Wednesday 5 November 2014

အာရှနိုင်ငံများ အီဘိုလာဗိုင်းရပ်စ် တိုက်ဖျက်ရေး လုံလောက်စွာ ပါဝင်မှုမရှိဟု ဆို


Photo: အာရှနိုင်ငံများ အီဘိုလာဗိုင်းရပ်စ် တိုက်ဖျက်ရေး လုံလောက်စွာ ပါဝင်မှုမရှိဟု ဆို
Wednesday, November 5, 2014

အာရှနိုင်ငံတွေဟာ အီဘိုလာဗိုင်းရပ်စ်ပျံ့နှံ့မှု ရပ်တံ့အောင်ကူညီနိုင်တဲ့ သင်တန်းဆင်း ဆေးဘက်ပညာသည်တွေ ကြွယ်ကြွယ်ဝဝရှိပေမယ့် အီဘိုလာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ အားထုတ်မှုကို လုံလုံ လောက်လောက် ပါဝင်မှု မရှိဘူးလို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယောင်ကင်မ်က နိုဝင်ဘာလ ၄ ရက်နေ့က ပြောပါတယ်။

ebola-texas-2_3062259bကိုရီးယားမြို့တော် ဆိုးလ်မြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကင်မ်က အီဘိုလာ ဗိုင်းရပ်စ်ကို အရင်းအမြစ် ကနေရပ်အောင်ကူဖို့ သင်တန်းဆင်းကျန်းမာရေး လုပ်သားတွေကို ကမ်းလှမ်းဖို့ အာရှနိုင်ငံတွေကို နှိုးဆော်တယ်လို့ ပြောပါတယ်။

တောင်ကိုရီးယားကတော့ အီဘိုလာတိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၅.၆ သန်း ထည့်ဝင်ဖို့ ကတိပြုထားပါတယ်။ တရုတ်ကတော့ အာဖရိက ၁၃ နိုင်ငံနဲ့နိုင်ငံတကာ အဖွဲ့အစည်း တွေကို အီဘိုလာ တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၂၃ သန်း လှူပြီးပါပြီ။

ဂျပန်နဲ့ တရုတ်တို့ဟာ အနောက်အာဖရိကမှာရှိတဲ့ အီဘိုလာကူးစက်ခံ နိုင်ငံတွေဆီ ပစ္စည်း ကိရိယာတွေနဲ့ ဆေးဘက်ဝန်ထမ်းတွေကိုလည်း စေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် အာရှဒေသ တခုလုံးအနေနဲ့ တုံ့ပြန်မှုဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေနဲ့စာရင် အများကြီး နောက်ကျကျန်နေပါတယ်။

အမေရိကန်ကတော့ ဒေါ်လာ ၁ ဘီလျံနဲ့ ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့ပြီးပါပြီ။ လာမယ့် ၆ လကနေ တနှစ်လောက်ထိ ထောင်နဲ့ချီတဲ့ ကျန်းမာရေးလုပ်သားတွေ လိုအပ်နေဆဲလို့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌကပြောပါတယ်။

နယ်စပ်ထိန်းချုပ်မှု တခုတည်းကို အားကိုးတာဟာ မီးလောင်နေတဲ့အိမ်ထဲမှာ အိမ်ခန်းထဲကို မီးခိုးမဝင်အောင် ရေစိုဝတ်ကို တံခါးအောက်မှာ ထည့်တာနဲ့ တူတယ်လို့လည်း ခိုင်းနှိုင်းပြောဆို ခဲ့ပါတယ်။

၁၉၇၆ ခုနှစ်က စတင်မှတ်တမ်းတင်ချိန်က စပြီး ခုချိန်ထိ လူသေမှုအများဆုံး ကူးစက်မှုကို နှိမ်နင်းရာမှာ ကူညီဖို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်သား အယောက်ထောင်ချီ လိုအပ်နေတာ ပါ။ အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အနောက်အာဖရိကနိုင်ငံတွေဖြစ်တဲ့ လိုက်ဘေးရီးယား၊ ဂီနီနဲ့ ဆီရီယာလီယွန်နိုင်ငံတွေက လူများစုဖြစ်တဲ့ လူအယောက် ၅၀၀၀ နီးပါး သေဆုံးခဲ့ပြီးပါပြီ။

