Saturday 13 September 2014

အိမ်ရှင်ပရိသတ်များ၏ အားပေးမှုကို အံ့အားသင့်ခဲ့ရကြောင်း ဗီယက်နမ်နှင့် မြန်မာနည်းပြများဆို

Photo: အိမ်ရှင်ပရိသတ်များ၏ အားပေးမှုကို အံ့အားသင့်ခဲ့ရကြောင်း ဗီယက်နမ်နှင့် မြန်မာနည်းပြများဆို
Saturday, September 13, 2014

အိမ်ရှင်ဗီယက်နမ်နှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြ သည့် အာဆီယံယူ-၁၉ ပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် ကွင်းလုံးပြည့်လာရောက်အားပေးခဲ့ကြသည့် ပရိသတ်များကြောင့် အံ့အားသင့်ခဲ့ရကြောင်း ဗီယက်နမ်နှင့် မြန်မာ အသင်းနည်းပြများက ပြောကြား ခဲ့သည်။

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ ရှိ ပရိသတ်လေးသောင်းဝင်သည့် မိုင်းဒင်းအားကစားကွင်း၌ စက်တင်ဘာ ၁၁ ရက်ညပိုင်းက ကျင်းပခဲ့သည့် ယင်းပွဲတွင် အိမ်ရှင်ဗီယက်နမ်ပရိသတ်များ ကွင်းလုံးပြည့် လာရောက်အားပေးခဲ့ကြပြီး မိနစ် ၉၀ ကြာမရပ်မနား အားပေးမှုများက ၎င်းကို အံ့သြစေခဲ့ရကြောင်း ဗီယက်နမ်ယူ-၁၉ အသင်းနည်းပြ ဂွီလမ်မီဂရေချမ် က ပြောသည်။

ပြင်သစ်နိုင်ငံသား နည်းပြက ပြင်သစ်နိုင်ငံရှိ လူငယ်ဘောလုံးပွဲစဉ်များတွင်ပင် အဆိုပါပရိ သတ်အရေအတွက်ကို မမြင်ဖူး ကြောင်းဆိုခဲ့ပြီး ရရှိသည့် အခွင့် အရေးများကို ဂိုးအဖြစ် ပြောင်း လဲနိုင်ခဲ့သည့် ဗီယက်နမ်ကစား သမားများကိုလည်း ချီးကျူးခဲ့ သည်။

အဆိုပါပွဲတွင် အိမ်ရှင် ဗီယက်နမ်ယူ-၁၉ အသင်းသည် မြန်မာယူ-၁၉ အသင်းကို (၄-၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူကာ လွန်ခဲ့သော ရက်ပေါင်း ၂၀ သြ ဂုတ် ၂၃ ရက်က ဘရူနိုင်းဘုရင့် ဖလားဗိုလ်လုပွဲတွင် မြန်မာအ သင်းကို ရှုံးနိမ့်ခဲ့သော ရှုံးကြွေး အား အိမ်ကွင်း၌ ပြန်ဆပ်ခဲ့သည်။မြန်မာယူ-၁၉ နည်းပြ ဂတ် ဖရိုင်းဒရစ်ကလည်း ပရိသတ်များ ၏ အားပေးမှုကို ချီးကျူးခဲ့ပြီး ကွင်းလုံးပြည့်တစ်ခဲနက်လာရောက် အားပေးခဲ့ကြသည့် အိမ်ရှင်ပရိ သတ်များ၏ ဖိအားအောက်တွင် ယှဉ်ပြိုင်ခဲ့သည့် မြန်မာကစားသ မားများကို လေးစားကြောင်းဆို သည်။

ပြိုင်ပွဲ၏ တတိယလုပွဲအ ဖြစ် မြန်မာနှင့် ထိုင်းအသင်းတို့ သည် စက်တင်ဘာ ၁၃ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီတွင် လည်းကောင်း၊ ဗိုလ်လုပွဲအဖြစ် ဂျပန်နှင့် အိမ်ရှင်ဗီယက်နမ်အ သင်းတို့သည် မြန်မာစံတော်ချိန် ၆ နာရီခွဲတွင်လည်းကောင်း ယှဉ် ပြိုင်ကစားကြမည် ဖြစ်သည်။ အုပ်စုအဆင့်တွင် တွေ့ဆုံစဉ်က မြန် မာအသင်းက ထိုင်းအသင်းကို (၂-၁) ဂိုးဖြင့်လည်းကောင်း၊ ဂျပန်အသင်းက ဗီယက်နမ်အ သင်းကို (၃-၂)ဂိုးဖြင့် လည်း ကောင်း အနိုင်ရရှိထားသည်။

