Saturday 13 September 2014

မြစ်ဆုံအနီး တန်ဖရဲကျေးရွာ ဖျက်သိမ်းရေး၊ မသိမ်းရေး ဆန္ဒခံယူ

Photo: မြစ်ဆုံအနီး တန်ဖရဲကျေးရွာ ဖျက်သိမ်းရေး၊ မသိမ်းရေး ဆန္ဒခံယူ
Saturday, September 13, 2014

ရပ်ဆိုင်းထားသော မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံ တန်ဖရဲကျေးရွာအား ဖျက်သိမ်းရေး အပါအဝင် ကျေးရွာအမည် သတ်မှတ်ရေးနှင့်ပတ်သက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ညွန်ကြးချက်အရ စက်တင်ဘာလ ၁၁ ရက်က အောင်မြင်သာကျေးရွာသားများကို ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

မြို့နယ်၏ ညွန်ကြားချက်ဖြင့် အောင်မြင်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ ဦးဆောင်ကျင်းပြီး (၁) တန်ဖရဲကျေးရွာကို ဖျက်သိမ်း၍ အောင်မြင်သာစံပြကျေးရွာ ဟူ၍ သီးသန့်ထားရန်၊ (၂) တန်ဖရဲကျေးရွာကို မူလအတိုင်းထားရှိကာ အောင်မြင်သာကျေးရွာကို တန်ဖရဲကျေးရွာအုပ်စုမှ တိုးချဲ့ကျေးရွာအဖြစ် ထားရှိရန်နှင့် (၃) အောင်မြင်သာကျေးရွာကို နီးစပ်ရာ ကျေးရွာအုပ်စု အာလမ်တိုက်နယ်အတွင်း ထည့်သွင်းရန် ဟူ၍ ဆန္ဒခံယူပွဲ ကျင်းပခဲ့သည်ဟု ဒေသခံ ဦးတူးခေါင်က မဇ္ဈိမကို ပြောသည်။

“မြို့နယ်ကနေ ညွန်ကြားလိုက်တဲ့ အချက်သုံးချက်ထဲက ရွာသားတွေ အားလုံး သဘောတူတာက တန်ဖရဲရွာကို ဖျက်သိမ်းတယ်ဆိုတာ သဘောမတူဘူး။ အာလမ်တိုက်နယ်မှာ ပါဝင်ဖို့ ပြောတာလဲ မကြိုက်ဘူး။ အောင်မြင်သာ စံပြကျေးရွာဆိုတာက တန်ဖရဲကျေးရွာအုပ်စု ဖြစ်ပြီး တိုးချဲ့ရွာလိုထားမယ်ဆိုတာကို သဘောတူကြတယ်” ဟု ဦးတူးခေါင်က ပြောသည်။

အောင်မြင်သာကျေးရွာကို အာလမ်တိုက်နယ်အတွင်း ထည့်သွင်းရန် ဆိုသော အချက်ကို ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ သဘောထားဖြစ်သည်ဟု သိရသည်။ ၎င်းအချက် ၃ ချက်ထဲမှ အချက် (၁) နှင့် (၃) တို့ကို ကန့်ကွက်ခဲ့ကြပြီး အောင်မြင်သာ စံပြကျေးရွာကို တန်ဖရဲကျေးရွာ၏ တိုးချဲ့ကျေးရွာအဖြစ် ထားရှိရန် သဘောခဲ့ကြသည်ဟု သူက ပြောသည်။

အောင်မြင်သာကျေးရွာ အုပ်ချုပ်ရေးရုံးတွင် ပြုလုပ်သော ဆန္ဒခံယူမှုတွင် ဒေသခံ ၂၀၀ ခန့်က နှစ်ပေါင်းများစွာ တည်ရှိခဲ့သော အဆိုပါ တန်ဖရဲကျေးရွာအား ဖျက်သိမ်းမှုကို ကန့်ကွက်ကြောင်း အောင်မြင်သာဒေသခံ ဒေါ်ဂျာခေါန်က ပြောသည်။

“ကျွန်မတို့က သဘောမတူဘူး။ တန်ဖရဲရွာက တည်ရှိနေရမယ်။ နှစ်နဲ့ချီရှိခဲ့တဲ့ ဒီနာမည်က တစ်ကမ္ဘာလုံးကလည်း သိနေတဲ့ မြစ်ဆုံဘေးက ရွာဖြစ်လို့ ဒီတန်ဖရဲရွာကို ဘယ်လိုပဲဖြစ်ဖြစ် ဖျက်သိမ်းဖို့သဘောမတူနိုင်ဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

