Saturday 13 September 2014

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများပြုလုပ်မည်

စက်တင်ဘာ ၁၅ ရက်မှ စက်တင်ဘာ ၂၁ ရက်နေ့အထိကို ပြည်ထောင်စုငြိမ်း ချမ်းရေး သတင်းပတ်အဖြစ် သတ်မှတ်ကာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း စက်တင်ဘာ ၁၂ ရက်က ရန်ကုန်မြို့ Summit Parkview ဟိုတယ်တွင် ပြုလုပ်ခဲ့သော တိုင်း နှင့်ပြည် နယ် များမှ လူငယ်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလှုပ်ရှားမှုများ လက်တွဲလုပ်ဆောင်နိုင်ရေး ဆွေးနွေးပွဲမှ သိရသည်။

စက်တင်ဘာ ၂၁ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း ရေးနေ့ လှုပ်ရှားမှုများကို မြန်မာနိုင်ငံ၌ ၂ဝ၁၂ ခုနှစ် ၂ဝ၁၃ ခုနှစ်များတွင် အဖွဲ့အစည်းများ စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ယခု ၂ဝ၁၄ ခုနှစ်တွင် ယခင် ကထက် ပိုမိုအရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းအသီး သီး ဒေသ အသီးသီး တွင် ငြိမ်းချမ်းရေးလှုပ်ရှားမှုများကို အရပ်ဘက် အဖွဲ့ အစည်းများ၊ နိုင်ငံရေးအင်အားစုများ၊ ကျောင်းသားလူငယ်အဖွဲ့အစည်းများ ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု မျိုးဆက်သစ်လူငယ်များ အဖွဲ့မှ ကိုမိုဃ်းသွေးက ပြောကြားသည်။ ငြိမ်းချမ်းရေးလှုပ်ရှားမှုများအဖြစ် ငြိမ်းချမ်းရေးအတွက် ကဗျာရွတ် ဆိုခြင်း၊ ဂီတဖျော်ဖြေပွဲနှင့် ပန်းချီပြပွဲများပြ သခြင်း၊ ငြိမ်းချမ်းရေးနေ့တွင် လမ်းလျှောက်လှုပ်ရှားမှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment