Saturday 13 September 2014

နိုင်ငံတော်သမ္မတနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေး ၀န်ကြီးဌာန၀န်ကြီး မစ္စတာဝမ်ကျားလွေ့တို့သည် စက်တင် ဘာ ၁၂ ရက် နံနက် ၁၁ နာရီက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်း မ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်းဖော်ပြ ချက် အရ သိရသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တည်တံ့ခိုင်မြဲရေးနှင့် ဆက်လက်ထိန်းသိမ်း စောင့်ရှောက် သွားရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးအတွက် ဆောင်ရွက်နေမှုများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သတင်းဖော်ပြချက် အရ သိရသည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီးဌာန၀န်ကြီး မစ္စတာဝမ်ကျားလွေ့တို့သည် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်း၌ပင် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ သံတမန်ဆက်သွယ်မှုကို ၁၉၅၀ ပြည့်နှစ် ဇွန် ၈ ရက်တွင် စတင်ထူထောင်ခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးမှာ ၆၅ နှစ်မြောက် ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ-တရုတ်-အိန္ဒိယ နိုင်ငံ့ခေါင်းဆောင်များသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး စာချုပ်ကို ချုပ်ဆိုခဲ့ကြရာ နှစ်ခြောက်ပြည့်မြောက်ပြီဖြစ်ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment