Saturday 13 September 2014

နိုင်ငံရေးဆွေးနွေးပွဲတွင် တစ်ပါတီလျှင် ကိုယ်စားလှယ် နှစ်ဦးနှုန်းပါဝင်ရန် ပါတီအချို့သဘောတူ

Photo: နိုင်ငံရေးဆွေးနွေးပွဲတွင် တစ်ပါတီလျှင် ကိုယ်စားလှယ် နှစ်ဦးနှုန်းပါဝင်ရန် ပါတီအချို့သဘောတူ
Saturday, September 13, 2014

 နိုင်ငံရေးဆွေးနွေးပွဲ တွင် နိုင်ငံရေးပါတီ တစ်ပါတီလျှင် ကိုယ်စားလှယ် အနည်းဆုံး နှစ် ဦးစီ ပါဝင်သင့်ကြောင်း နိုင်ငံရေး ပါတီအချို့က သဘောတူထား ကြောင်း သတင်းရရှိသည်။

နိုင်ငံရေးပါတီများ ကိုယ်စား ပြုသည့်အဖွဲ့တွင် တစ်ပါတီလျှင် အနည်းဆုံးကိုယ်စားလှယ် နှစ်ဦး စီပါဝင်သင့်ကြောင်း နိုင်ငံရေး ပါတီ ဆယ်ပါတီဖြင့် ဖွဲ့စည်းထား သော ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်ပါတီ (FDA) အဖွဲ့ဝင်ပါတီ များက သဘောတူခဲ့ခြင်း ဖြစ် သည်။

‘‘ကျွန်တော်တို့ တောင်းထား တာက နိုင်ငံရေးပါတီအဖွဲ့မှာ ကိုယ်စားလှယ် ၁၅၀ လောက်ပါ ဖို့လုပ်ထားတာ တစ်ပါတီကို အ နည်းဆုံးတစ်ယောက်တော့ ပါရ မယ်။ ဘယ်သူပါမလဲဆိုတာ တော့ ပါတီတွင်းမှာ ပြန်ဆွေးနွေး ရမှာပေါ့’’ ဟု ဖက်ဒရယ်ဒီမိုကရေ စီ မဟာမိတ်ပါတီအဖွဲ့ဝင် အမျိုး သားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ဗဟိုအလုပ်အမှုဆောင် ဦးတိုးတိုးက ပြောသည်။

ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်ပါတီသည် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရာတွင် အများဆုံး ကိုယ် စားလှယ်ဦးရေ ၄၅၀ ဖြင့်သာ ကျင်းပရန် သဘောထားထုတ် ပြန်ထားသည်။

အစိုးရ၊ လွှတ်တော်နှင့် တပ် မတော်တို့ကို အုပ်စုတစ်စု၊ လက် နက်ကိုင် အဖွဲ့အစည်းများကို အုပ်စုတစ်စုနှင့် နိုင်ငံရေးပါတီများ ကို အုပ်စုတစ်စု သတ်မှတ်ပြီး အုပ်စုတစ်စုလျှင် ကိုယ်စားလှယ် ၁၅၀ ပါဝင်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၄၅၀ ဖြင့် နိုင်ငံရေးဆွေး နွေးပွဲကို ဆွေးနွေးညှိနှိုင်းရန်  ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်ပါ တီက ၎င်း၏ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးဆိုင်ရာ သဘောထားဦးတည်ချက်တွင် ထည့်သွင်းထား သည်။

နိုင်ငံရေး ဆွေးနွေးပွဲများ တွင် နိုင်ငံရေးပါတီများဘက်မှ ပါတီအားလုံးပါဝင်သည်ထက် ကိုယ်စားပြုနိုင်သော အဖွဲ့အ စည်းများ၊ ပုဂ္ဂိုလ်များအနေဖြင့် သာ ဆွေးနွေးသင့်သည်ဟု ပါတီ ကြီးများမှ ခေါင်းဆောင်အချို့နှင့် ပုဂ္ဂိုလ်များက ပြောကြားထားသည်။

မဲခွဲဆုံးဖြတ်ရန် လိုအပ်သည့် အစည်းအဝေးမျိုးတွင်သာ ပါဝင်သင့်၊ ပါဝင်ထိုက်သူများ အားလုံးပါဝင်ရေးကို ပြောကြားသင့်ပြီး သဘောတူညီမှုရရှိရန် ကြိုးစားသော အစည်းအဝေးမျိုးတွင် လူအမြောက်အမြား  ပါဝင်နေပါက ဆွေးနွေးမှု အောင်မြင်နိုင်မည် မဟုတ်ကြောင်းလည်း နိုင်ငံရေးပါတီကြီးများက ပြောသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အ ခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ပြီးနောက် ဖြစ်ပေါ်လာမည့် နိုင်ငံ ရေးဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီ များ မဖြစ်မနေပါဝင်ကြရမည် ဖြစ်၍ နိုင်ငံရေးပါတီများအနေဖြင့် တူညီသော သဘောထားရပ် တည်ချက်တစ်ခုရှိရန် လိုအပ် ကြောင်း တိုင်းရင်းသား နိုင်ငံရေး ပါတီအများစုဖြင့် ဖွဲ့စည်းထား သည့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းနှင့် ဖက်ဒ ရယ်ဒီမိုကရေစီ မဟာမိတ်ပါတီ တို့က ထုတ်ဖော်ပြောကြားထား သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးပါက ရက် ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေး နွေးပွဲမူဘောင်များရေးဆွဲရန်၊ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရန် နှစ်ဖက်သဘောတူညီထားခဲ့သည်။

7Day DAILY 

နိုင်ငံရေးဆွေးနွေးပွဲမစတင်မီ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများ အကြိမ်ကြိမ်ပြုလုပ်လျက်ရှိသည်။ (ဓာတ်ပုံ - နစ်ကီ)
နိုင်ငံရေးဆွေးနွေးပွဲမစတင်မီ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများ အကြိမ်ကြိမ်ပြုလုပ်လျက်ရှိသည်။ (ဓာတ်ပုံ - နစ်ကီ)
နိုင်ငံရေးဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီတစ်ပါတီလျှင် ကိုယ်စားလှယ် အနည်းဆုံး နှစ် ဦးစီ ပါဝင်သင့်ကြောင်း နိုင်ငံရေး ပါတီအချို့က သဘောတူထား ကြောင်း သတင်းရရှိသည်။

နိုင်ငံရေးပါတီများ ကိုယ်စား ပြုသည့်အဖွဲ့တွင် တစ်ပါတီလျှင် အနည်းဆုံးကိုယ်စားလှယ် နှစ်ဦး စီပါဝင် သင့်ကြောင်း နိုင်ငံရေး ပါတီ ဆယ်ပါတီဖြင့် ဖွဲ့စည်းထား သော ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်ပါတီ (FDA) အဖွဲ့ဝင်ပါတီ များက သဘောတူခဲ့ခြင်း ဖြစ် သည်။

‘‘ကျွန်တော်တို့ တောင်းထား တာက နိုင်ငံရေးပါတီအဖွဲ့မှာ ကိုယ်စားလှယ် ၁၅၀ လောက်ပါ ဖို့လုပ်ထားတာ တစ်ပါတီကို အ နည်းဆုံးတစ်ယောက်တော့ ပါရမယ်။ ဘယ်သူပါမလဲဆိုတာ တော့ ပါတီတွင်းမှာ ပြန်ဆွေးနွေး ရမှာပေါ့’’ ဟု ဖက်ဒရယ်ဒီမိုကရေ စီ မဟာမိတ်ပါတီအဖွဲ့ဝင် အမျိုး သားဒီမိုကရေစီအင်အားစု ပါတီ (NDF) မှ ဗဟိုအလုပ်အမှုဆောင် ဦးတိုးတိုးက ပြောသည်။

ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်ပါတီသည် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရာတွင် အများဆုံး ကိုယ် စားလှယ် ဦးရေ ၄၅၀ ဖြင့်သာ ကျင်းပရန် သဘောထားထုတ် ပြန်ထားသည်။

အစိုးရ၊ လွှတ်တော်နှင့် တပ် မတော်တို့ကို အုပ်စုတစ်စု၊ လက် နက်ကိုင် အဖွဲ့အစည်းများကို အုပ်စုတစ်စုနှင့် နိုင်ငံရေးပါတီများ ကို အုပ်စုတစ်စု သတ်မှတ်ပြီး အုပ်စုတစ်စုလျှင် ကိုယ်စားလှယ် ၁၅၀ ပါဝင်ပြီး ကိုယ်စား လှယ် စုစုပေါင်း ၄၅၀ ဖြင့် နိုင်ငံရေးဆွေး နွေးပွဲကို ဆွေးနွေးညှိနှိုင်းရန်  
ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်ပါ တီက ၎င်း၏ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးဆိုင်ရာ သဘောထားဦးတည်ချက်တွင် ထည့်သွင်းထား သည်။

နိုင်ငံရေး ဆွေးနွေးပွဲများ တွင် နိုင်ငံရေးပါတီများဘက်မှ ပါတီအားလုံးပါဝင်သည်ထက် ကိုယ်စားပြုနိုင်သော အဖွဲ့အ စည်းများ၊ ပုဂ္ဂိုလ်များအနေဖြင့် သာ ဆွေးနွေးသင့်သည်ဟု ပါတီ ကြီးများမှ ခေါင်းဆောင်အချို့နှင့် ပုဂ္ဂိုလ်များက ပြောကြားထားသည်။

မဲခွဲဆုံးဖြတ်ရန် လိုအပ်သည့် အစည်းအဝေးမျိုးတွင်သာ ပါဝင်သင့်၊ ပါဝင်ထိုက်သူများ အားလုံးပါဝင်ရေးကို ပြောကြားသင့်ပြီး သဘောတူညီမှုရရှိရန် ကြိုးစားသော အစည်းအဝေးမျိုးတွင် လူအမြောက်အမြား  ပါဝင်နေပါက ဆွေးနွေးမှု အောင်မြင်နိုင်မည် မဟုတ်ကြောင်းလည်း နိုင်ငံရေးပါတီကြီးများက ပြောသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ပြီးနောက် ဖြစ်ပေါ်လာမည့် နိုင်ငံ ရေးဆွေးနွေး ပွဲတွင် နိုင်ငံရေးပါတီ များ မဖြစ်မနေပါဝင်ကြရမည် ဖြစ်၍ နိုင်ငံရေးပါတီများအနေဖြင့် တူညီသော သဘော ထား ရပ်တည်ချက်တစ်ခုရှိရန် လိုအပ် ကြောင်း တိုင်းရင်းသား နိုင်ငံရေး ပါတီအများစုဖြင့် ဖွဲ့စည်းထား သည့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းနှင့် ဖက်ဒ ရယ်ဒီမိုကရေစီ မဟာမိတ်ပါတီ တို့က ထုတ်ဖော်ပြော ကြား ထား သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးပြီးပါက ရက် ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေး နွေးပွဲမူဘောင်များရေးဆွဲရန်၊ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရန် နှစ်ဖက်သဘောတူညီထားခဲ့သည်။

7Day DAILY 

No comments:

Post a Comment