Tuesday 4 November 2014

ရာသီဥတု အခြေအနေကြောင့် တောင်ကြီးမီးပုံးပျံပွဲ ပြိုင်ပွဲဝင်မီးပုံးများ မလွှတ်တင်ဘဲ ရွှေ့ဆိုင်းလိုက်ရ

Photo: ရာသီဥတု အခြေအနေကြောင့် တောင်ကြီးမီးပုံးပျံပွဲ ပြိုင်ပွဲဝင်မီးပုံးများ မလွှတ်တင်ဘဲ ရွှေ့ဆိုင်းလိုက်ရ
Tuesday, November 4, 2014

ရာသီဥတု အခြေအနေ ဆိုးရွားနေမှုကြောင့် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပြိုင်ပွဲဝင် ညမီးကြီး မီးပုံးပျံအဖွဲ့မှာ နိုဝင်ဘာ ၃ ရက်က လွှတ်တင်ယှဉ်ပြိုင်မှု မလုပ်ခဲ့ဘဲ ရက်ရွှေ့ဆိုင်းလိုက်ရသည်ဟု နဂါးနီညမီးကြီး မီးပုံးပျံ မီးအဖွဲ့ခေါင်းဆောင် ခွန်ကိုးကိုးက မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာ ၁၁ ရက် ည ၁၁ နာရီနောက်ပိုင်းတွင် အဝေရာမီးပုံးပျံကွင်းအတွင်း မြူများကျဆင်းကာ ပိတ်မှောင်သွားပြီး လေပြင်းများ တိုက်ခိုက်လာခဲ့ခြင်းကြောင့် ပြိုင်ပွဲဝင် မီးပုံးပျံများ လွှတ်တင်ရန် အခဲအခဲ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်သည်ဟု မီးပုံးပျံပြိုင်ပွဲဝင် အဖွဲ့များက ဆိုသည်။

"နှင်းတွေကျနေတော့ ယမ်းက ငိုတာတွေဘာတွေဖြစ်တတ်တယ်၊ တိမ်ထဲဝင်သွားရင်လည်း ယမ်းမီးကျဉ်တွေက မမြင်ရတော့ဘူး။ လေတွေ တိုက်တော့လည်း  မီးပုံးပျံ ထောင်လို့မရဘူး” ဟု နဂါးနီ ညမီးကြီး မီးပုံးပျံ အဖွဲ့မှ ခေါင်းဆောင် ခွန်ကိုးကိုးက မဇ္ဈိမကို ပြောသည်။

မီးပုံးပျံ အဖွဲ့များအနေဖြင့် လနှင့်ချီ အချိန်ယူ ပြင်ဆင်ထားကြသည့်အတွက် အောင်အောင်မြင်မြင် လွှတ်တင်နိုင်သည့် ရာသီဥတု အခြေနေ မရှိခြင်းကြောင့် ရက်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ပြီး ကျန်သည့် ပြိုင်ပွဲရက်အတွင်း အလှည့်ကျ လွှတ်တင်နိုင်ရန် စီစဉ်သွားမည်ဟုလည်း စက္ကုပသာဒ အမှတ်ပေးဒိုင် အဖွဲ့ခေါင်းဆောင် ဦးတင်ဝင်းက မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာ ၃ ရက် ည ၇ နာရီမှ ၁၁ နာရီ အထိ စိန်နားပန် မီးပုံးပျံ အမျိုးအစား ၄ လုံးနှင့် ညမီးကြီး မီးပုံးပျံ ၂ လုံး စုစုပေါင်း ၆ လုံးသာ လွှတ်တင်နိုင်ခဲ့ပြီး မီးပုံးပျံ ၁၀ လုံးကျော် ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို အဝေရာမီးပုံးပျံကွင်းတွင် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၇ ရက် အထိ ကျင်းပသွားမည်ဖြစ်ပြီး ညမီးကြီး ၈၉ လုံး၊ စိန်နားပန် မီးပုံးပျံ ၃၄ လုံး နှင့် နေ့လွတ် ခြေနှစ်ချောင်းအရုပ် ၉၀၊ ခြေလေးချောင်း အရုပ် ၆၂၊ အုပ်စု ၃၀ လုံး စုစုပေါင်းမီးပုံးပျံ အရေတွက် အလုံးပေါင်း (၃၀၀) ကျော် ပါဝင်ယှဉ် ပြိုင်ကြမည်ဖြစ်သည်ဟု တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပရေး ဆပ်ကော်မတီမှ သိရသည်။

