Saturday 13 September 2014

NBF မှ စီစဉ်သော နိုင်ငံရေးဆွေးနွေးပွဲမူဘောင်နှင့် ပတ်သက်၍ နိုင်ငံရေး ပါတီများ ရန်ကုန်မြို့၌ ယနေ့အကြိုညှိနှိုင်းဆွေးနွေးမည်

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) မှ စီစဉ်သော နိုင်ငံရေး ဆွေးနွေး ပွဲမူဘောင်နှင့် ပတ်သက် ၍ နိုင်ငံရေးပါတီများ အကြိုညှိနှိုင်းဆွေးနွေး ပွဲအား စက်တင်ဘာ ၁၃ ရက် (ယနေ့)တွင် ရန်ကုန်မြို့၊ ဖိုးစိန်လမ်း ရှိ GreenHill ဟိုတယ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါဆွေးနွေးပွဲအား စက်တင်ဘာ ၁၄ ရက်အထိ နှစ်ရက်ကြာပြုလုပ် သွားမည်ဖြစ်ပြီး ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်းအနေဖြင့် အဆိုပါ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ဆိုင်ရာ အကြိုညှိနှိုင်း ဆွေးနွေးပွဲသို့ တက်ရောက် ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ အပါအဝင် နိုင်ငံရေးပါတီ ၆၇ ခုအား ဖိတ်ကြားထားကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်ကလည်း ညီနောင်တိုင်းရင်းသားများ ဖက်ဒရေး ရှင်း (NBF) မှ ကမကထပြု ၍ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါတီများအနေဖြင့် သဘောထားတစ်ခုတည်း ဖြစ်စေရေးအတွက် ကြိုတင်ပြင် ဆင်သည့်အနေဖြင့် အလွတ်သဘောဆွေးနွေးမှု ပြုလုပ်ခဲ့ရာ NBF အဖွဲ့ဝင် တိုင်းရင်းသားပါတီ ၂ဝ၊ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA) အဖွဲ့ဝင် ၁၁ ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ စုစုပေါင်း ၃၃ ပါတီ တက်ရောက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) အနေဖြင့်မူ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင် တစ်ရပ်အား ရေးဆွဲထားရှိပြီးဖြစ်သည်။ ဩဂုတ် ၁၈ ရက်က ရန်ကုန်မြို့၊ မြန်မာ့ငြိမ်းချမ်းရေး စင်တာတွင် ပြုလုပ်ခဲ့သည့် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) နှင့် တိုင်းရင်းသားပါတီများ တွေ့ဆုံပွဲ တွင် တိုင်းရင်းသားပါတီ ၂ဝ ကျော်ပါဝင်သည့် ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF)အနေဖြင့် ဖက်ဒရေးရှင်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ချင်းအမျိုး သား ဒီမိုကရေစီပါတီမှ ဦးဇိုဇမ်က ၎င်းတို့ရေးဆွဲထားသည့် နိုင်ငံရေးမူဘောင်ကို ချပြဆွေးနွေးခဲ့သည်။

Eleven Media Group 

No comments:

Post a Comment