Saturday 13 September 2014

ကန်ဒေါ်လာ ၄၅သန်းချေးယူကာ ကိုရီးယားနိုင်ငံလုပ် ခေတ်မီလေအေးစက်ပါ ရထားတွဲသစ်များဝယ်ယူရန် ပြည်ထောင်စုလွှတ်တော်သို့ ခွင့်ပြုချက်တောင်းခံ

ကိုရီး ယားသမ္မတနိုင်ငံ စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး ရန်ပုံငွေ (နီင်္ဃုသမနေ) မှ အမေရိကန်ဒေါ်လာ ၄၅ သန်းချေးယူကာ ကိုရီယားနိုင်ငံထုတ် ခေတ်မီလေအေးစက်ပါ ရထားတွဲ သစ်အတွဲ ၁ဝဝကိုဝယ်ယူရန် ရထား ပို့ဆောင်ရေဝန်ကြီးဌာန ဒုတိယဝန် ကြီးဦးမြင့်သိန်းက ပြည်ထောင်စုလွှတ် တော်သို့ ခွင့်ပြုချက် တောင်း ခံ ခဲ့သည်။

စက်တင်ဘာ ၁၂ရက်တွင်ကျင်း ပသည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်မှ ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေမန်း ထံသို့ ကိုရီးယားသမ္မတနိုင်ငံ စီးပွား ရေးပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၅သန်းချေးယူရေးနှင့်ပတ်သက်ပြီး သဝဏ်လွှာပေးပို့မှုအရ ရထားပို့ ဆောင်ရေးဝန်ကြီး ဌာနက ချေးငွေ ဖြင့်ဆောင်ရွက်မည့် စီမံကိန်းနှင့်စပ် လျဉ်းပြီး လွှတ်တော်အတွင်း ရှင်းလင်း ကာ ခွင့်ပြုချက်တောင်းခံခဲ့ခြင်း ဖြစ် သည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်သိန်းက ''မြန်မာ့ မီးရထားတွင် လက်ရှိလူစီးတွဲ ၁၃၃၅ တွဲရှိသည့်အနက် သက်တမ်းရှိလူစီး တွဲ ၆၉ဒသမ၇ရာခိုင်နှုန်း၊ သက်တမ်း လွန်လူစီးတွဲ ၃ဝဒသမ၃ရာခိုင်နှုန်းရှိ သဖြင့် သက်တမ်းလွန် လူစီးတွဲများ ကို တစ်ပြိုင်တည်းဖြည့်တင်းဆောင် ရွက်ရပါက လူစီးတွဲသစ် ၄ဝ၄တွဲကို ဖြည့်တင်းရမည်ဖြစ်သည့်အပြင် နှစ် စဉ် လူစီးတွဲသစ် ၁ဝဝခန့်ဖြည့်ဆည်း ပေးရန်လိုအပ်ကြောင်း'' လွှတ်တော် အတွင်း ပြောကြားသည်။

တရုတ်နိုင်ငံမှ ချေးငွေ အမေရိ ကန်ဒေါ်လာ ၄၇ဒသမ၅ဝသန်းဖြင့် လူစီးတွဲသစ်တည်ဆောက်ရေး စက် ရုံ (မြစ်ငယ်)မှ နောင်သုံးနှစ်ခန့်အ ကြာမှ တွဲသစ်များထုတ်လုပ်ရရှိနိုင် မည်ဖြစ်သဖြင့် ကြားကာလအတွက် မျှော်မှန်းပြီး ဝယ်ယူဖြည့်တင်းလိုခြင်း ဖြစ်ကြောင်း ဒုတိယဝန်ကြီးကပြော သည်။ ''ဒီရထားတွဲတွေကို လူစီးများ တဲ့ရထားလမ်းပိုင်းတွေမှာ အသုံးပြု သွားမှာပါ''ဟု ယင်းကဆိုသည်။

အဆိုပါချေးငွေဖြင့် ဝယ်ယူမည့် အထူးတွဲ ၄ဝကို ကိုရီးယားနိုင်ငံတွင် တည်ဆောက်မည်ဖြစ်ပြီး ရိုးရိုးတွဲ ကျန် ၆ဝတွဲကို မြန်မာနိုင်ငံ မြစ်ငယ် ရထားတွဲစက်ရုံတွင် ပူးတွဲထုတ်လုပ် သွားမည်ဖြစ်သည်။ 

YM
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။) 
Yangon Media Group

No comments:

Post a Comment