Wednesday 5 November 2014

မန္တလေးတိုင်းတွင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ စတင်ဖွဲ့စည်း

မန္တလေး−မန္တလေးတိုင်းဒေသကြီး တွင် စားသုံးသူအငြင်းပွားမှု ဖြေ ရှင်းရေး အဖွဲ့ကို စတင်ဖွဲ့စည်းနေ ပြီဖြစ်ကြောင်း သတင်းရရှိသည်။

အစားအသောက်နှင့် ဆေး ၀ါးကြီးကြပ်ကွပ်ကဲရေးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့တော်စည်ပင်၊ ဥပဒေ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ် အဖွဲ့နှင့် စားသုံးသူကိုယ်စားလှယ်အဖွဲ့များပါဝင်သည့် တိုင်းဒေသကြီးအဆင့် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ကို မန္တလေးတွင် အခြေစိုက်ကာ ယခုလ အတွင်း အပြီးဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးဆွေတင့်ကြူးက ပြောသည်။

ဖွဲ့စည်းမည့် စားသုံးသူအ ငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့တွင် စားသုံးသူတိုင်ကြားမှု လက်ခံ ဆောင်ရွက်ရေး ကော်မတီနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချမှုဆိုင်ရာ လုပ်ငန်း ကော်မတီဟူ၍ ကော်မတီနှစ်ရပ် ဖွဲ့စည်းပြီး အငြင်းပွားမှု တိုင်ကြား စာများ လက်ခံ ဖြေရှင်းပေးခြင်းနှင့် ဈေးကွက်အတွင်းရောင်းချနေသည့် ပစ္စည်းများ အရည်အသွေးမီ၊ မမီစစ်ဆေးမှုများ ပြုလုပ်ကြမည်ဖြစ်သည်။

7Day DAILY

No comments:

Post a Comment