Saturday 13 September 2014

ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည်

Photo: ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည်
Saturday, September 13, 2014

ထိုင်းစစ်အစိုးရသည် စစ်အုပ်ချုပ်မှုအောက် ကျရောက်ခဲ့သည့် အိမ် နီးချင်းမြန်မာနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ကြိုးပမ်းနေသဖြင့် ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ရာထူးရယူပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားသည်။

ပရာယွတ်သည် မြန်မာနိုင်ငံသို့ မြန်နိုင်သမျှ အမြန်ဆုံး သွားရောက်မည်ဖြစ်ကြောင်း၊ ယခုလမကုန်မီ သို့မဟုတ် အောက်တိုဘာအစောပိုင်းတွင် ဖြစ်နိုင်ကြောင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက ပြောကြားသည်။ မြန်မာနိုင်ငံသည် လက်ရှိတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်သဖြင့် သွားရောက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဒွန်ကပြောကြားသည်။ ပရာယွတ်သည် မြန်မာနိုင်ငံပြီးနောက် မလေးရှားနှင့် အခြားအာဆီယံအဖွဲ့ဝင် နိုင်ငံများသို့ သွားရောက်နိုင်ကြောင်းလည်း ၎င်းကပြောကြားသည်။

စစ်အုပ်ချုပ်မှုအောက် ကျရောက်ခဲ့သော မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာကြာ အနောက်နိုင်ငံ အသိုင်းအ၀ိုင်း၏ ဖယ်ကြဉ်ခံခဲ့ရသော်လည်း ၂၀၁၁ ခုနှစ်တွင် အရပ်သားအစိုးရ အာဏာရပြီးကတည်းက ပြုပြင်ပြောင်းလဲမှုများအတွက် ချီးကျူးခံနေရသည်။ ထိုစဉ် ထိုင်းအာဏာသိမ်းစစ်အစိုးရသည် ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းမှုကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂ၏ ပြစ်တင်ဝေဖန်ခံနေရသည်။ ယင်းက အိမ်နီးချင်းအာရှနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ထိုင်းစစ်အစိုးရအား စေ့ဆော်နေသည်။

ပြီးခဲ့သည့်ဇူလိုင်က မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘန်ကောက်သို့သွားရောက်စဉ် ထိုင်းစစ်တပ်က မြန်မာနိုင်ငံ၏ ထောက်ခံမှုကို ရရှိကြောင်း ကြေညာခဲ့သည်။ မေ ၂၂ ရက် အာဏာသိမ်းမှုနောက်ပိုင်းကတည်းက ထိုင်းစစ်အစိုးရက ဆန္ဒပြသူများကို ဖမ်းဆီးခြင်း၊ မီဒီယာများကို ဖိနှိပ်ခြင်းနှင့် မာရှယ်လောချိုးဖောက်သူများကို စစ်ခုံရုံးတင်ရန် ခြိမ်းခြောက်ခြင်းတို့ဖြင့် နိုင်ငံတွင်းသဘောထားကွဲလွဲမှုများကို လျှော့ချနေသည်။

ပြီးခဲ့သည့်မေလက ပထမအကြိမ်အာဆီယံ ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပခဲ့သည့် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်အဖြစ် ၁၇ နှစ်တိုင်ပြီဖြစ်သော်လည်း ၎င်း၏လူ့အခွင့်အရေး မှတ်တမ်းများနှင့် ထိုစဉ်က စစ်အစိုးရ၏ ဒီမိုကရေစီစနစ်သို့ မပြောင်းလဲမှုတို့ကြောင့် ၂၀၀၆ ခုနှစ်က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ရန် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။

ထိုင်းတွင် ယင်လက်အစိုးရကို လအတန်ကြာ ဆန္ဒပြမှုများကြောင့် လူ ၂၈ ဦးသေဆုံးပြီး ရာနှင့်ချီ၍ ဒဏ်ရာရခဲ့ပြီးနောက် ၎င်းသည် အာဏာရယူရန် ဖိအားပေးခံခဲ့ရသည်ဟု ပရာယွတ်က ပြောကြားထားသည်။ ဒီမိုကရေစီသို့ပြန်လှည့်ရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းက တောင်းပန်နေသော်လည်း ၂၀၁၅ ခုနှစ်အောက်တိုဘာမတိုင်မီ ရွေးကောက်ပွဲမပြုလုပ်ဟု ပရာယွတ်က ကြေညာထားသည်။ မြန်မာနိုင်ငံကလည်း ရှေ့နှစ်တွင် ပါလီမန်ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေသည်။

