Wednesday 5 November 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘယ်လာရုစ် သမ္မတနိုင်ငံ သမ္မတ H.E.Alexander Grigoryevich Lukasheko အား ဂါရ၀ပြုတွေ့ဆုံ

Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘယ်လာရုစ် သမ္မတနိုင်ငံ သမ္မတ H.E.Alexander Grigoryevich Lukasheko အား ဂါရ၀ပြုတွေ့ဆုံ
Wednesday, November 5, 2014

ဘယ်လာရုစ်သမ္မတနိုင်ငံတွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ဒေသ စံတော်ချိန် နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတ H.E.Alexander Grigoryevich Lukasheko အားသမ္မတ နန်းတော်(Independence Palace)သို့ သွားရောက်၍ ဂါရ၀ပြုတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်ယုတို့ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး Lt. Gen Yuri Zhadobin ၊ နိုင်ငံတော်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကော်မတီဥက္ကဌ Lt. Gen Gurulev Sergey Petrovich နှင့် သမ္မတ၏လက်ထောက် Mr. Brilev Valery တို့တက်ရောက်ကြသည်။

တွေ့ဆုံပွဲ၌ နိုင်ငံတော်သမ္မတကပြောကြားရာတွင် အဆွေတော်၏ ခရီးစဉ်ကာလအတွင်း တွေ့ဆုံဆွေးနွေးမှုများအရ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အလားအလာများစွာရှိကြောင်း ကြားသိရ၍ ၀မ်းမြောက်ပါကြောင်း၊ လွန်စွာအရေးပါသည့် မြန်မာနိုင်ငံ၏မဟာဗျူဟာမြောက်တည်ရှိနေမှုအပေါ်မူတည်၍ နှစ်ဦးနှစ်ဖက်အကျိုးကို ဖော်ဆောင်နိုင်မည့်ပူးပေါင်းဆောင်ရ်ွမှုများလုပ်ဆောင်နိုင်ပါကြောင်း၊ အထူးသဖြင့် စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှုများစွာ ဆောင်ရွက်နိုင်ပြီး စစ်ဘက်နည်းပညာကျွမ်းကျင်သူအရာရှိများ မွေးထုတ်ပေးနိုင်ပါကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးသာမက ဘက်ပေါင်းစုံမှ လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်နိုင်အောင် ကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား နှုတ်ခွန်းဆက်ပါကြောင်းနှင့် ဘယ်လာရုစ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ရန် ဖိတ်ကြား ထားပါကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားရာတွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကာလတွင် အဆင့်အမြင့် ဆုံး သံတမန်ကိုယ်စားလှယ်အဖွဲ့အဖြစ် ချစ်ကြည်ရေးခရီးစဉ်ကို စီစဉ်ပေးသော ဘယ်လာရုစ်အစိုးရအား ကျေးဇူးတင်ရှိပါကြောင်း၊ ဘယ်လာရုစ်နိုင်ငံလွတ်လပ်ရေးရရှိချိန်မှစ၍ နိုင်ငံတိုးတက်အောင် ဆောင်ရွက်နိုင်မှုများကိုလည်း ချီးကျူးပါကြောင်း၊ စနစ်တစ်ခုမှ တစ်ခုသို့ကူးပြောင်းမှုသည် လွယ်ကူသောကိစ္စ ရပ်မဟုတ်ပါကြောင်း၊မိမိတို့နိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိချိန်မှ ၁၉၆၂ ခုနှစ်အထိ ပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိတော်လှန်ရေးကောင်စီနှင့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီတို့က ဆိုရှယ်လစ်စနစ်ပြောင်းလဲကျင့်သုံးခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်တွင် ပြည်သူများ၏ တောင်းဆိုမှုအရ ပါတီစုံဒီမိုကရေစီစနစ်သို့ဦးတည်လာခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်ပြောင်းလဲကျင့်သုံးနေပါကြောင်း၊ ထိုသို့နှစ်ပေါင်းများစွာ ကြာရှည်ခဲ့သည်မှာ တိုင်းပြည် အတွင်း တည်ငြိမ်အေးချမ်းမှုပြဿနာကြောင့် ဖြစ်ပါကြောင်း၊ လက်ရှိသမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက် ပြုပြင်ပြောင်းလဲမှုများသည် ဘယ်လာရုစ်သမ္မတနိုင်ငံကဲ့သို့သော မိတ်ဆွေများ၏ ပူးပေါင်းဆောင်ရွက်မှုများနှင့် အောင်မြင်အောင်တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များစွာရှိသကဲ့သို့ စိန်ခေါ်မှုများလည်း ရှိပါကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်တွင် ဦးစားပေးစနစ်မရှိသောကြောင့် အချိန်မဆိုင်းဘဲ ပူးပေါင်းဆောင်ရွက်မှုများ စီစဉ် ဆောင်ရွက်နိုင်ပါက အကောင်းဆုံးဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သောမြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှဝ်အဖွဲ့သည် ယနေ့နံနက် ဒေသစံတော်ချိန် ၁၀ နာရီ ၁၅ မိနစ်တွင် မင့်စ်မြို့ရှိ Victory Square သို့ရောက်ရှိရာ ဘယ်လာရုစ်သမ္မတနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Lt. Gen Lybinko နှင့် အဖွဲ့မှ ကြိုဆိုနှုတ်ဆက်သည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဂုဏ်ပြုပန်းခွေအား သတ်မှတ်နေရာသို့ ပို့ဆောင်အလေးပြုသည်။ ထို့နောက် နိုင်ငံတော်စစ်တီးဝိုင်းအဖွဲ့က နှစ်နိုင်ငံသီချင်းများတီးမှုတ်ကြသည်။ ဆက်လက်ပြီး ဂုဏ်ပြုတပ်ဖွဲ့နှင့် နိုင်ငံတော်စစ်တီးဝိုင်းတို့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ချီတက်အလေးပြုခဲ့ကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စစ်ပွဲအတွင်းကျဆုံးခဲ့သည့် စစ်သည်များအား ဂုဏ်ပြုထွန်းညှိထား သည့် မငြိမ်းသောမီးတောက်နှင့် ဒုတိယကမ္ဘာစစ်အတွင်း သမိုင်းဝင်တိုက်ပွဲများဖြစ်ပွားရာ မြို့များကို ကိုယ်စားပြု ဂုဏ်ပြု ထားသည့် အထိမ်းအမှတ်နေရာများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိသည်။

