Monday 15 September 2014

ယာဉ်မတော်တဆ မှုကြောင့် သေဆုံးသွားခဲ့သည့် ပေါလ်ဝေါ့ ကာ မွေးနေ့ အောက်မေ့ ဖွယ် အဖြစ် သမီးဖြစ်သူက မွေးနေ့ဆုတောင်းပြုလုပ်

Photo: ယာဉ်မတော်တဆ မှုကြောင့် သေဆုံးသွားခဲ့သည့် ပေါလ်ဝေါ့ ကာ မွေးနေ့ အောက်မေ့ ဖွယ် အဖြစ် သမီးဖြစ်သူက မွေးနေ့ဆုတောင်းပြုလုပ်
Monday, September 15, 2014 

စက်တင်ဘာ ၁၄။ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ရသူ နာမည်ကျော် ရုပ်ရှင်မင်းသား ပေါလ်ဝေါ့ကာ (Paul Walker) ၏ မွေးနေ့ဖြစ်သည့် စက်တင် ဘာလ ၁၂ ရက်နေ့တွင် သမီးဖြစ်သူ မက်ဒိုဝေါ့ကာက မွေးနေ့ ဆုတောင်း ပြုလုပ် ခဲ့သည်။ သရုပ်ဆောင် ပေါလ်ဝေါ့ကာမှာ ဝမ်းနည်းကြေကွဲဖွယ်ရာ ယာဉ်မတော် တဆမှု တစ်ခုကြောင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကွယ်လွန်သွား ခဲ့ခြင်း ဖြစ်ရာ ယခုဆိုလျှင် တစ်နှစ်နီးပါး ရှိပြီဖြစ်သည်။

စက်တင်ဘာလ ၁၂ ရက်နေ့ သောကြာနေ့မှာ “Fast and Furious”  ဇာတ်ကား ၏ သရုပ်ဆောင် ပေါလ်ဝေါ့ကာ၏ ၄၁ နှစ်မြောက် မွေးနေ့ဖြစ်ရာသမီးဖြစ်သူ မက်ဒိုဝေါ့ကာ က Instagram လူမှုကွန်ယက်စာမျက်နှာတွင် ဖခင်ဖြစ်သူ ၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် ရေးသားခဲ့ရာ ပရိသတ်များအဖို့ ဝမ်းနည်းစရာ တစ်ခုပင်ဖြစ်သည်။

Instagram စာမျက်နှာတွင် “ပျော်ရွှင်သော မွေးနေ့ပါ။ အဖေ့ကို သမီး ချစ်ပါတယ်” ဟု မက်ဒိုဝေါ့ကာက ရေးသားထားပြီး၊ ဖခင်နှင့်အတူ လမ်းလျှောက်တတ် ခါစ ကလေးအရွယ်က ရိုက်ကူထားခဲ့သည့် ဓာတ်ပုံကိုတင်ခဲ့ခြင်း ဖြစ်သည်။

ဖခင်ဖြစ်သူ ပေါလ်ဝေါ့ကာ နှင့် သမီးဖြစ်သူ ကလေးအရွယ် မက်ဒိုဝေါ့ကာ တို့ တစ်ဦးကို တစ်ဦး ချစ်မြတ်နိုးစွာ ကြည့်နေကြသော ချစ်စဖွယ် ဓာတ်ပုံတစ် ပုံဖြစ်ပြီး၊ ဓာတ်ပုံထဲတွင် မက်ဒိုဝေါ့ကာမှာ ပန်းပွင့်ပုံများ ပါရှိသော အပြာရောင်အင်္ကျီဖျော့ဖျော့ကို ဝတ်ဆင်ထားသည်။

မက်ဒိုဝေါ့ကာသည် ဟာဝိုင်အီရှိ နေအိမ်တွင် မိခင်ဖြစ်သူ ရေဘက္ကာဆိုတားရို့စ် (Rebecca Soteros) နှင့် ယခင်က အတူနေထိုင်ခဲ့ရာမှ၊ ဖခင်ဖြစ် သူ ပေါလ်ဝေါ့ ကာ မကွယ်လွန်ခင် ရက်သတ္တပတ်များတွင် ဖခင်ဖြစ်သူ နေထိုင်ရာ လော့စ် အင်ဂျလိစ် သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