အဆိုပါ တန်ဖရဲကျေးရွာသည် ယခုမှ ထွက်ပေါ်လာသော နာမည်မဟုတ်သလို၊ ရှေးယခင်က ဘိုးစဉ်ဘောင်ဆက်ကတည်းက မှည့်ခေါ်လာသော နာမည်ဖြစ်၍ ဖျက်သိမ်းမည့် အစီအစဉ်ကို သဘောမတူဘဲ ကချင်လူထု၏ ဒေသဖြစ်၍ ဝိုင်းဝန်းကာကွယ်ကြရန် ဦးတူးခေါင်က တိုက်တွန်းပြောဆိုသည်။

၂၀၀၉ ခုနှစ်မှစတင်၍ မြစ်ဆုံစီမံကိန်းကြောင့် တန်ဖရဲကျေးရွာ၏ အောက်ဘက် (တောင်ဘက်) ၈ မိုင်ကျော် အကွာတွင် အေးရှားဝေါလ်းကုမ္ပဏီက နေအိမ်များတည်ဆောက်ပေးကာ တန်ဖရဲကျေးကျေးရွာ အပါအဝင် ကျေးရွာအများအပြား ရွှေ့ပြောင်းခံခဲ့ရသည်။ ၎င်းကျေးရွာကို အောင်မြင်သာစံပြကျေးရွာအဖြစ် အမည်ပေးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်က စတင်၍ မဂ္ဂဝပ် ၆,၀၀၀ ထုတ်လွှတ်မည့် မြစ်ဆုံစီမံကိန်းကို ယခင်အစိုးရ အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာန၊ CPI နှင့် အေးရှားဝေါလ် ကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်ခဲ့ရာ မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူများ ကန့်ကွက်ခဲ့သဖြင့် သမ္မတက ရပ်ဆိုင်းခဲ့သည်။

၂၀၁၁ ခုနှစ်ကတည်းက သမ္မတ ဦးသိန်းစိန်က မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားသော်လည်း တရုတ်အစိုးရ စွမ်းအင် ရင်းနှီးမြှုပ်နှံမှုကော်မိုရေးရှင်း (CPI) က ကျေးရွာသားများအား စည်းရုံးခြင်းများ ပြုလုပ်ကာ အစီရင်ခံစာများ ဖြန့်ဝေခဲ့သေးသည်။

ထို့ပြင် အောင်မြင်သာကျေးရွာမှ မြစ်ဆုံရပ်ဆိုင်းရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သော ဒေါ်ဂျာခေါန်နှင့် ဒေါ်လုရာတို့ မိသားစုကို CPI ၏ ဆန်ထောက်ပံ့မှုကို ပြီးခဲ့သည့် ဇွန်လကတည်းက ရပ်ဆိုင်းခဲ့သည်။

Mizzima - News in Burmese
ရပ်ဆိုင်းထားသော မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံ တန်ဖရဲကျေးရွာအား ဖျက်သိမ်းရေး အပါအဝင် ကျေးရွာအမည်သတ်မှတ်ရေးနှင့်ပတ်သက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ညွန်ကြးချက်အရ စက်တင် ဘာလ ၁၁ ရက်က အောင်မြင်သာကျေးရွာသားများကိုဆန္ဒခံယူပွဲ ပြုလုပ်ခဲ့သည်ဟုဒေသခံများကပြော သည်။

မြို့နယ်၏ ညွန်ကြားချက်ဖြင့် အောင်မြင်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ ဦးဆောင်ကျင်းပြီး (၁) တန်ဖရဲ ကျေး ရွာ ကို ဖျက်သိမ်း၍ အောင်မြင်သာစံပြကျေးရွာ ဟူ၍ သီးသန့်ထားရန်၊ (၂) တန်ဖရဲကျေးရွာကို မူလအတိုင်း ထားရှိကာ အောင်မြင်သာကျေးရွာကို တန်ဖရဲကျေးရွာအုပ်စုမှ တိုးချဲ့ကျေးရွာအဖြစ် ထားရှိ ရန်နှင့် (၃) အောင်မြင်သာကျေးရွာကို နီးစပ်ရာ ကျေးရွာအုပ်စု အာလမ်တိုက်နယ်အတွင်း ထည့်သွင်းရန် ဟူ၍ ဆန္ဒခံယူပွဲ ကျင်းပခဲ့သည်ဟု ဒေသခံ ဦးတူးခေါင်က မဇ္ဈိမကို ပြောသည်။

“မြို့နယ်ကနေ ညွန်ကြားလိုက်တဲ့ အချက်သုံးချက်ထဲက ရွာသားတွေ အားလုံး သဘောတူတာက တန်ဖရဲ ရွာကို ဖျက်သိမ်းတယ်ဆိုတာ သဘောမတူဘူး။ အာလမ်တိုက်နယ်မှာ ပါဝင်ဖို့ ပြောတာလဲ မကြိုက် ဘူး။ အောင်မြင်သာ စံပြကျေးရွာဆိုတာက တန်ဖရဲကျေးရွာအုပ်စု ဖြစ်ပြီး တိုးချဲ့ရွာလိုထားမယ်ဆိုတာကို သဘောတူကြတယ်” ဟု ဦးတူးခေါင်က ပြောသည်။

