Saturday 13 September 2014

All We Had ဇာတ်ကားနဲ့ ဒါရိုက်တာတစ်ဦးအဖြစ် ပထမဆုံးပွဲထွက်မယ့် ကေတီဟုမ်း

Photo: All We Had ဇာတ်ကားနဲ့ ဒါရိုက်တာတစ်ဦးအဖြစ် ပထမဆုံးပွဲထွက်မယ့် ကေတီဟုမ်း
Saturday, September 13, 2014

အမေရိကန် သရုပ်ဆောင်မင်းသမီး ကေတီ ဟုမ်းသည် စာရေးဆရာမ အန် နီဝယ်သာဝက်စ်ရေးသားသော All We had ၀တ္ထုကို အခြေခံရိုက်ကူးမည့်   ရုပ်ရှင်ဇာတ်ကား၌ ပါဝင်သရုပ်ဆောင်မည်ဖြစ်ပြီး ဒါရိုက်တာအဖြစ်လည်း ဆောင်ရွက်မည်ဟု ရုပ်ရှင်ထုတ်လုပ်သူများက အတည်ပြုပြောကြားသည်။

 ကေတီဟုမ်းသည် ရုပ်ရှင် ဇာတ်ကားတစ်ကားကို ဒါရိုက် တာတစ်ဦးအဖြစ် ပထမဆုံးအ ကြိမ် တာဝန်ယူဆောင်ရွက်ခြင်း ဖြစ်သည်။

 ဟောလိဝုဒ်မင်းသမီး ကေ တီဟုမ်းသည် ယင်းရုပ်ရှင်ဇာတ် ကားတွင် ဆယ်ကျော်သက်သမီး ဖြစ်သူနှင့်အတူ ဆင်းရဲမှုကို အ ပြင်းအထန်ရင်ဆိုင်နေရသော မိခင်တစ်ဦးအဖြစ်  သရုပ်ဆောင်မည်ဖြစ်သည်။ ယင်းရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာဂျို့ရှ်ဘွန်းက ဇာတ်ညွှန်းရေးသား၍ ဂျိန်းရိုဆန်သယ်က ထုတ်လုပ်ပေးမည်ဖြစ်သည်။

‘‘ဂျိန်း၊ ဂျို့ရှ်တို့နဲ့အတူ ဒီ ဇာတ်ကားကို ပူးပေါင်းရိုက်ကူးခွင့် ရလို့ အရမ်းစိတ်လှုပ်ရှားပြီး ဂုဏ် ယူမိပါတယ်’’ ဟု ကေတီဟုမ်းက ပြောသည်။

  ကေတီဟုမ်းပါဝင်သရုပ် ဆောင်ထားသော The Give ရုပ်ရှင်ဇာတ်ကားကို ပြီးခဲ့သည့် သြ ဂုတ်လတွင် ရုံတင်ပြသခဲ့ပြီး Ma-nia Days ရုပ်ရှင်ကို ယခုနှစ်ကုန်ပိုင်းတွင် ရုံတင်ပြသမည်ဖြစ်သည်။

7Day DAILY
အမေရိကန် သရုပ်ဆောင်မင်းသမီး ကေတီ ဟုမ်းသည် စာရေးဆရာမ အန် နီဝယ်သာဝက်စ်ရေးသားသော All We had ၀တ္ထုကို အခြေခံရိုက်ကူးမည့်   ရုပ်ရှင်ဇာတ်ကား၌ ပါဝင်သရုပ်ဆောင်မည်ဖြစ်ပြီး ဒါရိုက်တာ အဖြစ် လည်း ဆောင်ရွက်မည်ဟု ရုပ်ရှင်ထုတ်လုပ်သူများက အတည်ပြုပြောကြားသည်။

 ကေတီဟုမ်းသည် ရုပ်ရှင် ဇာတ်ကားတစ်ကားကို ဒါရိုက်တာတစ်ဦးအဖြစ် ပထမဆုံးအကြိမ် တာဝန်ယူ ဆောင်ရွက်ခြင်း ဖြစ်သည်။

 ဟောလိဝုဒ်မင်းသမီး ကေ တီဟုမ်းသည် ယင်းရုပ်ရှင်ဇာတ် ကားတွင် ဆယ်ကျော်သက်သမီး ဖြစ်သူနှင့်အတူ ဆင်းရဲမှုကို အ ပြင်းအထန်ရင်ဆိုင်နေရသော မိခင်တစ်ဦးအဖြစ်  သရုပ်ဆောင်မည်ဖြစ်သည်။  ယင်းရုပ်ရှင် ဇာတ်ကားကို ဒါရိုက်တာဂျို့ရှ်ဘွန်းက ဇာတ်ညွှန်းရေးသား၍ ဂျိန်းရိုဆန်သယ်က ထုတ်လုပ်ပေးမည်ဖြစ်သည်။

‘‘ဂျိန်း၊ ဂျို့ရှ်တို့နဲ့အတူ ဒီ ဇာတ်ကားကို ပူးပေါင်းရိုက်ကူးခွင့် ရလို့ အရမ်းစိတ်လှုပ်ရှားပြီး ဂုဏ် ယူမိပါတယ်’’ ဟု ကေတီဟုမ်းက ပြောသည်။

  ကေတီဟုမ်းပါဝင်သရုပ် ဆောင်ထားသော The Give ရုပ်ရှင်ဇာတ်ကားကို ပြီးခဲ့သည့် သြ ဂုတ်လတွင် ရုံတင်ပြသခဲ့ပြီး Ma-nia Days ရုပ်ရှင်ကို ယခုနှစ်ကုန်ပိုင်းတွင် ရုံတင်ပြသမည်ဖြစ်သည်။

7Day DAILY

No comments:

Post a Comment