မက်ဒို နှင့် သူ့အကြား နီးစပ်ကောင်းမွန်သော မိသားစု ဆက်ဆံရေး ရှိခြင်း အပေါ် ပျော်ရွှင်ကြောင်း ပေါလ်ဝေါ့ကာက သူ မကွယ်လွန်မီ ၁၄ ရက်အလို၌ လူမှုကွန်ယက်စာမျက်နှာ တွစ်တာတွင် ရေးသားခဲ့သည်။ “အသက် ၂၅ နှစ် အရွယ်မှာ သူ့ကိုရခဲ့တာကို ကျွန်တော် ပျော်ရွှင်ဝမ်းမြောက်မိပါတယ်။ ဘာကြောင့် လည်းဆိုတော့ အသက် ၄၀ အရွယ် ကျွန်တော်နဲ့ အသက် ၁၅ နှစ်အရွယ် သမီးအကြား ဆက်ဆံရေးက ပြေပြစ်ကောင်းမွန်လှပါတယ်။ အဲဒါဟာ အလုပ်ဖြစ်ပါ တယ်။ အကောင်းဆုံး ဆက်ဆံရေးမျိုးပါ” ဟု ရေးသားခဲ့ခြင်း ဖြစ်သည်။

ပေါလ်ဝေါ့ကာ၏ ပေါင်စတာလင် ၁၅ သန်းတန် အိမ်နှင့် ခြံဝင်းအား အမွေရရှိ ခဲ့သည့် အသက် ၁၅ နှစ် အရွယ် မက်ဒိုဝေါ့ကာကို ယခုအခါ ပေါလ်၏ မိခင်ဖြစ် သူက အုပ်ထိန်းလျက် ရှိသည်။

“Fast and Furious” ဇာတ်ကားတွင် ပေါလ်ဝေါ့ကာ၏ တွဲဘက်သရုပ်ဆောင် များ ဖြစ်ကြ သည့် ဂျော်ဒါးနားဘရူးစတား နှင့် လူဒါခရစ္စ တို့ကလည်း ပေါလ်ဝေါ့ ကာ မွေးနေ့အထိမ်းအမှတ်အဖြစ် အောက်မေ့ဖွယ်များ ရေးသားခဲ့ကြသည်။

WhoSay လူမှုမီဒီယာ စာမျက်နှာတွင် မင်းသမီး ဂျော်ဒါးနားသည် ပေါလ်ဝေါ့ ကာ အောက်မေ့ ဖွယ်အဖြစ် “ပျော်ရွှင်သော မွေးနေ့ပါ။ #ROWW ဟာ ငါတို့ရဲ့ ရင်ထဲမှာ အမြဲရှိနေမှာပါ” ဟု ၂၀၁၀ ခုနှစ်တွင် ပေါလ်ဝေါ့ကာ တည်ထောင်ခဲ့သည့် Reach Out WorldWide (ROWW) အဖွဲ့ကို ရည်ညွှန်း၍ ရေးသားကာ၊ ညနေဆည်းဆာ ဓာတ်ပုံတစ်ပုံနှင့်အတူ တွဲ၍ တင်ခဲ့သည်။ ROWW အဖွဲ့မှာ သဘာဝဘေးအန္တရာယ်များအပြီး အသက်ရှင်သန်ကျန်ရစ်သူများအား အကူအညီပေးရန် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။

ပေါလ် လိုက်ပါခဲ့ပြီး ပေါလ်၏ မိတ်ဆွေ ရော့ဂျာရိုဒက်စ် (Roger Rodas) မောင်းနှင်ခဲ့သော Porsche ကားမှာ အရှိန်မထိန်းနိုင်ဘဲဖြစ်ကာ အနီးရှိ တိုင်တစ်ခုကို တိုက်မိပြီး မီးလောင်ကျွမ်းသွားခဲ့ရာ ကားထဲတွင် လိုက်ပါလာခဲ့သူ နှစ်ဦးစလုံး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

