Saturday 13 September 2014

လူငယ်များစုပေါင်း၍ ပရဟိတ ရန်ပုံငွေ ဖျော်ဖြေပွဲတစ်ခုပြုလုပ်မည်

မန္တလေးမြို့မှ တက္က သိုလ်ကျောင်းသား၊ ကျောင်းသူများပါဝင်သည့် ပရဟိတဖျော်ဖြေ ပွဲတစ်ခုကို စက်တင် ဘာ ၂၈ ရက် တွင် ဟိုတယ်မန္တလေး၌ ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

တက္ကသိုလ်တက်ရောက်နေ ဆဲဖြစ်သည့် ကျောင်းသားလူငယ် လေးဆယ်ကျော်ပါဝင်မည့် Un-derground ဟစ်ဟော့ပ်ဖျော်ဖြေပွဲတစ်ခု ပြုလုပ်ပြီး ရရှိလာမည့် ငွေကြေးအားလုံးကို ပုသိမ်ကြီး မြို့နယ်၊ လဘို့ရွာ၊ နှမ်းကြဲအုပ်စု အတွင်းရှိ စိမ့်စမ်းရည်ဘုန်းတော် ကြီးသင် ပညာရေးကျောင်းသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း ယင်းဖျော်ဖြေပွဲ ဦးဆောင်ပြုလုပ်သူ ပရဟိတသံစဉ်များ အဖွဲ့မှ ကိုကျော်ကျော်ဟိန်းက ပြောသည်။

‘‘လူငယ်တွေတိုင်း ဆိုးသွမ်း နေတာမဟုတ်ပါဘူး။ လူငယ် တွေမှာလည်း ပရဟိတစိတ်တွေ အပြည့်ရှိပါတယ် ဆိုတာပြချင်လို့ ဒီပွဲကို စီစဉ်ရတာပါ’’ဟု ကိုကျော် ကျော်ဟိန်းက ပြောသည်။

ဖျော်ဖြေပွဲကို နှစ်ပိုင်းခွဲခြားထားပြီး နေ့လယ် ၁ နာရီမှ ညနေ၄ နာရီအထိ စာပေဟောပြောပွဲပြု လုပ်မည်ဖြစ်ပြီး ညနေ ၅နာရီမှ ည ၉ နာရီအထိ ဟစ်ဟော့ပ်ဖျော်ဖြေပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ အစီအစဉ်နှစ်ခုစလုံးအတွက် လက်မှတ်ခမှာ လေးထောင်ကျပ် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခုဖျော်ဖြေပွဲအောင်မြင် ပါက မြို့ခံလူငယ်များဖြင့် ပရဟိ တဖျော်ဖြေပွဲများ ဆက်လက် ပြုလုပ်သွား မည်ဖြစ်ပြီး မန္တလေး တိုင်းဒေသကြီးအတွင်းမှ ငွေကြေး ရန်ပုံငွေ လိုအပ်နေသည့် ဘုန်း တော်ကြီး ကျောင်းများ အနေဖြင့် လည်း ပရဟိတသံစဉ်များအဖွဲ့ထံ သို့ ဆက်သွယ်ပါက ရန်ပုံငွေရရှိ ရန် ကူညီမှု များပြုလုပ် ပေးသွား မည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

မန္တလေးမြို့တွင် under-ground ဟစ်ဟော့ပ်အဆိုရှင် လူငယ်ပေါင်း တစ်ရာကျော်ရှိပြီး ယခုဖျော်ဖြေပွဲတွင် လေးဆယ် ဦးခန့် ပါဝင်ဖျော်ဖြေမည်ဖြစ် ကြောင်း ကိုကျော်ကျော်ဟိန်းက ပြောသည်။

7Day DAILY

No comments:

Post a Comment