြသထားသည့် ယာဉ်၊ ယန္တရားများအား ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သတင်းရရှိသည်။

Credit : Senior General Min Aung Hlaing

No comments:

Post a Comment