Wednesday 5 November 2014

လူမှုဖူလုံရေး အာမခံလုပ်သားများ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသနိုင်ရန် ပူးပေါင်းဆောင်ရွက်လိုသူများကို ခေါ်ယူ

လူမှုဖူလုံရေးအာမခံ ကြေးပေးသွင်းထားသည့် အာမခံလုပ်သားများ ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းများတွင် အခမဲ့ဆေးကုသနိုင်ရန် ပူးပေါင်းဆောင်ရွက်လိုသည့် ဆေးရုံဆေးခန်းများကို အဆိုပြုလွှာ ခေါ်ယူရန် ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ လုပ်ငန်းတွင် ပူး ပေါင်းပါဝင်ရန် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းအချို့က စိတ်ဝင်စားမှုရှိ နေသော်လည်း ဆေးကုသမှုကုန် ကျစရိတ်တွက်ချက်မှုတွင် ကွာဟချက်များရှိနေသဖြင့် ယင်းကိစ္စကို အဓိကထား တွက်ချက် လေ့လာ နေရကြောင်း သိရသည်။

‘‘အခုချိန်ထိ ကမ်းလှမ်းထား တဲ့ ဆေးရုံ၊ ဆေးခန်း ၁၃ ခုလောက်တော့ရှိတယ်။ ဒါပေမဲ့ ဆွေးနွေး မှုတွေ ထပ်လုပ်စရာရှိသေးတယ်။ ရန်ပုံငွေစုဆောင်းရဦးမယ်။ ပြီးရင် ဘယ်လိုဘယ်ပုံနဲ့၊ လူနာတစ် ယောက်ကို ငွေဘယ်လောက်နှုန်း နဲ့ ကုသမှုလက်ခံပေးနိုင်မလဲဆို တဲ့ အဆိုပြုလွှာတွေ ထပ်ခေါ်သွား ရမယ်’’ဟု အလုပ် သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေးအဖွဲ့ (ဆေးဌာန)မှ တာဝန်ရှိသူက ပြော ကြားသည်။

ထိုသို့ ပုဂ္ဂလိကဆေးရုံ၊ ဆေး ခန်းများနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နိုင်ရေး အတွက် ILO ကလည်း လိုအပ်သည့် မူဝါဒပိုင်း ဆိုင်ရာ ရေးဆွဲခြင်း၊ ကနဦးစစ် တမ်းကောက်ယူခြင်းများ ကူညီဆောင်ရွက်ပေး လျက်ရှိသည်။

လူမှုဖူလုံရေးအာမခံကြေး ပေးသွင်းထားသည့် လုပ်သားများ အနေဖြင့် လက်ရှိအချိန်တွင် သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးဆေး ခန်းများတွင် အခမဲ့ဆေးကုသနိုင် ပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်ပါက အလုပ်သမား ဆေးရုံများတွင် အခမဲ့တက်ရောက်ကုသခွင့်ခံယူကာ ပြည်သူ့ဆေးရုံများသို့ တက်ရောက် ကုသမှုခံယူရန် လိုအပ်ပါက ယင်းဆေးရုံတွင် ၀ယ်ယူရမည့် ဆေးဖိုးကုန်ကျစရိတ်များ ပြန်လည်ထုတ်ယူ နိုင်ခြင်းတို့ကို လုပ်ဆောင်ထားသည်။

ထို့အပြင် ယခုနှစ်အတွင်း ၌ ရွေ့လျားဆေးကုသယာဉ်ဖြင့် စက်ရုံ၊ အလုပ်ရုံများသို့ သွား ရောက်ဆေး ကုသမှု လုပ်ဆောင် နိုင်ခဲ့ပြီး ပုဂ္ဂလိကဆေးရုံ၊ ဆေး ခန်းများနှင့် ချိတ်ဆက်လုပ်ဆောင် နိုင်သည့် အဆင့်ရောက်အောင် အရှိန်အဟုန်ဖြင့် ကြိုးစားနေ သည်ဟု သိရသည်။

လူမှုဖူလုံရေးအာမခံကြေးပေးသွင်းသည့် လုပ်သားဦးရေမှာလည်း ယခုနှစ်အတွင်း သိသာစွာ တိုးတက် လာခဲ့ပြီး ယခင်ကတစ်နိုင်ငံလုံးအတိုင်းအတာ ငါးသိန်းခန့်သာရှိရာမှ ယခုနှစ်တွင် ခုနစ်သိန်းကျော်အထိ ရှိလာခဲ့သည်။

7Day DAILY

No comments:

Post a Comment