Monday 15 September 2014

ပြည်ပအမှာနည်း၍ အထည်ချုပ်စက်ရုံများ အခက်တွေ့

Photo: ပြည်ပအမှာနည်း၍ အထည်ချုပ်စက်ရုံများ အခက်တွေ့
Monday, September 15, 2014

အထည်ချုပ်စက်ရုံများ သို့ ပြည်ပမှ အပ်ထည်အမှာရရှိမှု လျော့နည်းလာ၍ ထုတ်လုပ် မှုပမာဏ တိုးမြှင့်ရန် အခက် အခဲများ  ကြုံတွေ့နေကြောင်း အထည်ချုပ် လုပ်ငန်းရှင်များက ပြောသည်။

‘‘ချုပ်တဲ့လူကတစ်နေ့ကို ဒီဇိုင်းသုံးမျိုးလောက်ပြောင်းချုပ် နေရတော့ အထည်ပမာဏမတိုး နိုင်ဘူးဖြစ်နေတယ်’’ဟု လက်ဝါး အထည်ချုပ်စက်ရုံဥက္ကဋ္ဌ ဦးခင် မောင်အေးက အထည်ဒီဇိုင်းတစ် မျိုးလျှင်အမှာအနည်းငယ်သာရ နေခြင်းနှင့် ပတ်သက်၍ ပြော ကြားသည်။

ယခုနောက်ပိုင်း ပြည်ပမှ အပ်ထည်ပေးသည့် ကုမ္ပဏီများ က ဒီဇိုင်းတစ်မျိုးလျှင် အထည် သုံးထောင်မှငါးထောင်ကြားသာ အပ်နှံသည်။ ဒေသတွင်း နိုင်ငံအ ချို့တွင် ဒီဇိုင်းတစ်မျိုးကိုအပ်ထည်  သိန်း၊ သန်းနှင့် ချီ၍ ရသဖြင့် ၎င်း တို့နှင့် ထုတ်လုပ်မှုပိုင်းတွင် ယှဉ် ပြိုင်နိုင်ခြင်းမရှိကြောင်း ဦးခင် မောင်အေးကဆိုသည်။

‘‘အော်ဒါနည်းတဲ့ ပြဿနာ က ဒီနှစ်မှာ ပိုကြုံလာရတယ်’’ဟု ထိပ်တန်းမြန်မာအထည်ချုပ်စက် ရုံမှ ဒါရိုက်တာ ဦးလှထွေးကပြော ကြားသည်။

ပြည်တွင်းအထည်ချုပ်စက် ရုံများတွင် အလုပ်သမားဆန္ဒပြမှု များကြောင့် အမှာနည်းသွားခြင်း၊ ဆိပ်ကမ်းများတွင် လုပ်ထုံးလုပ် နည်းများကြောင့် နှောင့်နှေးခြင်း တို့ကြောင့် ပြည်ပမှ မှာယူသည့်အ တိုင်း အချိန်မီမပို့နိုင်မှုများလာ သည်။

အချိန်မီမပို့နိုင်လျှင် ကြားမှအထည်မှာယူပေးသော ကုမ္ပဏီက လျော်ကြေးပေးရ၍ ၎င်းတို့က မြန်မာအထည်ချုပ်စက်ရုံများအ ပေါ် ယုံကြည်မှုနည်းလာပြီး အထည် အမှာနည်းလာကြခြင်းဖြစ် ကြောင်း ၎င်းကပြောသည်။

လက်ရှိ အထည်ချုပ်လုပ် ငန်းတွင် အမှာစာအများဆုံးရရှိ နေသော နိုင်ငံများမှာ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ဖြစ်ပြီး အမေရိကန်နှင့် ဥရောပနိုင်ငံများ မှ အမှာအနည်းငယ်သာရှိသည်။

မြန်မာနိုင်ငံ၏ အလားအ လာကောင်းသော လုပ်ငန်းများ တွင် အထည်ချုပ်လုပ်ငန်းပါဝင် ပြီး ၂၀၁၃ ခုနှစ်တွင် ပြည်ပသို့ ချုပ်ထည်တင်ပို့မှု ၀င်ငွေအမေ ရိကန်ဒေါ်လာ သန်းတစ်ထောင် ကျော်ရရှိသည်ဟု အထည်ချုပ် လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးကပြောကြားခဲ့သည်။ သို့ သော် ၂၀၁၄ ခုနှစ်တွင် အထည် ချုပ်စက်ရုံများ ရုန်းကန်နေကြရ သည်။

ပြည်တွင်းတွင် လက်ရှိ အ ထည်ချုပ်စက်ရုံသုံးရာကျော်ရှိပြီး အလုပ်သမားဦးရေ သုံးသိန်းနီး ပါးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