Ref:AFP
Eleven Media Group 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးပရာယွတ်ချန်အိုချာတို့ ဇူလိုင် ၄ ရက်က ဘန်ကောက်၌ တွေ့ဆုံဆွေးနွေးစဉ် (Photo:AFP)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးပရာယွတ်ချန်အိုချာတို့ ဇူလိုင် ၄ ရက်က ဘန်ကောက်၌ တွေ့ဆုံဆွေးနွေးစဉ် (Photo:AFP)
ထိုင်းစစ်အစိုးရသည် စစ်အုပ်ချုပ်မှုအောက် ကျရောက်ခဲ့သည့် အိမ် နီးချင်းမြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်ရန် ကြိုးပမ်းနေသဖြင့် ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ရာထူး ရယူပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားသည်။

ပရာယွတ်သည် မြန်မာနိုင်ငံသို့ မြန်နိုင်သမျှ အမြန်ဆုံး သွားရောက်မည်ဖြစ်ကြောင်း၊ ယခုလမကုန်မီ သို့မဟုတ် အောက်တိုဘာအစောပိုင်းတွင် ဖြစ်နိုင်ကြောင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက ပြောကြားသည်။ မြန်မာနိုင်ငံသည် လက်ရှိတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်သဖြင့် သွားရောက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဒွန်ကပြောကြားသည်။ ပရာယွတ်သည် မြန်မာနိုင်ငံပြီးနောက် မလေးရှားနှင့် အခြားအာဆီယံအဖွဲ့ဝင် နိုင်ငံများသို့ သွားရောက်နိုင်ကြောင်းလည်း ၎င်းကပြောကြားသည်။

စစ်အုပ်ချုပ်မှုအောက် ကျရောက်ခဲ့သော မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာကြာ အနောက်နိုင်ငံ အသိုင်း အ၀ိုင်း၏ ဖယ်ကြဉ်ခံခဲ့ရသော်လည်း ၂၀၁၁ ခုနှစ်တွင် အရပ်သားအစိုးရ အာဏာရပြီးကတည်းက ပြုပြင်ပြောင်းလဲမှုများအတွက် ချီးကျူးခံနေရသည်။ ထိုစဉ် ထိုင်းအာဏာသိမ်းစစ်အစိုးရသည် ရွေးကောက်ခံ အစိုးရထံမှ အာဏာသိမ်းမှုကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂ၏ ပြစ်တင်ဝေဖန်ခံနေရသည်။ ယင်းက အိမ်နီးချင်းအာရှနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ထိုင်းစစ်အစိုးရအား စေ့ဆော်နေသည်။

ပြီးခဲ့သည့်ဇူလိုင်က မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘန်ကောက်သို့သွားရောက်စဉ် ထိုင်းစစ်တပ်က မြန်မာနိုင်ငံ၏ ထောက်ခံမှုကို ရရှိကြောင်း ကြေညာခဲ့သည်။ မေ ၂၂ ရက် အာဏာသိမ်းမှုနောက်ပိုင်းကတည်းက ထိုင်းစစ်အစိုးရက ဆန္ဒပြသူများကို ဖမ်းဆီးခြင်း၊ မီဒီယာများကို ဖိနှိပ်ခြင်းနှင့် မာရှယ်လောချိုးဖောက်သူများကို စစ်ခုံရုံးတင်ရန် ခြိမ်းခြောက်ခြင်းတို့ဖြင့် နိုင်ငံတွင်းသဘောထားကွဲလွဲမှုများကို လျှော့ချနေသည်။

ပြီးခဲ့သည့်မေလက ပထမအကြိမ်အာဆီယံ ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပခဲ့သည့် မြန်မာနိုင်ငံ သည် အာဆီယံအဖွဲ့ဝင်အဖြစ် ၁၇ နှစ်တိုင်ပြီဖြစ်သော်လည်း ၎င်း၏လူ့အခွင့်အရေး မှတ်တမ်းများနှင့် ထိုစဉ်က စစ်အစိုးရ၏ ဒီမိုကရေစီစနစ်သို့ မပြောင်းလဲမှုတို့ကြောင့် ၂၀၀၆ ခုနှစ်က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ရန် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။

ထိုင်းတွင် ယင်လက်အစိုးရကို လအတန်ကြာ ဆန္ဒပြမှုများကြောင့် လူ ၂၈ ဦးသေဆုံးပြီး ရာနှင့်ချီ၍ ဒဏ်ရာ ရခဲ့ပြီးနောက် ၎င်းသည် အာဏာရယူရန် ဖိအားပေးခံခဲ့ရသည်ဟု ပရာယွတ်က ပြောကြားထားသည်။ ဒီမိုကရေစီသို့ ပြန်လှည့် ရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းက တောင်းပန်နေသော်လည်း ၂၀၁၅ ခုနှစ် အောက်တိုဘာ မတိုင်မီ ရွေးကောက်ပွဲမပြုလုပ်ဟု ပရာယွတ်က ကြေညာထားသည်။ မြန်မာနိုင်ငံကလည်း ရှေ့နှစ် တွင် ပါလီမန်ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေသည်။

Ref:AFP
Eleven Media Group 

No comments:

Post a Comment