Saturday 13 September 2014

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် လူမှုအဖွဲ့အစည်းများက အချက်ငါးချက်ပါ ကြေညာချက်ထုတ်မည်

Photo: အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် လူမှုအဖွဲ့အစည်းများက အချက်ငါးချက် ပါ ကြေညာချက်ထုတ်မည်
Saturday, September 13, 2014

 လူမျိုးရေး၊ ဘာသာရေး အခြေခံသော ပဋိပက္ခများကို အစိုးရအနေဖြင့် တာဝန်ယူမှုရှိစွာ ကိုင်တွယ်ဆောင်ရွက်ရန် ဒီမိုက ရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ကို တည်ဆောက်သွားရန် အပါ အဝင် အချက်ငါးချက်ကို အပြည် ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် တစ်နိုင်ငံလုံးမှ လူမှုအဖွဲ့အစည်း များ၊ လူငယ်ကွန်ရက်များက ပူး ပေါင်း ကြေညာချက်ထုတ်ပြန် တောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၂ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော တိုင်းနှင့် ပြည်နယ် အသီးသီးမှ အရပ်ဘက် လူမှုအဖွဲ့အစည်း၊ လူ ငယ်ကွန်ရက်များ ပါဝင်သော အ ပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှု တွေ့ဆုံဆွေးနွေးပွဲ၌ ယင်းကဲ့သို့ သဘောတူညီမှု ရရှိခဲ့ ခြင်းဖြစ်သည်။

စက်တင်ဘာ ၁၅ ရက်မှ စတင်၍ အပြည်ပြည်ဆိုင်ရာ ငြိမ်း ချမ်းရေးနေ့ (စက်တင်ဘာ ၂၁ ရက်)အထိကို ပြည်ထောင်စုငြိမ်း ချမ်းရေး သီတင်းပတ်အဖြစ် သတ်မှတ်၍ လှုပ်ရှားမှုများကို နိုင်ငံတစ် ဝန်း ပြုလုပ်သွားကြမည်ဖြစ်သည်။

ထို့ပြင် ပြည်တွင်း၌ ဖြစ်ပွား ခဲ့သော လူမျိုးရေး၊ ဘာသာရေး အခြေခံသော ပဋိပက္ခများကို အ စိုးရက တာဝန်ယူဖြေရှင်းဆောင် ရွက်ရန်၊ ပင်လုံစိတ်ဓာတ်ကို အ ခြေခံ၍ အင်အားစုအားလုံးပါဝင် သော နိုင်ငံရေးဆွေးနွေးပွဲများကို ပြုလုပ်ရန်၊ ဒီမိုကရက်တစ် ဖက် ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်ရန် အပါအဝင် အချက် ငါးချက်ကိုလည်း အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ် ကြောင်း စက်တင်ဘာ ၁၂ ရက် အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြ သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး သီတင်းပတ် လှုပ်ရှားမှုများ ပြု လုပ်ရာတွင် ‘‘တစ်နိုင်ငံလုံး အ မုန်းများရပ်’’၊ ‘‘အားလုံးတန်းတူ လက်တွဲလို့ ဖက်ဒရယ် ပြည် ထောင်စုစနစ် တည်ဆောက်စို့’’ ဟူသည့် ရည်ရွယ်ချက်များဖြင့် လှုပ်ရှားဆောင်ရွက်သွားကြမည် ဟု အစည်းအဝေးတက်ရောက်သူ ကိုယ်စားလှယ်များက ပြော သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး သီတင်းပတ် လှုပ်ရှားမှုအဖြစ် တိုင်းနှင့် ပြည်နယ် အသီးသီးတွင် ငြိမ်းချမ်းရေးသီချင်း သီဆိုခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ လက်ကမ်းစာ စောင် ဖြန့်ဝေခြင်း၊ သရုပ်ဖော် ကကွက်များကပြခြင်း၊ လမ်းလျှောက်ချီတက်ခြင်းများကို ဆောင်ရွက်ကြမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အ တွင်းမှစ၍ ငြိမ်းချမ်းရေးလှုပ်ရှား မှုများကို ငြိမ်းချမ်းရေးလိုလားသူ ပြည်သူများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများ ပူးပေါင်း၍ နှစ်စဉ် ဆောင်ရွက်ခဲ့ကြသည်။

