Wednesday 5 November 2014

ကလောမြို့ သောက်သုံးရေဖြန့်ဖြူးရေး စီမံကိန်းအတွက် ဒေါ်လာတစ်သိန်းကျော် ဂျပန်ကူညီ

Photo: ကလောမြို့ သောက်သုံးရေဖြန့်ဖြူးရေး စီမံကိန်းအတွက် ဒေါ်လာတစ်သိန်းကျော် ဂျပန်ကူညီ
Wednesday, November 5, 2014

ရန်ကုန်−ရှမ်းပြည်နယ်၊ ကလော မြို့တွင် သောက်သုံးရေဖြန့်ဖြူး ရေးစီမံကိန်းကို ဂျပန်အစိုးရ၏ အ မေရိကန်ဒေါ်လာ တစ်သိန်းကျော် ကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာသို့ လွှဲပြောင်းပေး အပ်ခဲ့ကြောင်း ဂျပန်သံရုံးက သ တင်းထုတ်ပြန်သည်။

ဂျပန်အစိုးရ၏ အသေးစား စီမံကိန်းများ ထောက်ပံ့ရေးအစီ အစဉ်ဖြင့် သောက်သုံးရေ ဖြန့်ဖြူးရေး စီမံကိန်းကို ကူညီခဲ့ခြင်းဖြစ်ပြီး စီမံကိန်းဖွင့်လှစ်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကိုနိုဝင်ဘာ ၁ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ပေါ်မြို့ဖြစ်သော ကလော မြို့သည် ထုံးကျောက်အောက်ခံ မြေသားပေါ်တွင် တည်ရှိသော ကြောင့် စက်တူးတွင်းများမှ ရေ ကောင်း ရေသန့်ရရှိရန် ခက်ခဲနေ ပြီး ဒေသခံများအနေဖြင့် ရေ ထွက်ပေါက်များမှ သွယ်ယူထား သော ဖြန့်ဖြူးရေများကိုသာ အသုံးပြုနေရသည်။

မြို့ပေါ်ရှိ ရပ်ကွက်သုံးခုသို့ သွယ်တန်းထားသော ရေပိုက်များ သည် သက်တမ်းကြာမြင့်သော ကြောင့် ရေယိုစိမ့်၍ ရပ်ကွက်နေသူများ ဖြန့်ဖြူးရေလုံလောက်စွာ မရရှိဘဲ ရေ၀ယ်ယူသုံးစွဲနေခဲ့ရကြောင်း သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဂျပန်အစိုးရ၏ အသေးစား စီမံကိန်းများ ထောက်ပံ့ရေးအစီ အစဉ်ဖြင့် ရေထွက်စနစ်ကို ပြု ပြင်ခြင်း၊ သံပိုက်များဖြင့် ရေပိုက် သွယ်တန်းခြင်း၊ ရေတင်မော်တာ နှင့် ပန့်များ တပ်ဆင်ခြင်း၊ ရေသို လှောင်ကန်နှင့် ရေဖြန့်ဖြူးကန် များ တည်ဆောက်ရန် ပံ့ပိုးပေးခဲ့ ခြင်းဖြစ်သည်။

အထက်ပါ စီမံကိန်းတည် ဆောက်ခဲ့ခြင်းကြောင့် ဒေသခံ သုံးထောင်ကျော်အတွက် နေ့စဉ် ရေဂါလန် ခုနစ်သောင်းကျော် ဖြန့်ဝေပေးနိုင်မည်ဖြစ်ပြီး ဒေသခံများ၏ လူမှုစီးပွားဘ၀များတွင် အကျိုးသက်ရောက်မှု ဖြစ်စေမည်ဖြစ်ကြောင်း ဂျပန်သံရုံးက ဆို သည်။ မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများ ဆောင်ရွက်ရန် ဂျပန်အစိုးရသည် ၁၉၉၃ မှ စတင်၍ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေးနှင့် သဘာဝပတ်ဝန်းကျင်၊ အခြေခံအဆောက်အအုံနှင့် အခြားလုပ်ငန်းများအတွက် စီမံကိန်းပေါင်း ၆၉၀ ကျော် တည်ဆောက်ရန် ပံ့ပိုးပေးခဲ့ပြီးဖြစ်သည်။

