Saturday 13 September 2014

နိုင်ငံရေးပါတီအားလုံး ကိုယ်စားပြုသည့် အဖွဲ့ဖွဲ့ရန် ဆွေးနွေးမည်

နိုင်ငံရေးပါတီအားလုံး ဘက်မှနေ၍ ရပ်တည်ဆွေးနွေး သွားနိုင်မည့် ပါတီအားလုံးကိုယ် စားပြုအဖွဲ့တစ်ဖွဲ့ကို ယနေ့  (စက် တင်ဘာ ၁၃ ) တွင် စတင်ပြုလုပ်မည့် မြန်မာ့နိုင်ငံရေးပါတီများအကြို တွေ့ဆုံဆွေးနွေးပွဲ မှတစ်ဆင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကို ကိုယ်စားပြုသည့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NC-CT)ရှိသကဲ့သို့ နိုင်ငံရေးပါတီ များကိုကိုယ်စားပြုသည့်အဖွဲ့ကို ဖွဲ့စည်းရန် ဆွေးနွေး မည်ဖြစ်သည်။

 ယင်းအဖွဲ့ ဖွဲ့စည်းပေါ် ပေါက်လာပါက အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံရာတွင် နိုင်ငံရေး ပါတီ များကိုယ်စား ရပ်တည်ဆွေးနွေး သွားမည်ဖြစ်သည်။

‘‘ဒီဆွေးနွေးပွဲကိုတက်ဖို့ ပါတီဥက္ကဋ္ဌနဲ့ ပါတီကိုယ်စားပြု နိုင်သူကိုပဲဖိတ်ထားတယ်။ အဓိကက နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ တွေမှာ နိုင်ငံရေးပါတီတွေဘက် ကနေပြီး ဆွေးနွေးနိုင်ဖို့ပါ’’ဟု တိုင်းရင်းသားပါတီ ၂၀ဖြင့် ဖွဲ့ စည်း ထားသည့် NBF ၏ပြောရေး ဆိုခွင့်ရှိသူ၊ ချင်းအမျိုးသားဒီမို ကရက်တစ်ပါတီဥက္ကဋ္ဌဦးဇိုဇမ်က ပြောသည်။

ယခုပြုလုပ်သည့်တွေ့ဆုံညှိ နှိုင်းပွဲတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသား ပါတီများနှင့် ဒီမို ကရေစီ အင်အားစု ပါတီများ ခြောက်ဆယ်ကျော်လုံး တက် ရောက်ဆွေးနွေးရန် ဖိတ်ကြား ထားကြောင်းသိရသည်။ ယင်း တွေ့ဆုံပွဲတွင် တစ်ပါတီလျှင် အချက်(၃)ချက်အဆိုတင်၊ ဆွေး နွေးညှိနှိုင်းခွင့်ရရှိထားသည်။

ပါတီများအားလုံးကိုယ်စား ပြုအဖွဲ့တစ်ရပ်ဖြစ်ပေါ်လာရန်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် (UNA)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)အစရှိသည့် နိုင်ငံရေးပါတီ များသို့ NBF က ချဉ်းကပ်ညှိနှိုင်း ခဲ့သည်ဟုဆိုသည်။

ပါတီများတွေ့ဆုံပွဲကို ပြီးခဲ့ သည့်စက်တင်ဘာ ၃ ရက်က ရန် ကုန်မြို့တွင် ပထမဆုံး အကြိမ်ပြု လုပ်ခဲ့သည်။ နိုင်ငံရေးပါတီ ၁၃ ပါတီတက်ရောက်ခဲ့သည့် ယင်း ဆွေးနွေးပွဲမှနေ၍ ယခုပြုလုပ် မည့်ပါတီ များကြိုတင် တွေ့ဆုံညှိ နှိုင်းပွဲကိုပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

7Day DAILY

No comments:

Post a Comment