Credit : Senior General Min Aung Hlaing
ဘယ်လာရုစ်သမ္မတနိုင်ငံတွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ဒေသ စံတော်ချိန် နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတ H.E.Alexander Grigoryevich Lukasheko အားသမ္မတ နန်းတော်(Independence Palace)သို့ သွားရောက်၍ ဂါရ၀ပြုတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်ယုတို့ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး Lt. Gen Yuri Zhadobin ၊ နိုင်ငံတော်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကော်မတီဥက္ကဌ Lt. Gen Gurulev Sergey Petrovich နှင့် သမ္မတ၏လက်ထောက် Mr. Brilev Valery တို့တက်ရောက်ကြသည်။

တွေ့ဆုံပွဲ၌ နိုင်ငံတော်သမ္မတကပြောကြားရာတွင် အဆွေတော်၏ ခရီးစဉ်ကာလအတွင်း တွေ့ဆုံ ဆွေးနွေးမှုများအရ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အလားအလာများစွာရှိကြောင်း ကြားသိရ၍ ၀မ်းမြောက် ပါကြောင်း၊ လွန်စွာအရေးပါသည့် မြန်မာနိုင်ငံ၏မဟာဗျူဟာမြောက်တည်ရှိနေမှုအပေါ် မူတည်၍ နှစ်ဦး နှစ်ဖက်အကျိုးကို ဖော်ဆောင်နိုင်မည့်ပူးပေါင်းဆောင်ရ်ွမှုများလုပ်ဆောင်နိုင်ပါကြောင်း၊ အထူးသဖြင့် စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများစွာ ဆောင်ရွက်နိုင်ပြီး စစ်ဘက်နည်းပညာ ကျွမ်းကျင်သူ အရာရှိများ မွေးထုတ်ပေးနိုင်ပါကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးသာမက ဘက်ပေါင်းစုံမှ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်နိုင်အောင် ကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်အား နှုတ်ခွန်းဆက်ပါကြောင်းနှင့် ဘယ်လာရုစ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ရန် ဖိတ်ကြားထားပါ ကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားရာတွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကာလတွင် အဆင့် အမြင့်ဆုံး သံတမန်ကိုယ်စားလှယ်အဖွဲ့အဖြစ် ချစ်ကြည်ရေးခရီးစဉ်ကို စီစဉ်ပေးသော ဘယ်လာရုစ်အစိုးရ အား ကျေးဇူးတင်ရှိပါကြောင်း၊ ဘယ်လာရုစ်နိုင်ငံလွတ်လပ်ရေးရရှိချိန်မှစ၍ နိုင်ငံတိုးတက်အောင် ဆောင်ရွက်နိုင်မှုများကိုလည်း ချီးကျူးပါကြောင်း၊ စနစ်တစ်ခုမှ တစ်ခုသို့ကူးပြောင်းမှုသည် လွယ်ကူသော ကိစ္စ ရပ်မဟုတ်ပါကြောင်း၊မိမိတို့နိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိချိန်မှ ၁၉၆၂ ခုနှစ်အထိ ပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိတော်လှန်ရေးကောင်စီနှင့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီတို့က ဆိုရှယ်လစ်စနစ်ပြောင်းလဲကျင့်သုံးခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်တွင် ပြည်သူများ၏ တောင်းဆိုမှုအရ ပါတီစုံဒီမိုကရေစီစနစ်သို့ဦးတည်လာခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ပါတီစုံဒီမို ကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်ပြောင်းလဲကျင့်သုံးနေပါကြောင်း၊ ထိုသို့နှစ်ပေါင်းများစွာ ကြာရှည်ခဲ့သည်မှာ တိုင်းပြည် အတွင်း တည်ငြိမ်အေးချမ်းမှုပြဿနာကြောင့် ဖြစ်ပါကြောင်း၊ လက်ရှိ သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက် ပြုပြင်ပြောင်းလဲမှုများသည် ဘယ်လာရုစ်သမ္မတ နိုင်ငံကဲ့သို့သော မိတ်ဆွေများ၏ ပူးပေါင်းဆောင်ရွက်မှုများနှင့် အောင်မြင်အောင်တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များစွာရှိသကဲ့သို့ စိန်ခေါ်မှုများလည်း ရှိပါကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်တွင် ဦးစားပေးစနစ် မရှိသောကြောင့် အချိန်မဆိုင်းဘဲ ပူးပေါင်းဆောင်ရွက်မှုများ စီစဉ် ဆောင်ရွက်နိုင်ပါက အကောင်းဆုံး ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သောမြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှဝ်အဖွဲ့သည် ယနေ့နံနက် ဒေသစံတော်ချိန် ၁၀ နာရီ ၁၅ မိနစ်တွင် မင့်စ်မြို့ရှိ Victory Square သို့ရောက်ရှိရာ ဘယ်လာရုစ်သမ္မတနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Lt. Gen Lybinko နှင့် အဖွဲ့မှ ကြိုဆိုနှုတ်ဆက်သည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဂုဏ်ပြုပန်းခွေအား သတ်မှတ်နေရာသို့ ပို့ဆောင် အလေးပြု သည်။ ထို့နောက် နိုင်ငံတော်စစ်တီးဝိုင်းအဖွဲ့က နှစ်နိုင်ငံသီချင်းများတီးမှုတ်ကြသည်။ ဆက်လက်ပြီး ဂုဏ်ပြုတပ်ဖွဲ့နှင့် နိုင်ငံတော်စစ်တီးဝိုင်းတို့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ချီတက်အလေးပြုခဲ့ ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စစ်ပွဲအတွင်းကျဆုံးခဲ့သည့် စစ်သည်များအား ဂုဏ်ပြုထွန်းညှိထားသည့် မငြိမ်းသောမီးတောက်နှင့် ဒုတိယကမ္ဘာစစ်အတွင်း သမိုင်းဝင် တိုက်ပွဲ များဖြစ်ပွားရာ မြို့များကို ကိုယ်စားပြု ဂုဏ်ပြုထားသည့် အထိမ်းအမှတ်နေရာများကို ကြည့်ရှု လေ့လာခဲ့ ကြောင်း သတင်းရရှိသည်။

Credit : Senior General Min Aung Hlaing 

No comments:

Post a Comment