Saturday 13 September 2014

အမျိုးသားပညာရေးဥပဒေကြမ်းတွင် သမ္မတ၏ သဘောထားမှတ်ချက်များ အနက် သုံးချက်ကို မူလအတိုင်းထားရှိရန် ဆုံးဖြတ်

သမ္မတ၏ သဘောထားမှတ်ချက် ၂၅ ချက်ဖြင့် ပြန်လည် ပေးပို့ထားသည့် အမျိုးသားပညာ ရေးဥပဒေကြမ်း တွင် သဘောထားမှတ်ချက်များအနက် သုံးချက်ကိုမူလအတည်ပြုထားသည့်အတိုင်း ထားရှိသွားမည်ဟု သတင်းရရှိ သည်။

မူလအတိုင်းထားရှိမည့် သ ဘောထားမှတ်ချက် သုံးခုမှာ ဥပ ဒေကြမ်းတွင် ပါဝင်သည့် စနစ်တစ်ခုလုံး ၂၀၂၇ မှ အကောင်အထည်ဖော်ရန်၊ မသင်မနေရ အလယ်တန်း အဆင့်ပညာရေးစနစ် လှုပ်ရှားမှုအား ယခုနှစ် တွင် အ ကောင်အထည်ဖော်ရန်၊ ကော်မရှင်ဖွဲ့စည်းရာတွင် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူ ရမည် ဆိုသည်ကို ဖြုတ်ခိုင်းခြင်းစသည်တို့ ဖြစ်သည်။ သမ္မတ၏ သဘောထားမှတ်ချက်များနှင့် ပတ်သက်၍ ဥပဒေကြမ်းပူးပေါင်းကော် မတီ ၏ အစီရင်ခံစာကို စက်တင်ဘာ ၁၁ ရက်က ပြုလုပ် သည့် လွှတ်တော်တွင် ဖတ်ကြား တင်ပြသွားသည်။ သမ္မတပေးပို့ လိုက်သည့် သဘောထားမှတ် ချက်များကို ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးပြီးပါက ဒုတိယအကြိမ် ဥပဒေမူကြမ်းကို သမ္မတက ငြင်းဆိုခွင့် မရှိတော့ဘဲ ခုနှစ်ရက်အတွင်း လက်မှတ်ထိုး ပေးရမည်ဖြစ်သည်။ မထိုးပေးပါကလည်း ခုနှစ်ရက်ပြည့်ပါက အလို အလျောက် အတည်ဖြစ်မည် ဖြစ်သည်။

7Day DAILY

No comments:

Post a Comment