Saturday 1 November 2014

ပြည်တွင်းရွှေဈေး သုံးရက်အတွင်း ကျပ်နှစ်သောင်းကျော် ဈေးကျ

အမေရိကန်ဒေါ်လာဈေး တက်ချိန်တွင် ကမ္ဘာ့ရွှေဈေး အကျများသည့်အတွက် ပြည်တွင်းရွှေဈေး သုံးရက် အတွင်း ကျပ်နှစ်သောင်းကျော် ဈေးကျသွားခဲ့ ကြောင်း ရွှေဈေးကွက်မှ သတင်း ရရှိသည်။

ကမ္ဘာ့ရွှေဈေးသည်  တစ် အောင်စလျှင် ၁,၂၃၀ ဒေါ်လာ ကျော် ရှိနေရာမှ ယခုရက်ပိုင်းတွင် ၁,၁၇၀ ဒေါ်လာ ၀န်းကျင်ထိ ဈေးကျခဲ့သည်။

ပြည်တွင်း ရွှေဈေးမှာလည်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၆၇,၀၀၀ ကျပ်ရှိနေရာမှ အောက်တိုဘာ ၃၁ ရက် တွင် ၆၄၅,၀၀၀ ကျပ်ထိ ဈေးနှုန်းများ ကျဆင်းလာခဲ့သည်။

‘‘ကမ္ဘာ့ဈေးတွေ ထိုးကျသွား လို့ ပြည်တွင်းဈေးကလည်း အများကြီးကျသွားတာ’’ ဟု တိတ်စိန် ရွှေဆိုင်မှ ရွှေလုပ်ငန်းရှင်တစ်ဦး က ပြောသည်။

ရွှေဈေး ကျသည့်အတွက် အထည်ဈေးကွက်၏ အရောင်းအ၀ယ်မှာ ပြောင်းလဲမှုမရှိသော်လည်း အပိုင်း ဈေးကွက်တွင် ၀ယ် ယူစုဆောင်းသူ  အချို့ကြောင့် ၀ယ်အားမြင့်တက်လာခဲ့သည်ဟု ရွှေဆိုင် လုပ်ငန်းရှင် တစ်ဦးက ဆို သည်။

ရွှေဈေးသည် ယခုနှစ်လည် ပိုင်းမှ စကာ ကျပ် ၆၅၀,၀၀၀ ၀န်းကျင်တွင် ကျပ်ထောင်ဂဏန်း ပြောင်းလဲမှု များဖြင့် ဈေးငြိမ်နေ ခဲ့ရာမှ ယခုရက်ပိုင်းတွင် ဈေးနှုန်း အတက်အကျ ကြမ်းခဲ့ကြောင်း သိရသည်။

ပြည်တွင်းရွှေဈေးကွက်တွင် ရွှေဝယ်ထားသူများမှာ တစ်နှစ် ပတ်လုံး အရှုံးနှင့် ရင်ဆိုင်နေ ရသည့်အတွက် ဈေးအနည်းငယ် ပြောင်းလဲရုံဖြင့် ၀ယ်ယူစုဆောင်း မှုမရှိတော့ဘဲ ယခုတစ်ကြိမ် ဈေး ပြောင်းလဲမှုများမှသာ ၀ယ်ယူသူ ပြန်များလာခဲ့ကြောင်း သိရသည်။

ယခု အပိုင်းဝယ်ယူသူများ မှာလည်း ကာလရှည် စုဆောင်း လိုသူများထက် ရုတ်တရက် ဈေးကျဆင်းချိန် တွင် ဈေးကစားလိုသူ များ ၀ယ်ယူမှု ပိုများကြောင်း သိရ သည်။

 လက်ရှိ ပြည်တွင်းဈေးမှာ နယ်စပ် ရွှေဈေးထက် ကျပ်တစ် သောင်းကျော် မြင့်နေ၍ ပြီးခဲ့ သည့် ရက်ပိုင်းက အ၀င်နည်းခဲ့ သော နယ်စပ်ရွှေများလည်း ပြန် လည် ၀င်ရောက်လာနိုင်သည်ဟု သိရသည်။

7Day DAILY 

No comments:

Post a Comment