Saturday 13 September 2014

ထာဝရငြိမ်းချမ်းရေးအတွက် မူဘောင်တစ်ရပ် ယခုလအတွင်း UNA ရေးဆွဲမည်ဟုဆို

နိုင်ငံရေးတွေ့ဆုံပွဲတွင် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် တင်ပြမည့်မူဘောင်တစ်ရပ်ကို ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီများဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) က ယခုလအတွင်း ပြီးစီးအောင် ရေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပသည့်အချိန်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှ တစ် ဆင့် ထာဝရငြိမ်းချမ်းရေးရရှိ အောင် ဆောင်ရွက်ရမည့် အချက်များ၊ ပဋိပက္ခများ ထပ်မံဖြစ် ပေါ်မှုမရှိအောင် ရှောင်ရှားရမည့် အချက်များအပါအ၀င် တိုင်းရင်းသားများ လိုလားသည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ တည်ဆောက် ရေးအတွက် အကြံပြုထားသည်များကို ထည့်သွင်းရေးဆွဲမည်ဖြစ်သည်ဟု UNA အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးအေးသာအောင်က ပြောသည်။

အဆိုပါ မူဘောင်ကို ရေး ဆွဲနိုင်ရေးအတွက် စက်တင်ဘာ ၁၆ ရက်တွင် UNA အဖွဲ့ဝင်ခေါင်း ဆောင်များ၏ အစည်းအဝေးတစ် ရပ်ကို ကျင်းပရန်ရှိပြီး မူဘောင် ရေးဆွဲရာ၌ ထည့်သွင်းသင့် သည့်အချက်များကို ထည့်သွင်းနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည် ဖြစ်သည်ဟုလည်း ဦးအေးသာအောင်က ဆိုသည်။

 ၁၉၉၀ အထွေထွေရွေး ကောက်ပွဲတွင် ၀င်ရောက်ယှဉ် ပြိုင်ရာ၌ အနိုင်ရရှိခဲ့သော ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအ ဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒီမို ကရေစီပါတီစသည့် တိုင်းရင်း သားပါတီများဖြင့် UNA ကို ဖွဲ့ စည်းထားခြင်းဖြစ်ကာ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များ စုဖွဲ့ထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC) နှင့်လည်း မဟာမိတ်ဖွဲ့ထားသည်။

လက်ရှိအချိန်တွင် နိုင်ငံရေး ဆွေးနွေးပွဲအတွက် မူဘောင်တစ် ရပ်ချမှတ်နိုင်ရန် စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်များတွင် နိုင်ငံရေးပါတီ ၆၀ ကျော် တွေ့ ဆုံနိုင်ရန် နိုင်ငံရေးပါတီ ၁၀ ပါတီ ခန့်ဖြင့် ဖွဲ့စည်းထားသော ဖက်ဒ ရယ်ဒီမိုကရေစီမဟာမိတ်ပါတီ (FDA) နှင့် တိုင်းရင်းသားနိုင်ငံရေး ပါတီများဖြင့် ဖွဲ့စည်းထားသည့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) တို့က ဦး ဆောင်စုစည်းမှုများ ပြုလုပ်နေ သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပြီးပါက နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပရာတွင် နိုင်ငံရေးပါတီ များမှ ကိုယ်စားလှယ် များ တက်ရောက်ဆွေးနွေးရန် ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေး လက်မှတ် ရေးထိုးပြီးပါက ရက် ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ရေးဆွဲရန်၊ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရန် နှစ်ဖက် သဘောတူထားခဲ့သည်။

7Day DAILY

No comments:

Post a Comment