Ref: Mirror၊
Mizzima - News in Burmese
စက်တင်ဘာ ၁၄။ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ရသူ နာမည်ကျော် ရုပ်ရှင်မင်းသား ပေါလ်ဝေါ့ ကာ (Paul Walker) ၏ မွေးနေ့ဖြစ်သည့် စက်တင် ဘာလ ၁၂ ရက်နေ့တွင် သမီးဖြစ်သူ မက်ဒိုဝေါ့ ကာက မွေးနေ့ ဆုတောင်း ပြုလုပ် ခဲ့သည်။ သရုပ်ဆောင် ပေါလ်ဝေါ့ကာမှာ ဝမ်းနည်းကြေကွဲဖွယ်ရာ ယာဉ်မတော် တဆမှု တစ်ခုကြောင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကွယ်လွန်သွား ခဲ့ခြင်း ဖြစ် ရာ ယခုဆိုလျှင် တစ်နှစ်နီးပါး ရှိပြီဖြစ်သည်။
စက်တင်ဘာလ ၁၂ ရက်နေ့ သောကြာနေ့မှာ “Fast and Furious”  ဇာတ်ကား၏ သရုပ်ဆောင် ပေါလ်ဝေါ့ ကာ၏ ၄၁ နှစ်မြောက် မွေးနေ့ဖြစ်ရာသမီးဖြစ်သူ မက်ဒိုဝေါ့ကာ က Instagram လူမှုကွန်ယက် စာမျက်နှာ တွင် ဖခင်ဖြစ်သူ ၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် ရေးသားခဲ့ရာ ပရိသတ်များအဖို့ ဝမ်းနည်းစရာ တစ်ခု ပင်ဖြစ်သည်။

Instagram စာမျက်နှာတွင် “ပျော်ရွှင်သော မွေးနေ့ပါ။ အဖေ့ကို သမီး ချစ်ပါတယ်” ဟု မက်ဒိုဝေါ့ကာက ရေးသားထားပြီး၊ ဖခင်နှင့်အတူ လမ်းလျှောက်တတ် ခါစ ကလေးအရွယ်က ရိုက်ကူထားခဲ့သည့် ဓာတ်ပုံကိုတင်ခဲ့ခြင်း ဖြစ်သည်။

ဖခင်ဖြစ်သူ ပေါလ်ဝေါ့ကာ နှင့် သမီးဖြစ်သူ ကလေးအရွယ် မက်ဒိုဝေါ့ကာ တို့ တစ်ဦးကို တစ်ဦး ချစ်မြတ်နိုး စွာ ကြည့်နေကြသော ချစ်စဖွယ် ဓာတ်ပုံတစ် ပုံဖြစ်ပြီး၊ ဓာတ်ပုံထဲတွင် မက်ဒိုဝေါ့ကာမှာ ပန်းပွင့်ပုံများ ပါရှိသော အပြာရောင်အင်္ကျီဖျော့ဖျော့ကို ဝတ်ဆင်ထားသည်။

မက်ဒိုဝေါ့ကာသည် ဟာဝိုင်အီရှိ နေအိမ်တွင် မိခင်ဖြစ်သူ ရေဘက္ကာဆိုတားရို့စ် (Rebecca Soteros) နှင့် ယခင်က အတူနေထိုင်ခဲ့ရာမှ၊ ဖခင်ဖြစ် သူ ပေါလ်ဝေါ့ ကာ မကွယ်လွန်ခင် ရက်သတ္တပတ်များတွင် ဖခင်ဖြစ်သူ နေထိုင်ရာ လော့စ် အင်ဂျလိစ် သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

