Wednesday 5 November 2014

ဦးအောင်သောင်းနဲ့ အမရာဘဏ် မပတ်သက် ဟုဆို

အမေရိကန် ပြည်ထောင်စုက စီးပွားရေးပိတ်ဆို့ အရေးယူထားတဲ့ ဦးအောင်သောင်း နဲ့ ယူနိုက်တက် အမရာဘဏ်တို့ ပတ်သက်မှု လုံးဝ မရှိဘူးလို့ ယူနိုက်တက်အမရာဘဏ် အမှုဆောင် အရာရှိချုပ် ဦးသန်းဝင်းဆွေ က ဆိုပါတယ်။

ယူနိုက်တက် အမရာဘဏ်ကို ဦးအောင်သောင်းနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရရဲ့ စီးပွားရေး ပိတ်ဆို့ ခံရမှုမှာ ပါတယ်လို့ ကောလာဟလတွေ ထွက်နေလို့ ခုလိုရှင်းလင်းရတာ ဖြစ်ပြီး စီးပွားရေး ပိတ်ဆို့တာဟာ ယူနိုက်တက် အမရာ ဘဏ် (UAB) ရဲ့ လုပ်ငန်းတွေအပေါ် သက်ရောက်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်မှာ မဟုတ်ဘူးလို့ သူက ရှင်းပြပါတယ်။

“UAB မှာ ဦးအောင်သောင်း မပါသလို၊ ပိုင်ဆိုင်မှုလည်း မရှိဘူး။ သက်ဆိုင်ခြင်းလည်း မရှိဘူး။ ဘာလွှမ်းမိုး မှု မှလည်း မရှိဘူး” လို့ ဦးသန်းဝင်းဆွေက ဆိုပါ တယ်။

ဒါ့အပြင် ဦးအောင်သောင်းရဲ့သား ဦးနေအောင်ဟာ ဘဏ်ရဲ့ ရှယ်ယာ ၉၀ ရာခိုင်နှုန်းကို ပိုင်ပေမယ့်လည်း ဒါရိုက်တာ အဖွဲ့ဝင် တစ်ဦးသာ ဖြစ်ပြီး လုပ်ငန်းဆိုင်ရာ တွေမှာ စီမံခန့်ခွဲနိုင်မှု မရှိဘူးလို့ သူက ဆိုပါတယ်။

ယူနိုက်တက်အမရာဘဏ်က အကြောင်းအမျိုးမျိုးကြောင့် တစ်စုံတစ်ရာ ဖြစ် လာရင် ပြည်သူလူထု ဆုံးရှုံးမှု မရှိ စေ ဖို့ ဗဟိုဘဏ်က ဝင်ဖြေရှင်းပေးမှာ ဖြစ် တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူး ဦးဝင်းသော်က ပြောပါတယ်။

ခုလို ကောလာဟလတွေ ထွက်လာတာကြောင့် နိုဝင်ဘာလ ၄ ရက်နေ့မှာ ယူနိုက်တက် အမရာဘဏ်မှာ ဘဏ်အပ်ငွေ ကျပ် ၁၆ ဘီလီယံရှိပြီး ငွေလွှဲ တာတွေ အပါအဝင် အပ်ငွေ ပြန်လည် ထုတ်ယူတဲ့ ပမာဏမှာ ကျပ် ၂၆ ဘီလီယံ အထိ ရှိခဲ့တယ်လို့ ယူနိုက်တက် အမရာဘဏ် ဆီကနေ သိရပါတယ်။

The Voice Weekly

No comments:

Post a Comment