Monday 15 September 2014

Viber ကုမ္ပဏီမှ Version 5.0 အသစ်တွင် ဗီဒိုယိုခေါ်ဆိုမှု ပြုလုပ်နိုင်

Photo: Viber ကုမ္ပဏီမှ Version 5.0 အသစ်တွင် ဗီဒိုယိုခေါ်ဆိုမှု ပြုလုပ်နိုင်
Monday, September 15, 2014

ကမ္ဘာ့နိုင်ငံအ သီးသီးတွင် အသုံးပြုလျက်ရှိသော မိုဘိုင်း ဆက်သွယ်ရေး Viber အား ပိုမိုကောင်းမွန် စွာ အသုံးပြုနိုင်ရန်အတွက် Viber ကုမ္ပဏီ မှ Version 5.0 အသစ်အား ထုတ်လုပ်လိုက် ပြီဖြစ်သောကြောင့် Viber ဖြင့် Video Call ခေါ်ဆိုနိုင်ပြီဖြစ်ကြောင်း စက်တင် ဘာ ၁၁ ရက်က Viber ကုမ္ပဏီမှ သတင်း ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

Viber ကုမ္ပဏီမှ အသစ်ထုတ် လုပ်လိုက်သော Version 5.0 သည် Android နှင့် ios တို့အတွက် ထုတ်လုပ် ထားခြင်းဖြစ်ပြီးWindos, Windows 8 နှင့် OS X တို့အတွက်ကိုလည်း Desktop Application ဗားရှင်းအသစ်များကို ထုတ် လုပ်ထားကြောင်း သိရသည်။

''အခုကုမ္ပဏီမှ အသစ်ထုတ်လုပ် သော Version 5.0 ကို ထုတ်လုပ်လိုက်ပါ ပြီ။ ဒါကြောင့် ဗီဒီယိုခေါ်ဆိုမှု (Video Calling))ကို မိုဘိုင်းဖုန်းတွေမှာ အသုံးပြုလို့ရပါ ပြီ။ ဒါကြောင့် အခုဆိုရင် Viber ကနေ ဗီ ဒီယိုခေါ်ဆိုမှု လုပ်မယ်ဆိုရင် မိတ်ဆွေရဲ့ ဖုန်းမှာသာမက PC နဲ့ Mac ပေါ်မှာပါ တစ် ပြိုင်တည်းအသုံးပြုနိုင်မှာဖြစ်လို့ မိတ်ဆွေ တို့အနေနဲ့လဲ ကျေနပ်ပျော်ရွှင်မယ်လို့ မျှော် လင့်ပါတယ်'' ဟု Viber ၏ CEO Talmon Marco က ပြောသည်။

ယခု အသစ်ထုတ်လုပ်လိုက်သော Version 5.0 တွင် ဗီဒီယိုခေါ်ဆိုမှုအပြင် မိမိသူငယ်ချင်းများ၏ Viber နံပါတ်ကို ရိုက်ထည့်လိုက်တာပဲဖြစ်ဖြစ်၊ QR code နှင့် Scan ဖတ်တာပဲဖြစ်ဖြစ်၊ လုပ်ဆောင် ပြီးပါက မိမိ၏ Contacts များအား အလွယ် တကူ စီမံခန့်ခွဲနိုင်သော နည်းစနစ်လည်း ပါဝင်ကြောင်း ၄င်းကဆိုသည်။

Viber တွင် အသုံးပြုနိုင်သော အရာများမှာ စာပို့ခြင်း၊ ရုပ်သံခေါ်ဆိုခြင်း၊ text message များ၊ ရုပ်ပြောင် စတစ်ကာ များ၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များ၊ ပုံကြမ်းများ၊ HD အရည်အသွေး ဖုန်းခေါ်ဆိုနိုင်ခြင်းတို့ ဖြစ်ပြီး ယခုထုတ်လုပ်လုပ်သော Version 5.0 ကြောင့်Video Calling နှင့် Push To Talk တို့ကိုလည်း အသုံးပြုနိုင်ခဲ့သလို Viber Out အနေနှင့်လည်း နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုနိုင်ခြင်းများ ကိုလည်း ပြုလုပ် နိုင်သည်။

ယခုအချိန်တွင်မူ နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ Register (စာရင်းသွင်း)ထား သူ သန်း ၆၈ဝရှိပြီး နေ့စဉ်ပုံမှန် အသုံးပြု သူသန်း ၄ဝဝ ကျော်ရှိသလို မြန်မာနိုင်ငံ တွင် Viber အသုံးပြုသူ ငါးသန်းကျော်ရှိနေ ပြီဖြစ်ကြောင်း Viber ကုမ္ပဏီမှ စက်တင် ဘာ ၁၁ ရက်က (Version 5.0 ) ဗားရှင်းအ သစ်ထုတ်လုပ်ကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

