Wednesday 5 November 2014

ပြည်တွင်းလေယာဉ်ကွင်း ၃၀ အဆင့်မြှင့်မည့်ကိစ္စ ၀န်ကြီးဌာန မလှုပ်၍ ကြန့်ကြာနေဟု ဆို

ပြည်တွင်းရှိ လေယာဉ်ကွင်း ၃၀ ကို အဆင့်မြှင့်တင်ရေး တင်ဒါခေါ်ယူရန် ၀န်ကြီးဌာနသို့ တင်ပြထား သော်လည်း အကြောင်းပြန်ကြားမှုမရှိသေးသဖြင့် ကြန့် ကြာမှုများရှိနေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြား မှု ဦးစီးဌာနမှ သတင်းရရှိသည်။

လေဆိပ် ၃၀ အား အဆင့် မြှင့်တင်ရန် စိတ်ဝင်စားသည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ စာရင်းတောင်းခံရာ ၄၈ ခု လျှောက်ထားခဲ့ပြီး ၀န်ကြီးဌာနဘက်မှ အကြောင်း ပြန်ခြင်းမရှိသေး၍ တင်ဒါခေါ်ယူ နိုင်ခြင်း မရှိသေးကြောင်း လေ ကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

‘‘ခွင့်ပြုချက်ကျတာနဲ့ တင်ဒါ ခေါ်သွားမှာ။ အကုန်လုံးအဆင့် မြှင့်တင်အောင် လုပ်သွားမယ်။ ဘယ်ဟာကိုမှ ကွက်ပြီး မလုပ်ဘူး’’ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကုမ္ပဏီများက စိတ်ဝင်စား သည့် လေဆိပ်များသာ မကဘဲ အားလုံး အဆင့်မြှင့်တင်နိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်သော်လည်း ခရီးသည် စီးနင်းမှုများသည့်လေဆိပ်များကိုသာ လုပ်ငန်းရှင်များ၊ စိတ်ဝင်စားမှု ရှိနေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာနမှ သိရသည်။

လေဆိပ် အဆောက်အအုံများ တိုးချဲ့ခြင်း၊ လေယာဉ်ပြေးလမ်းတိုးချဲ့ခြင်းနှင့် မိုးတွင်းတွင် လေယာဉ် လမ်း မချော် ရန် ပြုပြင်ခြင်း စသည်တို့ကို ၂၀၁၅ အတွင်း ဆောင်ရွက်သွားမည် ဖြစ်သည်။

လက်ရှိတစ်နိုင်ငံလုံးအတိုင်း အတာနှင့် လေဆိပ်ပေါင်း ၆၉ ခု ရှိသည့်အနက် ၃၀ ခန့်သာ လေကြောင်း လိုင်းပြေးဆွဲမှုရှိသေးပြီး ကျန်လေဆိပ်များတွင် ပျံသန်းပြေးဆွဲမှုမရှိသေးပေ။

7Day DAILY

No comments:

Post a Comment