7Day DAILY 

ဗီယက်နမ် ယူ-၁၉ အသင်းကို အားပေးနေသော ဗီယက်နမ်ပရိသတ်များ (ဓာတ်ပုံ - LUONG THAI LINH/EPA)
ဗီယက်နမ် ယူ-၁၉ အသင်းကို အားပေးနေသော ဗီယက်နမ်ပရိသတ်များ (ဓာတ်ပုံ - LUONG THAI LINH/EPA)
အိမ်ရှင်ဗီယက်နမ်နှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည့် အာဆီယံယူ-၁၉ ပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် ကွင်းလုံးပြည့် လာရောက်အားပေးခဲ့ကြသည့် ပရိသတ်များကြောင့် အံ့အားသင့်ခဲ့ရကြောင်း ဗီယက်နမ်နှင့် မြန်မာ အသင်းနည်းပြများက ပြောကြား ခဲ့သည်။

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ ရှိ ပရိသတ်လေးသောင်းဝင်သည့် မိုင်းဒင်းအားကစားကွင်း၌ စက်တင်ဘာ ၁၁ ရက်ညပိုင်းက ကျင်းပခဲ့သည့် ယင်းပွဲတွင် အိမ်ရှင်ဗီယက်နမ်ပရိသတ်များ ကွင်းလုံးပြည့် လာရောက်အားပေး ခဲ့ကြပြီး မိနစ် ၉၀ ကြာမရပ်မနား အားပေးမှုများက ၎င်းကို အံ့သြစေခဲ့ရကြောင်း ဗီယက်နမ်ယူ-၁၉ အသင်း နည်းပြ ဂွီလမ်မီဂရေချမ် က ပြောသည်။

ပြင်သစ်နိုင်ငံသား နည်းပြက ပြင်သစ်နိုင်ငံရှိ လူငယ်ဘောလုံးပွဲစဉ်များတွင်ပင် အဆိုပါပရိ သတ်အရေ အတွက်ကို မမြင်ဖူးကြောင်းဆိုခဲ့ပြီး ရရှိသည့် အခွင့်အရေးများကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သည့် ဗီယက်နမ် ကစား သမားများကိုလည်း ချီးကျူးခဲ့ သည်။

အဆိုပါပွဲတွင် အိမ်ရှင် ဗီယက်နမ်ယူ-၁၉ အသင်းသည် မြန်မာယူ-၁၉ အသင်းကို (၄-၁) ဂိုးဖြင့် ဂိုးပြတ်အနိုင် ယူကာ လွန်ခဲ့သော ရက်ပေါင်း ၂၀ သြ ဂုတ် ၂၃ ရက်က ဘရူနိုင်းဘုရင့် ဖလားဗိုလ်လုပွဲတွင် မြန်မာအ သင်းကို ရှုံးနိမ့်ခဲ့သော ရှုံးကြွေး အား အိမ်ကွင်း၌ ပြန်ဆပ်ခဲ့သည်။မြန်မာယူ-၁၉ နည်းပြ ဂတ် ဖရိုင်းဒရစ် ကလည်း ပရိသတ်များ ၏ အားပေးမှုကို ချီးကျူးခဲ့ပြီး ကွင်းလုံးပြည့်တစ်ခဲနက်လာရောက် အားပေးခဲ့ကြသည့် အိမ်ရှင်ပရိ သတ်များ၏ ဖိအားအောက်တွင် ယှဉ်ပြိုင်ခဲ့သည့် မြန်မာကစားသ မားများကို လေးစားကြောင်းဆို သည်။

ပြိုင်ပွဲ၏ တတိယလုပွဲအ ဖြစ် မြန်မာနှင့် ထိုင်းအသင်းတို့ သည် စက်တင်ဘာ ၁၃ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီတွင် လည်းကောင်း၊ ဗိုလ်လုပွဲအဖြစ် ဂျပန်နှင့် အိမ်ရှင်ဗီယက်နမ်အ သင်းတို့သည် မြန်မာစံတော်ချိန် ၆ နာရီခွဲတွင်လည်းကောင်း ယှဉ် ပြိုင်ကစားကြမည် ဖြစ်သည်။ အုပ်စုအဆင့်တွင် တွေ့ဆုံစဉ်က မြန် မာအသင်းက ထိုင်းအသင်းကို (၂-၁) ဂိုးဖြင့်လည်းကောင်း၊ ဂျပန်အသင်းက ဗီယက်နမ်အ သင်းကို (၃-၂)ဂိုးဖြင့် လည်း ကောင်း အနိုင်ရရှိထားသည်။

7Day DAILY 

No comments:

Post a Comment