Saturday 13 September 2014

နိုင်ငံခြားဝယ်လက်နည်း၍ ပဲဈေးနှုန်း ဆက်တိုက်ကျဆင်း

 နိုင်ငံခြား ဝယ်လိုအား နည်း၍ သင်္ဘောတင်နည်းသဖြင့် ပဲဈေးနှုန်း ဆက်တိုက်ကျဆင်းနေ ကြောင်း ဘုရင့်နောင်ဈေးကွက်မှ သတင်းရရှိသည်။

ပြည်တွင်းဈေးကွက်တွင် ပဲဝယ်လိုအား  ကောင်းနေသေး၍ ကုန်စည်ဒိုင်ဈေးကွက်ရောင်း
ဝယ် မှုမှာ ကောင်းနေကြောင်း ပဲကုန် သည်များက ပြောသည်။

‘‘အခုက ဈေးတွေကကျတာ တော့ ကျနေတာပဲ။ သင်္ဘောတင် လည်းနည်းတော့ ဈေးတွေထပ် ကျနေပေ မယ့် ဒီနေ့ငွေဈေးတက် လို့တော့ ဈေးကနည်းနည်း အတက်ပြန်ပြလာတယ်’’ဟု ပဲကုန်သည်တစ်ဦး က ပြောသည်။

ပဲဈေးမှာ ပြီးခဲ့သည့် လဆန်း ပိုင်းက မတ်ပဲ RC တစ်တန် လျှင် ကျပ်ရှစ်သိန်းဝန်းကျင်ရှိနေ ရာမှ ယခုရက်ပိုင်းတွင် ကျပ် ၇၈၀,၀၀၀ ဝန်းကျင်တွင် ရှိနေ သည်။ SQRC မှာလည်း တစ်တန် လျှင် ကျပ် ၉၃၅,၀၀၀ ဝန်းကျင် ရှိနေရာမှ ကျပ် ၉၀၀,၀၀၀ အထိ ဈေးနှုန်းကျဆင်းနေသည်။ သို့သော် ပဲစင်းငုံမှာ တရုတ်ဝယ် လက်ရှိနေသေး၍ တစ်တန်လျှင် ကျပ် ၇၁၅,၀၀၀ တွင် ရှိနေပြီး ဈေးများစွာကျဆင်းခြင်း မရှိသေး ကြောင်း သိရသည်။

 နိုင်ငံခြားဝယ်လက် မရှိ၍ သင်္ဘောတင်နည်းနေသည့်တိုင် ဘုရင့်နောင်ဈေးကွက်တွင် တစ် ရက်လျှင် ကုန်သေတ္တာပုံး ၆၀ ခန့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

7Day DAILY

No comments:

Post a Comment