အောင်မြင်သာကျေးရွာကို အာလမ်တိုက်နယ်အတွင်း ထည့်သွင်းရန် ဆိုသော အချက်ကို ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ သဘောထားဖြစ်သည်ဟု သိရသည်။ ၎င်းအချက် ၃ ချက်ထဲမှ အချက် (၁) နှင့် (၃) တို့ကို ကန့်ကွက် ခဲ့ကြပြီး အောင်မြင်သာ စံပြကျေးရွာကို တန်ဖရဲကျေးရွာ၏ တိုးချဲ့ကျေးရွာအဖြစ် ထားရှိရန် သဘောခဲ့ကြသည်ဟု သူက ပြောသည်။

အောင်မြင်သာကျေးရွာ အုပ်ချုပ်ရေးရုံးတွင် ပြုလုပ်သော ဆန္ဒခံယူမှုတွင် ဒေသခံ ၂၀၀ ခန့်က နှစ်ပေါင်း များစွာ တည်ရှိခဲ့သော အဆိုပါ တန်ဖရဲကျေးရွာအား ဖျက်သိမ်းမှုကို ကန့်ကွက်ကြောင်း အောင်မြင် သာဒေသခံ ဒေါ်ဂျာခေါန်က ပြောသည်။

“ကျွန်မတို့က သဘောမတူဘူး။ တန်ဖရဲရွာက တည်ရှိနေရမယ်။ နှစ်နဲ့ချီရှိခဲ့တဲ့ ဒီနာမည်က တစ်ကမ္ဘာလုံးက လည်း သိနေတဲ့ မြစ်ဆုံဘေးက ရွာဖြစ်လို့ ဒီတန်ဖရဲရွာကို ဘယ်လိုပဲဖြစ်ဖြစ် ဖျက်သိမ်းဖို့သဘောမတူနိုင်ဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

အဆိုပါ တန်ဖရဲကျေးရွာသည် ယခုမှ ထွက်ပေါ်လာသော နာမည်မဟုတ်သလို၊ ရှေးယခင်က ဘိုးစဉ် ဘောင်ဆက် ကတည်းက မှည့်ခေါ်လာသော နာမည်ဖြစ်၍ ဖျက်သိမ်းမည့် အစီအစဉ်ကို သဘောမတူဘဲ ကချင်လူထု၏ ဒေသဖြစ်၍ ဝိုင်းဝန်းကာကွယ်ကြရန် ဦးတူးခေါင်က တိုက်တွန်းပြောဆိုသည်။

၂၀၀၉ ခုနှစ်မှစတင်၍ မြစ်ဆုံစီမံကိန်းကြောင့် တန်ဖရဲကျေးရွာ၏ အောက်ဘက် (တောင်ဘက်) ၈ မိုင်ကျော် အကွာတွင် အေးရှားဝေါလ်းကုမ္ပဏီက နေအိမ်များတည်ဆောက်ပေးကာ တန်ဖရဲကျေးကျေးရွာ အပါအဝင် ကျေးရွာအများအပြား ရွှေ့ပြောင်းခံခဲ့ရသည်။ ၎င်းကျေးရွာကို အောင်မြင်သာစံပြကျေးရွာအဖြစ် အမည်ပေးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်က စတင်၍ မဂ္ဂဝပ် ၆,၀၀၀ ထုတ်လွှတ်မည့် မြစ်ဆုံစီမံကိန်းကို ယခင်အစိုးရ အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာန၊ CPI နှင့် အေးရှားဝေါလ် ကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်ခဲ့ရာ မြန်မာတစ်နိုင်ငံလုံး မှ ပြည်သူများ ကန့်ကွက်ခဲ့သဖြင့် သမ္မတက ရပ်ဆိုင်းခဲ့သည်။

၂၀၁၁ ခုနှစ်ကတည်းက သမ္မတ ဦးသိန်းစိန်က မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားသော်လည်း တရုတ်အစိုးရ စွမ်းအင် ရင်းနှီးမြှုပ်နှံမှုကော်မိုရေးရှင်း (CPI) က ကျေးရွာသားများအား စည်းရုံးခြင်းများ ပြုလုပ်ကာ အစီရင် ခံစာ များ ဖြန့်ဝေခဲ့သေးသည်။

ထို့ပြင် အောင်မြင်သာကျေးရွာမှ မြစ်ဆုံရပ်ဆိုင်းရေး လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့သော ဒေါ်ဂျာခေါန် နှင့် ဒေါ်လုရာ တို့ မိသားစုကို CPI ၏ ဆန်ထောက်ပံ့မှုကို ပြီးခဲ့သည့် ဇွန်လကတည်းက ရပ်ဆိုင်း ခဲ့သည်။

Mizzima - News in Burmese 

No comments:

Post a Comment