မက်ဒို နှင့် သူ့အကြား နီးစပ်ကောင်းမွန်သော မိသားစု ဆက်ဆံရေး ရှိခြင်း အပေါ် ပျော် ရွှင်ကြော င်း ပေါလ်ဝေါ့ ကာက သူ မကွယ်လွန်မီ ၁၄ ရက်အလို၌ လူမှုကွန်ယက်စာမျက်နှာ တွစ်တာတွင် ရေးသားခဲ့ သည်။ “အသက် ၂၅ နှစ် အရွယ်မှာ သူ့ကိုရခဲ့တာကို ကျွန်တော် ပျော်ရွှင်ဝမ်းမြောက်မိပါတယ်။ ဘာကြောင့် လည်းဆိုတော့ အသက် ၄၀ အရွယ် ကျွန်တော်နဲ့ အသက် ၁၅ နှစ်အရွယ် သမီးအကြား ဆက်ဆံရေး က ပြေပြစ်ကောင်းမွန်လှပါတယ်။ အဲဒါဟာ အလုပ်ဖြစ်ပါ တယ်။ အကောင်းဆုံး ဆက်ဆံရေးမျိုးပါ” ဟု ရေးသားခဲ့ခြင်း ဖြစ်သည်။

ပေါလ်ဝေါ့ကာ၏ ပေါင်စတာလင် ၁၅ သန်းတန် အိမ်နှင့် ခြံဝင်းအား အမွေရရှိ ခဲ့သည့် အသက် ၁၅ နှစ် အရွယ် မက်ဒိုဝေါ့ကာကို ယခုအခါ ပေါလ်၏ မိခင်ဖြစ် သူက အုပ်ထိန်းလျက် ရှိသည်။

“Fast and Furious” ဇာတ်ကားတွင် ပေါလ်ဝေါ့ကာ၏ တွဲဘက်သရုပ်ဆောင်များ ဖြစ်ကြ သည့် ဂျော်ဒါး နားဘရူး စတား နှင့် လူဒါခရစ္စ တို့ကလည်း ပေါလ်ဝေါ့ ကာ မွေးနေ့အထိမ်းအမှတ် အဖြစ် အောက်မေ့ ဖွယ်များ ရေးသားခဲ့ကြသည်။

WhoSay လူမှုမီဒီယာ စာမျက်နှာတွင် မင်းသမီး ဂျော်ဒါးနားသည် ပေါလ်ဝေါ့ ကာ အောက်မေ့ ဖွယ်အဖြစ် “ပျော်ရွှင်သော မွေးနေ့ပါ။ #ROWW ဟာ ငါတို့ရဲ့ ရင်ထဲမှာ အမြဲရှိနေမှာပါ” ဟု ၂၀၁၀ ခုနှစ် တွင် ပေါလ်ဝေါ့ကာ တည်ထောင်ခဲ့သည့် Reach Out WorldWide (ROWW) အဖွဲ့ကို ရည်ညွှန်း ၍ ရေးသားကာ၊ ညနေဆည်းဆာ ဓာတ်ပုံတစ်ပုံနှင့်အတူ တွဲ၍ တင်ခဲ့သည်။ ROWW အဖွဲ့မှာ သဘာ ဝဘေးအန္တရာယ်များအပြီး အသက်ရှင်သန်ကျန်ရစ်သူများအား အကူအညီပေးရန် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။

ပေါလ် လိုက်ပါခဲ့ပြီး ပေါလ်၏ မိတ်ဆွေ ရော့ဂျာရိုဒက်စ် (Roger Rodas) မောင်းနှင်ခဲ့သော Porsche ကားမှာ အရှိန်မထိန်းနိုင်ဘဲဖြစ်ကာ အနီးရှိ တိုင်တစ်ခုကို တိုက်မိပြီး မီးလောင်ကျွမ်းသွားခဲ့ရာ ကားထဲတွင် လိုက်ပါ လာခဲ့သူ နှစ်ဦးစလုံး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

Ref: Mirror၊
Mizzima - News in Burmese

No comments:

Post a Comment