ဒီဗွီဘီ
အာရှနိုင်ငံတွေဟာ အီဘိုလာဗိုင်းရပ်စ်ပျံ့နှံ့မှု ရပ်တံ့အောင်ကူညီနိုင်တဲ့ သင်တန်းဆင်း ဆေးဘက်ပညာ သည်တွေ ကြွယ်ကြွယ်ဝဝရှိပေမယ့် အီဘိုလာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ အားထုတ်မှုကို လုံလုံ လောက်လောက် ပါဝင်မှု မရှိဘူးလို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယောင်ကင်မ်က နိုဝင်ဘာလ ၄ ရက်နေ့က ပြောပါတယ်။

ကိုရီးယားမြို့တော် ဆိုးလ်မြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကင်မ်က အီဘိုလာ ဗိုင်းရပ်စ်ကို အရင်း အမြစ် ကနေရပ်အောင်ကူဖို့ သင်တန်းဆင်းကျန်းမာရေး လုပ်သားတွေကို ကမ်းလှမ်းဖို့ အာရှနိုင်ငံ တွေ ကို နှိုးဆော်တယ်လို့ ပြောပါတယ်။

တောင်ကိုရီးယားကတော့ အီဘိုလာတိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၅.၆ သန်း ထည့်ဝင်ဖို့ ကတိပြုထားပါတယ်။ တရုတ်ကတော့ အာဖရိက ၁၃ နိုင်ငံနဲ့နိုင်ငံတကာ အဖွဲ့အစည်း တွေကို အီဘိုလာ တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၂၃ သန်း လှူပြီးပါပြီ။

ဂျပန်နဲ့ တရုတ်တို့ဟာ အနောက်အာဖရိကမှာရှိတဲ့ အီဘိုလာကူးစက်ခံ နိုင်ငံတွေဆီ ပစ္စည်း ကိရိယာတွေနဲ့ ဆေးဘက်ဝန်ထမ်းတွေကိုလည်း စေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် အာရှဒေသ တခုလုံးအနေနဲ့ တုံ့ပြန်မှုဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေနဲ့စာရင် အများကြီး နောက်ကျကျန်နေပါတယ်။

အမေရိကန်ကတော့ ဒေါ်လာ ၁ ဘီလျံနဲ့ ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့ပြီးပါပြီ။ လာမယ့် ၆ လက နေ တနှစ်လောက်ထိ ထောင်နဲ့ချီတဲ့ ကျန်းမာရေးလုပ်သားတွေ လိုအပ်နေဆဲလို့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ က ပြောပါတယ်။

နယ်စပ်ထိန်းချုပ်မှု တခုတည်းကို အားကိုးတာဟာ မီးလောင်နေတဲ့အိမ်ထဲမှာ အိမ်ခန်းထဲကို မီးခိုး မဝင်အောင် ရေစိုဝတ်ကို တံခါးအောက်မှာ ထည့်တာနဲ့ တူတယ်လို့လည်း ခိုင်းနှိုင်းပြောဆို ခဲ့ပါတယ်။

၁၉၇၆ ခုနှစ်က စတင်မှတ်တမ်းတင်ချိန်က စပြီး ခုချိန်ထိ လူသေမှုအများဆုံး ကူးစက်မှုကို နှိမ်နင်းရာမှာ ကူညီ ဖို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်သား အယောက်ထောင်ချီ လိုအပ်နေတာ ပါ။ အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အနောက်အာဖရိကနိုင်ငံတွေဖြစ်တဲ့ လိုက်ဘေးရီးယား၊ ဂီနီနဲ့ ဆီရီယာလီယွန်နိုင်ငံတွေ က လူများစုဖြစ်တဲ့ လူအယောက် ၅၀၀၀ နီးပါး သေဆုံးခဲ့ပြီးပါပြီ။

ဒီဗွီဘီ

No comments:

Post a Comment