Yangon Media Group
ကမ္ဘာ့နိုင်ငံအ သီးသီးတွင် အသုံးပြုလျက်ရှိသော မိုဘိုင်း ဆက်သွယ်ရေး Viber အား ပိုမိုကောင်းမွန် စွာ အသုံးပြုနိုင်ရန်အတွက် Viber ကုမ္ပဏီ မှ Version 5.0 အသစ်အား ထုတ်လုပ်လိုက် ပြီဖြစ်သောကြောင့် Viber ဖြင့် Video Call ခေါ်ဆိုနိုင်ပြီဖြစ်ကြောင်း စက်တင် ဘာ ၁၁ ရက်က Viber ကုမ္ပဏီမှ သတင်း ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။
Viber ကုမ္ပဏီမှ အသစ်ထုတ် လုပ်လိုက်သော Version 5.0 သည် Android နှင့် ios တို့အတွက် ထုတ်လုပ် ထားခြင်းဖြစ်ပြီးWindos, Windows 8 နှင့် OS X တို့အတွက်ကိုလည်း Desktop Application ဗားရှင်းအသစ်များကို ထုတ် လုပ်ထားကြောင်း သိရသည်။

''အခုကုမ္ပဏီမှ အသစ်ထုတ်လုပ် သော Version 5.0 ကို ထုတ်လုပ်လိုက်ပါ ပြီ။ ဒါကြောင့် ဗီဒီယိုခေါ်ဆိုမှု (Video Calling))ကို မိုဘိုင်းဖုန်းတွေမှာ အသုံးပြုလို့ရပါ ပြီ။ ဒါကြောင့် အခုဆိုရင် Viber ကနေ ဗီ ဒီယိုခေါ်ဆို မှု လုပ်မယ်ဆိုရင် မိတ်ဆွေရဲ့ ဖုန်းမှာသာမက PC နဲ့ Mac ပေါ်မှာပါ တစ် ပြိုင်တည်း အသုံးပြုနိုင် မှာဖြစ်လို့ မိတ်ဆွေ တို့အနေနဲ့လဲ ကျေနပ်ပျော်ရွှင်မယ်လို့ မျှော် လင့်ပါတယ်'' ဟု Viber ၏ CEO Talmon Marco က ပြောသည်။

ယခု အသစ်ထုတ်လုပ်လိုက်သော Version 5.0 တွင် ဗီဒီယိုခေါ်ဆိုမှုအပြင် မိမိသူငယ်ချင်းများ၏ Viber နံပါတ်ကို ရိုက်ထည့်လိုက်တာပဲဖြစ်ဖြစ်၊ QR code နှင့် Scan ဖတ်တာပဲဖြစ်ဖြစ်၊ လုပ်ဆောင် ပြီးပါက မိမိ၏ Contacts များအား အလွယ် တကူ စီမံခန့်ခွဲနိုင်သော နည်းစနစ်လည်း ပါဝင်ကြောင်း ၄င်းကဆိုသည်။

Viber တွင် အသုံးပြုနိုင်သော အရာများမှာ စာပို့ခြင်း၊ ရုပ်သံခေါ်ဆိုခြင်း၊ text message များ၊ ရုပ်ပြောင် စတစ်ကာ များ၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များ၊ ပုံကြမ်းများ၊ HD အရည်အသွေး ဖုန်းခေါ်ဆိုနိုင်ခြင်းတို့ ဖြစ်ပြီး ယခုထုတ်လုပ်လုပ်သော Version 5.0 ကြောင့်Video Calling နှင့် Push To Talk တို့ကိုလည်း အသုံးပြုနိုင် ခဲ့ သလို Viber Out အနေနှင့်လည်း နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုနိုင်ခြင်းများ ကိုလည်း ပြုလုပ် နိုင်သည်။

ယခုအချိန်တွင်မူ နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ Register (စာရင်းသွင်း)ထား သူ သန်း ၆၈ဝရှိပြီး နေ့စဉ်ပုံမှန် အသုံးပြု သူသန်း ၄ဝဝ ကျော်ရှိသလို မြန်မာနိုင်ငံ တွင် Viber အသုံးပြုသူ ငါးသန်းကျော်ရှိနေ ပြီဖြစ်ကြောင်း Viber ကုမ္ပဏီမှ စက်တင် ဘာ ၁၁ ရက်က (Version 5.0 ) ဗားရှင်းအ သစ်ထုတ်လုပ်ကြောင်း ကြေညာ ချက်တွင် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment