Saturday 13 September 2014

ဒဏ်ရာရကစားသမားများ ရှိသော်လည်း နေပြည်တော်ကို အနိုင်ကစားမည်ဟု ရတနာပုံနည်းပြချုပ်ပြော

 နေပြည်တော်အသင်းနှင့်ပွဲတွင် အသင်း၏အဓိက ကစားသမားများ ဒဏ်ရာရရှိနေ သော်လည်း အနိုင်ရရှိရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ရတနာပုံအသင်းနည်းပြချုပ် ဦးခင်မောင်တင့်က ပြောသည်။

အမှတ်ပေးပြိုင်ပွဲပြီးဆုံးရန် နှစ်ပွဲသာကျန်ရှိတော့သည့် အချိန် တွင် ရတနာပုံအသင်းမှာ အမှတ် ပေးဇယားကို ဦးဆောင်ထားပြီး အောက်တိုဘာ ၁၄ ရက် မန္တလေး မြို့၊ ဗထူးကွင်းအိမ်ကွင်း နောက် ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမည့် နေပြည်တော်အသင်းကိုသာ အနိုင်ရ ရှိပါက အမှတ်ပေးချန်ပီယံဖြစ် မည် ဖြစ်သည်။

‘‘ကျွန်တော့်အသင်းက အဓိက ကစားသမားတချို့ ဒဏ်ရာ ရနေတယ်ဆိုပေမယ့် ရှိတဲ့လူစာရင်းနဲ့ အကောင်းဆုံး ယှဉ်ပြိုင် သွားမယ်။ ကိုယ့်အိမ်ကွင်းမှာ ကန်ရမယ့်ပွဲဖြစ်နေတော့ ကိုယ့်ပရိ သတ်တွေရှေ့မှာ အကောင်းဆုံး ကြိုးစားသွားမယ်။ ဒီပွဲနိုင်ရင် ချန် ပီယံဖြစ်ပြီဖြစ်တဲ့အတွက် ဒီပွဲကို လုံးဝအမှားခံလို့မရဘူး’’ဟု ဦးခင် မောင်တင့်က ပြောသည်။

ရတနာပုံအသင်းမှာ အမှတ် ပေးဇယား ဒုတိယနေရာမှ ရန်ကုန်အသင်းထက် တစ်ပွဲပိုကစားပြီး ရမှတ် ၄၇ မှတ်ဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်ထားကာ လက်ကျန်နှစ်ပွဲတွင် တစ်ပွဲနိုင်ရုံဖြင့် ဖလားရမည် ဖြစ်သည်။

ရတနာပုံအသင်းသည် မြန်မာနေရှင်နယ်လိဂ်စတင်သည့် ၂၀၀၉ ခုနှစ်မှစတင်ကာ လိဂ်ဖ လားကို ၂ နှစ်ဆက်တိုက်ဆွတ်ခူး ထားခဲ့ပြီး နေပြည်တော်အသင်း ကို အနိုင်ရရှိခဲ့ပါက ယခုနှစ်တွင် ပြည်တွင်းနည်းပြအဖွဲ့ဖြင့် ဗိုလ်စွဲ နိုင်သည့် မှတ်တမ်းကောင်းတစ်ခု ပိုင်ဆိုင်မည် ဖြစ်သည်။ အဓိကပြိုင်ဘက် ရန်ကုန်ယူနိုက်တက်အ သင်းမှာ သုံးနှစ်ဆက်ချန်ပီယံဖြစ် ပြီး ယခုနှစ်တွင်လည်း အမှတ်ပေး ဇယား ဒုတိယနေရာမှ ဆက်လက် ဖိအားပေးလျက်ရှိသည်။

7Day DAILY 

No comments:

Post a Comment