Saturday 13 September 2014

ဓမ္မစေတီခေါင်းလောင်း နောက်ဆုံးနေ့အထိ ရှာမတွေ့ ခေါင်းလောင်း ရှာဖွေမှုနှင့်ပတ်သက်၍ နတ်စင်တစ်ရာဆရာတော် ရှင်းလင်းမည်ဟုဆို

ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှုနှင့်ပတ်သက်၍ ဦးဆောင်ဆရာတော်ဖြစ်သည့် နတ်စင်တစ်ရာ ဆရာတော် က စက်တင်ဘာ ၁၄ ရက်တွင် ရှင်းလင်းမည်ဟု သတင်းရရှိသည်။

သန်လျင်မြို့၊  ဒေ၀ဒဟ သဗ္ဗသိဒ္ဓိ နတ်စင်တစ်ရာကျောင်း တိုက်၊ အထူးသာသနာပြု ဆရာ တော် ဘဒ္ဒန္တ ပညာတေဇ ဦး ဆောင်၍ နေ့လယ် ၁ နာရီတွင် လှူဒါန်းထားသော ငွေကြေးများ နှင့် အသုံးစရိတ်များကို ရှင်းပြ မည်ဟု ပြန်ကြားရေးအဖွဲ့က ဆိုသည်။

‘‘ဓမ္မစေတီ ခေါင်းလောင်းနဲ့ ပတ်သက်ပြီး ပြည်သူတွေ သိချင်တာတွေ ရှင်းသွားမယ်။ ဘဏ္ဍာရေးမှူး ကလည်း လှူထားတဲ့ ငွေ ကြေးတွေ ချပြမယ်’’ဟု ပြန်ကြား ရေးအဖွဲ့မှ ဦးကြည်ဝင်းက စက်တင်ဘာ ၁၂ တွင်ပြောသည်။

ခေါင်းလောင်းရှာဖွေမှုကို သြဂုတ် ၇ ရက်တွင် စတင်ခဲ့ပြီး ၂၆ ရက်အထိ မူလက သတ်မှတ်ထားရာ မတွေ့ရှိ၍ ၁၇ ရက်ထပ်မံတိုးကာ စက်တင်ဘာ၁၂ ရက်အထိ ရှာဖွေသော်လည်းနောက်ဆုံးနေ့အထိ ရှာမတွေ့ခဲ့ပေ။ ခေါင်းလောင်းရှာမတွေ့သောကြောင့် လူထုစိတ်ဝင်စားမှုနည်းပါးခဲ့ပြီး စက်တင်ဘာ ၁၂ ရက်တွင် လာရောက်ကြည့်ရှုသူ အနည်းငယ်သာရှိသည်။

ခေါင်းလောင်းရှာဖွေမှု ရက်တိုးမြှင့်ရန် ရှိ၊ မရှိနှင့်ပတ်သက်၍မေးမြန်းရာ ၎င်းတို့က တိကျရေရာစွာ ဖြေကြားခြင်း မရှိဘဲ စက်တင်ဘာ ၁၄ ရက်တွင် နတ်စင်တစ်ရာဆရာတော်က ရှင်းလင်းပွဲပြုလုပ်မည်ဟုသာ ပြောခဲ့သည်။

‘‘ရန်ကုန်တိုင်းဝန်ကြီး ပြော တာတော့ လုံခြုံရေးမထိခိုက်လို့ ခွင့်ပြုလိုက်တာ။ အစိုးရကို ဒီနေ့ ဘာအစီအစဉ် ရှိ တယ်။ ဘယ်အ ဆင့်ရောက်တယ်ဆိုပြီး အစီရင်ခံ တာ မရှိဘူး’’ဟု တိုင်းလွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ရှင်းပြ သည်။

ခေါင်းလောင်းရှာဖွေရာတွင် ကိုယ်တိုင်ရေငုပ်ရှာဖွေခဲ့သော အဖွဲ့ခေါင်းဆောင် ဦးသန်းညွန့်က ခေါင်းလောင်း ကို မတွေ့ခဲ့သလို၎င်းတို့မှာ ဆလုံလူမျိုးများ မဟုတ်ကြောင်းပြောသည်။ ထို့ကြောင့်ဦးသန်းညွန့် ပြောကြား ချက်နှင့် ဦးစံလင်းေ ပြာကြားချက် ကွာဟနေမှုများနှင့်ပတ်သက်၍ ပြန်ကြားရေးအဖွဲ့သို့ မေးမြန်းရာ ရေငုပ် သမားကိစ္စကို ဦးစံလင်း ငှားခြင်းဖြစ်၍ ဦးစံလင်းသာ အသိဆုံးဖြစ် မည်ဟုသာ ဖြေသည်။

7Day DAILY

No comments:

Post a Comment