Wednesday 5 November 2014

အစိုးရအရာရှိကြီးများ ခြိုးခြံချွေတာရေးအစီအစဉ် ကျင့်သုံးရန် အိန္ဒိယဝန်ကြီး ချုပ် အမိန့်ထုတ်

Photo: အစိုးရအရာရှိကြီးများ ခြိုးခြံချွေတာရေးအစီအစဉ် ကျင့်သုံးရန် အိန္ဒိယဝန်ကြီး ချုပ် အမိန့်ထုတ်
Wednesday, November 5, 2014

အိန္ဒိယဝန်ကြီးချုပ် မိုဒီသည်က အစိုးရအဖွဲ့ အကြီးအကဲများ၏ အသုံးစရိတ်များ ကို ထိန်းချုပ်သွားရေးအတွက် ခြိုးခြံချွေတာရေး လုပ်ငန်းစဉ်များကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်ဟု သိရသည်။

အိန္ဒိယ အစိုးရအရာရှိများအနေဖြင့် ခရီးသွားရာတွင် ပထမတန်းစား ဇိမ်ခံခုံနေရာများတွင် စီးနင်းလိုက်ပါမှုများ၊ ကြယ်ငါးပွင့် အဆင့်ရှိ
ဟိုတယ်ကြီးများတွင် အစည်းအဝေးများ ကျင်းပခြင်းများနှင့် အဖိုးတန်ကားများကို ၀ယ်ယူနေခြင်းများကို စွန့်လွှတ်ကြရန် မိုဒီက
မှာကြားထားသည်။

ထို့ပြင် အစိုးရ အရာရှိများအနေဖြင့် အစည်းအဝေးများအား ဗီဒီယိုမှတစ်ဆင့် ပြုလုပ်ခြင်းကို အတတ်နိုင်ဆုံး လျှော့ချရန်နှင့် အစိုးရအဖွဲ့ အတွင်း မည်သည့် ရာထူးနေရာသစ်များကို မျှဖန်တီး ခန့်အပ်ခြင်းများ မပြုလုပ်ရန် မိုဒီက တားမြစ်လိုက်သည်။

ဝန်ကြီးချုပ် မိုဒီသည် ဘဏ္ဍာရေးလိုငွေပြနေခြင်းများကို လျှော့ချသွားရန် ဆန္ဒရှိနေပြီး ယင်းသို့ လုပ်ဆောင်ခြင်းဖြင့် ရွေးကောက်ပွဲ ကတိက၀တ်များကို တည်စေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။

အစိုးရအဖွဲ့အနေဖြင့် အရေးပေါ် ဘဏ္ဍာငွေသုံးစွဲမှုများကို လာမည့်နှစ် မတ်လ မတိုင်မီကာလတွင် အနည်းဆုံး ၁၀ ရာခိုင်နှုန်းထိ လျှော့ချ သွားရန် လိုအပ်လျက်ရှိသည်။

အဆိုပါ ခြိုးခြံချွေတာရေး အစီအစဉ်များကို မိုဒီ၏ ဘီဂျေပီ ပါတီခေါင်းဆောင်များကလည်း ကြိုဆိုလက်ခံခဲ့ကြသည်။

“နာရင်ဒါ မိုဒီက သူဟာ နိုင်ငံရဲ့ ဘဏ္ဍာတိုက်ကို စောင့်ကြပ်မယ့်သူလို့ ရွေးကောက်ပွဲ မဲဆွယ်မှုကာလ မတိုင်မီကတည်းက ပြောခဲ့ပါတယ်၊ ဒါ့အပြင် သူဝန်ကြီးချုပ် ဖြစ်လာတဲ့အချိန်မှာလည်း တစ်ကျပ်တစ်ပြားမှ အလေ့အလွင့်မခံနိုင်ဘူးလို့ ပြောထားပါတယ်” ဟု ဘီဂျေပီပါတီ ၏ ပြောရေးဆိုခွင့်ရှိသူ ဆမ်ဘစ်တ်ပါထရာ က ပြောသည်။

“ သူပေးထားတဲ့ ကတိကဝတ်တွေတည်ဖို့၊ သူ့ရဲ့ ကိုယ်ပိုင် သဘောထားတွေအတိုင်း လုပ်ဆောင်ဖို့အတွက် မိုဒီနဲ့ သူ့အစိုးရ အဖွဲ့ကတော့ ခြိုးခြံချွေတာရေးလုပ်ငန်းစဉ် တစ်ခုကို စတင်လုပ်ဆောင်နေပါပြီ၊ ဒါတွေအားလုံးကတော့ အိန္ဒိယပြည်သူတွေ အတွက်ပါပဲ၊ ဒါကိုကျွန်တော်တို့ ကြိုဆိုရပါမယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

သို့ရာတွင် အချို့သော အတိုက်အခံခေါင်းဆောင်များက မိုဒီ၏ ယင်းလုပ်ငန်းစဉ်သည် အစိုးရ၏ ဘဏ္ဍာငွေသုံးစွဲမှုများကို ထိထိရောက်ရောက် လျှော့ချနိုင်မည်မဟုတ်ပဲ ထင်ပေါ်ကျော်ကြားရန်အတွက်သာ ဖြစ်သည်ဟု ယူဆပြီး ထိုကဲ့သို့ ခြိုးခြံချွေတာရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်မှာ ကြီးမားသော စိန်ခေါ်မှုပင်ဖြစ်သည်ဟု ဆိုကြသည်။

“ ခြိုးခြံချွေတာရေး လမ်းစဉ်ကို လိုက်ဖို့နဲ့ ဘဏ္ဍာငွေသုံးစွဲမှုပိုင်းကို လျှော့ချမယ့် မိုဒီအစိုးရရဲ့ ကြေငြာချက်နောက်ကွယ်မှာ ရည်ရွယ်ချက်ရှိပါတယ်၊ ဒီနေရာမှာ လူတွေကလည်း ခင်ဗျားရဲ့ ရည်ရွယ်ချက်တွေနဲ့ ခင်ဗျားဘာလုပ်ဖို့ ကြိုးစာနေလဲဆိုတာကို သိပါလိမ့်မယ်၊ ဒါကြောင့် ဒီလုပ်ငန်းစဉ်တွေကို သူတို့ လွှတ်တော်အမတ်တွေက ဘယ်လောက်တောင် လက်ခံကျင့်သုံးကြမလဲဆိုတာကို ကျွန်တော်တို့ မြင်ရပါလိမ့်မယ်” ဟု အိန္ဒိယ အေအေပီပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒီလစ်ပန်ဒေးက ပြောကြားသည်။

လက်ရှိအချိန်တွင် မိုဒီ၏ အစိုးရအဖွဲ့သည် ထိုကဲ့သို့ ဘဏ္ဍာငွေသုံးစွဲမှုများကို လျှော့ချရန်နှင့် အခြားသော အရင်းအမြစ်များ ရရှိရန် ဆောင်ရွက်နေသော်လည်း လက်ရှိအချိန်ထိ ယင်းကဲ့သို့ ခြိုးခြံချွေတာရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များကို ချပြခြင်း မရှိသေးပေ။ အိန္ဒိယတွင် ယခင် ကွန်ဂရက်ပါတီ အစိုးရလက်ထက်ကလည်း ယင်းကဲ့သို့သော ချွေတာရေး အစီအစဉ်များကို ကြေငြာခဲ့သော်လည်း ဆက်လက်လုပ်ကိုင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

Mizzima - News in Burmese
အိန္ဒိယဝန်ကြီးချုပ်မိုဒီသည်က အစိုးရအဖွဲ့ အကြီးအကဲများ၏ အသုံးစရိတ်များကို ထိန်းချုပ်သွားရေးအတွက် ခြိုးခြံချွေတာရေး လုပ်ငန်းစဉ်များကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်ဟု သိရသည်။

အိန္ဒိယ အစိုးရအရာရှိများအနေဖြင့် ခရီးသွားရာတွင် ပထမတန်းစား ဇိမ်ခံခုံနေရာများတွင် စီးနင်းလိုက်ပါ မှုများ၊ ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်ကြီးများတွင် အစည်းအဝေးများ ကျင်းပခြင်းများနှင့် အဖိုးတန်ကားများ ကို ၀ယ်ယူနေခြင်းများကို စွန့်လွှတ်ကြရန် မိုဒီက မှာကြားထားသည်။

ထို့ပြင် အစိုးရ အရာရှိများအနေဖြင့် အစည်းအဝေးများအား ဗီဒီယိုမှတစ်ဆင့် ပြုလုပ်ခြင်းကို အတတ်နိုင်ဆုံး လျှော့ချရန်နှင့် အစိုးရအဖွဲ့ အတွင်း မည်သည့် ရာထူးနေရာသစ်များကို မျှဖန်တီး ခန့်အပ်ခြင်းများ မပြုလုပ် ရန် မိုဒီက တားမြစ်လိုက်သည်။

ဝန်ကြီးချုပ် မိုဒီသည်  ဘဏ္ဍာရေးလိုငွေပြနေခြင်းများကို လျှော့ချသွားရန် ဆန္ဒရှိနေပြီး ယင်းသို့ လုပ် ဆောင်ခြင်းဖြင့် ရွေးကောက်ပွဲ ကတိက၀တ်များကို တည်စေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။

အစိုးရအဖွဲ့အနေဖြင့် အရေးပေါ် ဘဏ္ဍာငွေသုံးစွဲမှုများကို လာမည့်နှစ် မတ်လ မတိုင်မီကာလတွင် အနည်း ဆုံး ၁၀ ရာခိုင်နှုန်းထိ လျှော့ချ သွားရန် လိုအပ်လျက်ရှိသည်။