7Day DAILY

၂၀၁၃တွင် ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် ငြိမ်းချမ်းရေး ချစ်မြတ်နိုးသောပြည်သူများက စစ်ပွဲများ အမြန်ရပ်ရန် လမ်းလျှောက်ဆန္ဒဖေါ်ထုတ်စဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
၂၀၁၃တွင်ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် ငြိမ်းချမ်းရေးချစ်မြတ်နိုးသော ပြည်သူ များက စစ်ပွဲများ အမြန်ရပ်ရန် လမ်းလျှောက်ဆန္ဒဖေါ်ထုတ်စဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
 လူမျိုးရေး၊ ဘာသာရေးအခြေခံသော ပဋိပက္ခများကို အစိုးရအနေဖြင့် တာဝန်ယူမှုရှိစွာ ကိုင်တွယ်ဆောင် ရွက်ရန် ဒီမိုက ရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ကို တည်ဆောက်သွားရန် အပါ အဝင် အချက်ငါးချက်ကို အပြည် ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် တစ်နိုင်ငံလုံးမှ လူမှုအဖွဲ့အစည်း များ၊ လူငယ်ကွန်ရက်များက ပူး ပေါင်း ကြေညာချက်ထုတ်ပြန် တောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၂ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော တိုင်းနှင့် ပြည်နယ် အသီးသီးမှ အရပ်ဘက် လူမှု အဖွဲ့အစည်း၊ လူ ငယ်ကွန်ရက်များ ပါဝင်သော အ ပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှု တွေ့ဆုံဆွေးနွေး ပွဲ၌ ယင်းကဲ့သို့ သဘောတူညီမှု ရရှိခဲ့ ခြင်းဖြစ်သည်။

စက်တင်ဘာ ၁၅ ရက်မှ စတင်၍ အပြည်ပြည်ဆိုင်ရာ ငြိမ်း ချမ်းရေးနေ့ (စက်တင်ဘာ ၂၁ ရက်)အထိကို ပြည်ထောင် စုငြိမ်း ချမ်းရေး သီတင်းပတ်အဖြစ် သတ်မှတ်၍ လှုပ်ရှားမှုများကို နိုင်ငံတစ်ဝန်း ပြုလုပ် သွားကြမည်ဖြစ်သည်။

ထို့ပြင် ပြည်တွင်း၌ ဖြစ်ပွား ခဲ့သော လူမျိုးရေး၊ ဘာသာရေး အခြေခံသော ပဋိပက္ခများကို အ စိုးရက တာဝန်ယူဖြေရှင်းဆောင် ရွက်ရန်၊ ပင်လုံစိတ်ဓာတ်ကို အခြေခံ၍ အင်အားစုအားလုံးပါဝင် သော နိုင်ငံရေး ဆွေးနွေးပွဲများကို ပြုလုပ်ရန်၊ ဒီမိုကရက်တစ် ဖက် ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်ရန် အပါအဝင် အချက် ငါးချက်ကိုလည်း အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ် ကြောင်း စက်တင်ဘာ ၁၂ ရက် အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြ သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး သီတင်းပတ် လှုပ်ရှားမှုများ ပြု လုပ်ရာတွင် ‘‘တစ်နိုင်ငံလုံး အ မုန်းများရပ်’’၊ ‘‘အားလုံးတန်းတူ လက်တွဲလို့ ဖက်ဒရယ် ပြည် ထောင်စုစနစ် တည်ဆောက်စို့’’ ဟူသည့် ရည်ရွယ်ချက် များဖြင့် လှုပ်ရှားဆောင်ရွက်သွားကြမည် ဟု အစည်းအဝေးတက်ရောက်သူ ကိုယ်စားလှယ်များက ပြော သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး သီတင်းပတ် လှုပ်ရှားမှုအဖြစ် တိုင်းနှင့် ပြည်နယ် အသီးသီးတွင် ငြိမ်းချမ်းရေး သီချင်း သီဆိုခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ လက်ကမ်းစာ စောင် ဖြန့်ဝေခြင်း၊ သရုပ်ဖော် ကကွက်များကပြခြင်း၊ လမ်းလျှောက်ချီတက်ခြင်းများကို ဆောင်ရွက်ကြမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အ တွင်းမှစ၍ ငြိမ်းချမ်းရေးလှုပ်ရှား မှုများကို ငြိမ်းချမ်းရေးလိုလားသူ ပြည်သူများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများ ပူးပေါင်း၍ နှစ်စဉ် ဆောင်ရွက်ခဲ့ကြသည်။

7Day DAILY 

No comments:

Post a Comment