7Day DAILY 

ကလောမြို့တောင်ပေါ် ရှုခင်းကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ))

ကလောမြို့တောင်ပေါ် ရှုခင်းကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ))

ရန်ကုန်−ရှမ်းပြည်နယ်၊ ကလော မြို့တွင် သောက်သုံးရေဖြန့်ဖြူး ရေးစီမံကိန်းကို ဂျပန်အစိုးရ၏ အ မေရိကန် ဒေါ်လာ တစ်သိန်းကျော် ကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာသို့ လွှဲပြောင်းပေး အပ်ခဲ့ကြောင်း ဂျပန်သံရုံးက သ တင်းထုတ်ပြန်သည်။

ဂျပန်အစိုးရ၏ အသေးစား စီမံကိန်းများ ထောက်ပံ့ရေးအစီ အစဉ်ဖြင့် သောက်သုံးရေ ဖြန့်ဖြူးရေး စီမံကိန်း ကို ကူညီခဲ့ခြင်းဖြစ်ပြီး စီမံကိန်းဖွင့်လှစ်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကိုနိုဝင်ဘာ ၁ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ပေါ်မြို့ဖြစ်သော ကလောမြို့သည် ထုံးကျောက်အောက်ခံ မြေသားပေါ် တွင် တည်ရှိသောကြောင့် စက်တူးတွင်းများမှ ရေကောင်း ရေသန့်ရရှိရန် ခက်ခဲနေပြီး ဒေသခံများ အနေ ဖြင့် ရေ ထွက်ပေါက်များမှ သွယ်ယူထား သော ဖြန့်ဖြူးရေများကိုသာ အသုံးပြုနေရသည်။

မြို့ပေါ်ရှိ ရပ်ကွက်သုံးခုသို့ သွယ်တန်းထားသော ရေပိုက်များ သည် သက်တမ်းကြာမြင့်သော ကြောင့် ရေယိုစိမ့်၍ ရပ်ကွက်နေသူများ ဖြန့်ဖြူးရေလုံလောက်စွာ မရရှိဘဲ ရေ၀ယ်ယူသုံးစွဲနေခဲ့ရကြောင်း သံရုံး ထုတ်ပြန် ချက်တွင် ဖော်ပြသည်။

ဂျပန်အစိုးရ၏ အသေးစား စီမံကိန်းများ ထောက်ပံ့ရေးအစီ အစဉ်ဖြင့် ရေထွက်စနစ်ကို ပြု ပြင်ခြင်း၊ သံပိုက်များဖြင့် ရေပိုက် သွယ်တန်းခြင်း၊ ရေတင်မော်တာ နှင့် ပန့်များ တပ်ဆင်ခြင်း၊ ရေသို လှောင်ကန်နှင့် ရေဖြန့်ဖြူးကန် များ တည်ဆောက်ရန် ပံ့ပိုးပေးခဲ့ ခြင်းဖြစ်သည်။

အထက်ပါ စီမံကိန်းတည် ဆောက်ခဲ့ခြင်းကြောင့် ဒေသခံ သုံးထောင်ကျော်အတွက် နေ့စဉ် ရေဂါလန် ခုနစ်သောင်းကျော် ဖြန့်ဝေပေးနိုင်မည်ဖြစ်ပြီး ဒေသခံများ၏ လူမှုစီးပွားဘ၀များတွင် အကျိုးသက်ရောက်မှု ဖြစ်စေမည်ဖြစ်ကြောင်း ဂျပန်သံရုံးက ဆို သည်။ မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများ ဆောင်ရွက်ရန် ဂျပန်အစိုးရသည် ၁၉၉၃ မှ စတင်၍ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေးနှင့် သဘာဝပတ်ဝန်းကျင်၊ အခြေခံအဆောက်အအုံနှင့် အခြားလုပ်ငန်းများအတွက် စီမံကိန်းပေါင်း ၆၉၀ ကျော် တည်ဆောက်ရန် ပံ့ပိုးပေးခဲ့ပြီးဖြစ်သည်။

7Day DAILY

No comments:

Post a Comment