အဆိုပါ ခြိုးခြံချွေတာရေး အစီအစဉ်များကို မိုဒီ၏ ဘီဂျေပီ ပါတီခေါင်းဆောင်များကလည်း ကြိုဆိုလက်ခံ ခဲ့ကြသည်။

“နာရင်ဒါ မိုဒီက သူဟာ နိုင်ငံရဲ့ ဘဏ္ဍာတိုက်ကို စောင့်ကြပ်မယ့်သူလို့ ရွေးကောက်ပွဲ မဲဆွယ်မှုကာလ မတိုင်မီကတည်းက ပြောခဲ့ပါတယ်၊ ဒါ့အပြင် သူဝန်ကြီးချုပ် ဖြစ်လာတဲ့အချိန်မှာလည်း တစ်ကျပ်တစ်ပြားမှ အလေ့အလွင့်မခံနိုင်ဘူးလို့ ပြောထားပါတယ်” ဟု ဘီဂျေပီပါတီ ၏ ပြောရေးဆိုခွင့်ရှိသူ ဆမ်ဘစ်တ်ပါထရာ က ပြောသည်။

“ သူပေးထားတဲ့ ကတိကဝတ်တွေတည်ဖို့၊ သူ့ရဲ့ ကိုယ်ပိုင် သဘောထားတွေအတိုင်း လုပ်ဆောင်ဖို့အတွက် မိုဒီနဲ့ သူ့အစိုးရ အဖွဲ့ကတော့ ခြိုးခြံချွေတာရေးလုပ်ငန်းစဉ် တစ်ခုကို စတင်လုပ်ဆောင်နေပါပြီ၊ ဒါတွေ အားလုံးကတော့ အိန္ဒိယပြည်သူတွေ အတွက်ပါပဲ၊ ဒါကိုကျွန်တော်တို့ ကြိုဆိုရပါမယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

သို့ရာတွင် အချို့သော အတိုက်အခံခေါင်းဆောင်များက မိုဒီ၏ ယင်းလုပ်ငန်းစဉ်သည် အစိုးရ၏ ဘဏ္ဍာငွေ သုံးစွဲမှုများကို ထိထိရောက်ရောက် လျှော့ချနိုင်မည်မဟုတ်ပဲ ထင်ပေါ်ကျော်ကြားရန်အတွက်သာ ဖြစ်သည် ဟု ယူဆပြီး ထိုကဲ့သို့ ခြိုးခြံချွေတာရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်မှာ ကြီးမားသော စိန်ခေါ်မှုပင်ဖြစ်သည်ဟု ဆိုကြသည်။

“ ခြိုးခြံချွေတာရေး လမ်းစဉ်ကို လိုက်ဖို့နဲ့ ဘဏ္ဍာငွေသုံးစွဲမှုပိုင်းကို လျှော့ချမယ့် မိုဒီအစိုးရရဲ့ ကြေငြာချက် နောက်ကွယ်မှာ ရည်ရွယ်ချက်ရှိပါတယ်၊ ဒီနေရာမှာ လူတွေကလည်း ခင်ဗျားရဲ့ ရည်ရွယ်ချက်တွေနဲ့ ခင်ဗျား ဘာလုပ်ဖို့ ကြိုးစာနေလဲဆိုတာကို သိပါလိမ့်မယ်၊ ဒါကြောင့် ဒီလုပ်ငန်းစဉ်တွေကို သူတို့ လွှတ်တော် အမတ်တွေက ဘယ်လောက်တောင် လက်ခံကျင့်သုံးကြမလဲဆိုတာကို ကျွန်တော်တို့ မြင်ရပါလိမ့်မယ်” ဟု အိန္ဒိယ အေအေပီပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒီလစ်ပန်ဒေးက ပြောကြားသည်။

လက်ရှိအချိန်တွင် မိုဒီ၏ အစိုးရအဖွဲ့သည် ထိုကဲ့သို့ ဘဏ္ဍာငွေသုံးစွဲမှုများကို လျှော့ချရန်နှင့် အခြားသော အရင်းအမြစ်များ ရရှိရန် ဆောင်ရွက်နေသော်လည်း လက်ရှိအချိန်ထိ ယင်းကဲ့သို့ ခြိုးခြံချွေတာရေး လုပ်ငန်း များ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များကို ချပြခြင်း မရှိသေးပေ။ အိန္ဒိယတွင် ယခင် ကွန်ဂရက်ပါတီ အစိုးရလက်ထက်ကလည်း ယင်းကဲ့သို့သော  ချွေတာရေး အစီအစဉ်များကို ကြေငြာခဲ့ သော်လည်း ဆက်လက်လုပ်ကိုင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

Mizzima - News in Burmese

No comments:

Post a Comment