Wednesday 5 November 2014

လူတစ်ဦးသေဆုံးသော ယာဉ်တိုက်မှုကျူးလွန်ကာ တိမ်းရှောင်နေသော ယာဉ်မောင်းနှင့်ယာဉ်အား စစ်ဆေးရှာဖွေလျက်ရှိ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ ၌ လားရှိုး-မူစယ် မြို့ အထွက်တွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့ (၁၈း၃၀) အချိန်ခန့်က စစ်သည်တစ်ဦးယာဉ်တိုက်မှုဖြစ်၍ သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၄ နိုဝင်ဘာ ၂ရက်နေ့ညနေ (၆း၃၀) အချိန်ခန့်က လားရှိုးမြို့ အထွက် ဟိုပိတ်ကျေးရွာ (AWC) အကျော် ကုန်းမြင့် (၁)အရှေ့ တွင် စစ်သည်တစ်ဦးယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ရဲအုပ်စောဝင်း (အမှတ် ၆၅) ယာဉ်ထိန်းတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာ သိန်းနီဘက်မှ လားရှိုးဘက်သို့ သိန်းနီ ခလရ (၂၄၀) တပ်(မိခင်တပ်ရင်း) မှ ရိက္ခာထုတ်ပြန်လာသော တ/၁၇၇၁၃၅ ဒုတက စိုးမိုးသောင်း မှ ဆိုင်ကယ်အမှတ်မပါ လော်ကျား (၁၁၀) အစိမ်းပုတ်ရောင်ဆိုင်ကယ်ဖြင့် (ခလရ (၆၈) လက်ဝှေ့ တွဲ) နောက်မှ တပ်တစ်တပ်တည်း အတူနေ (တ/၄၁၂၉၉၂) တသ စိုးစိုးအားတင်၍ စီးနင်းမောင်းနှင်လာစဉ် ကုန်းမြင့် (၁)အရှေ့ မိုင်တိုင် အမှတ် (၁၇၉/၅) အရှေ့ အရောက် အနောက်မှ မော်တော်ယာဉ်တစ်စီးက ၀င်တိုက်မိခဲ့ပြီး လားရှိုးဘက်သို့  ဆက်လက် မောင်းနှင်သွားခဲ့ကြောင်း စုံစမ်းသိရှိခဲ့ခြင်း ဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ဒုတက စိုးမိုးသောင်းတွင် ဒါဏ်ရာရရှိမှုမရှိဘဲ တသစိုးစိုးတွင် ယာနားတွင်း သွေးယိုစီး ဒာဏ်ရာ၊ နောက်စေ့ပေါက်ပြဲဒာဏ်ရာ၊ နှာခါင်းမှသွေးယိုစီးဒါဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံး သွားခဲ့ ကြောင်း သိရသည်။

ထို့ ကြောင့် လူကိုသေစေအောင် ယာဉ်အားမဆင်မခြင်မောင်းနှင်ကာ ၀င်တိုက်မိပြီး ထွက်ပြေး တိမ်းရှောင် နေသူ အမည်မသိယာဉ်မောင်းနှင့် အမျိုးအစားမသိမော်တော်ယာဉ်အား ယာဉ်အမှုစစ်ရဲအုပ်စောဝင်းမှ လားရှိုးမြို့ ၊ နယ်မြေရဲစခန်းတွင် ယာဉ်(ပ)၂၉/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄ - က/၂၀၂ အရ အမှုဖွင့်လှစ်ထား ရှိပြီး ရဲအုပ်စောဝင်းမှ အမှုမှန်ပေါ်ပေါက်စေရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

သမန်းကျား
Lashio News Diary

No comments:

Post a Comment