7Day DAILY 

အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)
အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)
အထည်ချုပ်စက်ရုံများ သို့ ပြည်ပမှ အပ်ထည်အမှာရရှိမှု လျော့နည်းလာ၍ ထုတ်လုပ်မှုပမာဏ တိုးမြှင့်ရန် အခက် အခဲများ  ကြုံတွေ့နေကြောင်း အထည်ချုပ် လုပ်ငန်းရှင်များက ပြောသည်။
‘‘ချုပ်တဲ့လူကတစ်နေ့ကို ဒီဇိုင်းသုံးမျိုးလောက်ပြောင်းချုပ် နေရတော့ အထည်ပမာဏမတိုး နိုင်ဘူးဖြစ်နေ တယ်’’ ဟု လက်ဝါး အထည်ချုပ်စက်ရုံဥက္ကဋ္ဌ ဦးခင် မောင်အေးက အထည်ဒီဇိုင်းတစ် မျိုးလျှင်အမှာ အနည်းငယ် သာရ နေခြင်းနှင့် ပတ်သက်၍ ပြော ကြားသည်။

ယခုနောက်ပိုင်း ပြည်ပမှ အပ်ထည်ပေးသည့် ကုမ္ပဏီများ က ဒီဇိုင်းတစ်မျိုးလျှင် အထည် သုံးထောင်မှ ငါးထောင်ကြားသာ အပ်နှံသည်။ ဒေသတွင်း နိုင်ငံအ ချို့တွင် ဒီဇိုင်းတစ်မျိုးကိုအပ်ထည်  သိန်း၊ သန်းနှင့် ချီ၍ ရသဖြင့် ၎င်း တို့နှင့် ထုတ်လုပ်မှုပိုင်းတွင် ယှဉ် ပြိုင်နိုင်ခြင်းမရှိကြောင်း ဦးခင် မောင်အေးကဆိုသည်။

‘‘အော်ဒါနည်းတဲ့ ပြဿနာ က ဒီနှစ်မှာ ပိုကြုံလာရတယ်’’ဟု ထိပ်တန်းမြန်မာအထည်ချုပ်စက် ရုံမှ ဒါရိုက်တာ ဦးလှထွေး ကပြော ကြားသည်။

ပြည်တွင်းအထည်ချုပ်စက် ရုံများတွင် အလုပ်သမားဆန္ဒပြမှု များကြောင့် အမှာနည်းသွားခြင်း၊ ဆိပ်ကမ်း များတွင် လုပ်ထုံးလုပ် နည်းများကြောင့် နှောင့်နှေးခြင်း တို့ကြောင့် ပြည်ပမှ မှာယူသည့်အတိုင်း အချိန်မီ မပို့နိုင် မှု များလာ သည်။

အချိန်မီမပို့နိုင်လျှင် ကြားမှအထည်မှာယူပေးသော ကုမ္ပဏီက လျော်ကြေးပေးရ၍ ၎င်းတို့က မြန်မာအထည် ချုပ် စက်ရုံများအပေါ် ယုံကြည်မှုနည်းလာပြီး အထည်အမှာနည်းလာကြခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

လက်ရှိ အထည်ချုပ်လုပ် ငန်းတွင် အမှာစာအများဆုံးရရှိ နေသော နိုင်ငံများမှာ ဂျပန်နှင့် တောင် ကိုရီးယားနိုင်ငံ တို့ဖြစ်ပြီး အမေရိကန်နှင့် ဥရောပနိုင်ငံများ မှ အမှာအနည်းငယ်သာရှိသည်။

မြန်မာနိုင်ငံ၏ အလားအ လာကောင်းသော လုပ်ငန်းများ တွင် အထည်ချုပ်လုပ်ငန်းပါဝင် ပြီး ၂၀၁၃ ခုနှစ် တွင် ပြည်ပသို့ ချုပ်ထည်တင်ပို့မှု ၀င်ငွေအမေ ရိကန်ဒေါ်လာ သန်းတစ်ထောင် ကျော်ရရှိသည်ဟု အထည် ချုပ် လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးကပြောကြားခဲ့သည်။ သို့ သော် ၂၀၁၄ ခုနှစ်တွင် အထည် ချုပ်စက်ရုံများ ရုန်းကန်နေကြရ သည်။

ပြည်တွင်းတွင် လက်ရှိ အထည်ချုပ်စက်ရုံသုံးရာကျော်ရှိပြီး အလုပ်သမားဦးရေ သုံးသိန်းနီး ပါးလုပ်ကိုင် လျက် ရှိကြောင်း သိရသည်။

7Day DAILY

No comments:

Post a Comment