Mizzima - News in Burmese 

(ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း၊ မဇ္ဈိမ)

(ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း၊ မဇ္ဈိမ)

ရာသီဥတု အခြေအနေ ဆိုးရွားနေမှုကြောင့် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပြိုင်ပွဲဝင် ညမီးကြီး မီးပုံးပျံ အဖွဲ့မှာ နိုဝင်ဘာ ၃ ရက်က လွှတ်တင်ယှဉ်ပြိုင်မှု မလုပ်ခဲ့ဘဲ ရက်ရွှေ့ဆိုင်းလိုက်ရသည်ဟု နဂါးနီညမီးကြီး မီးပုံးပျံ မီးအဖွဲ့ခေါင်းဆောင် ခွန်ကိုးကိုးက မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာ ၁၁ ရက် ည ၁၁ နာရီနောက်ပိုင်းတွင် အဝေရာမီးပုံးပျံကွင်းအတွင်း မြူများကျဆင်းကာ ပိတ်မှောင်သွားပြီး လေပြင်းများ တိုက်ခိုက်လာခဲ့ခြင်းကြောင့် ပြိုင်ပွဲဝင် မီးပုံးပျံများ လွှတ်တင်ရန် အခဲအခဲ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်သည်ဟု မီးပုံးပျံပြိုင်ပွဲဝင် အဖွဲ့များက ဆိုသည်။

"နှင်းတွေကျနေတော့ ယမ်းက ငိုတာတွေဘာတွေဖြစ်တတ်တယ်၊ တိမ်ထဲဝင်သွားရင်လည်း ယမ်းမီးကျဉ် တွေ က မမြင်ရတော့ဘူး။ လေတွေ တိုက်တော့လည်း  မီးပုံးပျံ ထောင်လို့မရဘူး” ဟု နဂါးနီ ညမီးကြီး မီးပုံးပျံ အဖွဲ့မှ ခေါင်းဆောင် ခွန်ကိုးကိုးက မဇ္ဈိမကို ပြောသည်။

မီးပုံးပျံ အဖွဲ့များအနေဖြင့် လနှင့်ချီ အချိန်ယူ ပြင်ဆင်ထားကြသည့်အတွက် အောင်အောင်မြင်မြင် လွှတ် တင်နိုင်သည့် ရာသီဥတု အခြေနေ မရှိခြင်းကြောင့် ရက်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ပြီး ကျန်သည့် ပြိုင်ပွဲရက်အတွင်း အလှည့်ကျ လွှတ်တင်နိုင်ရန် စီစဉ်သွားမည်ဟုလည်း စက္ကုပသာဒ အမှတ်ပေးဒိုင် အဖွဲ့ခေါင်းဆောင် ဦးတင်ဝင်းက မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာ ၃ ရက် ည ၇ နာရီမှ ၁၁ နာရီ အထိ စိန်နားပန် မီးပုံးပျံ အမျိုးအစား ၄ လုံးနှင့် ညမီးကြီး မီးပုံးပျံ ၂ လုံး စုစုပေါင်း ၆ လုံးသာ လွှတ်တင်နိုင်ခဲ့ပြီး မီးပုံးပျံ ၁၀ လုံးကျော် ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို အဝေရာမီးပုံးပျံကွင်းတွင် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၇ ရက် အထိ ကျင်းပသွားမည်ဖြစ်ပြီး ညမီးကြီး ၈၉ လုံး၊ စိန်နားပန် မီးပုံးပျံ ၃၄ လုံး နှင့် နေ့လွတ် ခြေနှစ်ချောင်းအရုပ် ၉၀၊ ခြေလေးချောင်း အရုပ် ၆၂၊ အုပ်စု ၃၀ လုံး စုစုပေါင်းမီးပုံးပျံ အရေတွက် အလုံးပေါင်း (၃၀၀) ကျော် ပါဝင်ယှဉ် ပြိုင်ကြမည်ဖြစ်သည်ဟု တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပရေး ဆပ်ကော်မတီမှ သိရသည်။

Mizzima - News in Burmese

No comments:

Post a Comment