Monday 15 September 2014

နိုင်ငံခြားဘဏ်များ လုပ်ကိုင်ခွင့် ယခုလကုန်ပိုင်းတွင် ချထားပေးမည်

ပြည်တွင်းတွင် နိုင်ငံခြား ဘဏ်များ ဖွင့်လှစ်လုပ်ကိုင်ခွင့် ပေးထားခြင်းကို စက်တင်ဘာလ ကုန်၌ ရွေးချယ် ချထားပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင် ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဦး ဆက်အောင်ကပြောသည်။
အဆိုပါနိုင်ငံခြားဘဏ်လုပ် ငန်းများပြည်တွင်းတွင်လုပ်ကိုင် ခွင့်များပေးခြင်းနှင့် ပတ်သက်ပြီး ဝေဖန်မေးမြန်း မှု များ ရှိနေ၍သတ်မှတ်ကာလ မတိုင်မီ ဖြစ်သော ယခုလကုန်ပိုင်းတွင် လျှောက်ထားသော နိုင်ငံခြား ဘဏ် များမှ ရွေးချယ်ကာလုပ်ကိုင်ခွင့်များချထားပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘အခုဆိုရင် နိုင်ငံခြားဘဏ် လုပ်ငန်းတွေချပေးတာနဲ့ ပတ်သက်လို့ လုပ်ဖြစ်၊ မလုပ်ဖြစ်ဝေဖန်မေးမြန်း တာတွေ လည်း ရှိနေ တယ်။ အဲဒီအတွက် ဗဟိုဘဏ်က အရင်သတ်မှတ်ထားတဲ့အတိုင်း စက်တင်ဘာလ ကုန်ပိုင်းမှာ လုပ် ကိုင်ခွင့်ရတဲ့ဘဏ်တွေကို ရွေးချယ်ချထားပေးသွားမှာပါ’’ ဟု ဦးဆက်အောင်က ပြော သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား ဘဏ်လုပ်ငန်းများဝင်ရောက်လုပ် ကိုင်ခွင့်ရရန် ပြည်တွင်း၌ ကိုယ် စားလှယ်ရုံး ခန်းများ ဖွင့်လှစ်လုပ်ကိုင်ထားသော နိုင်ငံခြား  ဘဏ်စုစုပေါင်း ၂၅ခုကလည်းဖွင့် လှစ်ခွင့် ရရေး မြန်မာနိုင် ငံတော် ဗဟို ဘဏ်သို့ အဆိုပြုလွှာများ ပေးပို့ ထားကြောင်း ဗဟိုဘဏ်က ဇူလိုင်လတွင် ထုတ်ပြန်ကြေညာခဲ့ သည်။

ယခု စက်တင်ဘာလကုန် တွင် နိုင်ငံခြား ဘဏ်လုပ်ငန်း များ ဖွင့်လှစ်လုပ်ကိုင်ခွင့် ချပေး တော့မည်ဟု ဆိုသော်လည်းလုပ် ကိုင်ခွင့်ပေးမည့် ဘဏ်အရေအ တွက်အတိအကျကိုမူ ဦးဆက် အောင် က ပြောကြား ခဲ့ခြင်း  မရှိ ပေ။

သို့သော် နိုင်ငံခြားဘဏ်များ လုပ်ကိုင်ခွင့်နှင့်ပတ်သက်၍ ယခင် ထုတ်ပြန်ထားသည့်အတိုင်းနိုင်ငံ ခြား ဘဏ်ငါးခုမှ ဆယ်ခုအကြား ကိုလုပ်ကိုင်ခွင့်ပေးသွားမည်ဟု သာ ထပ်မံပြောကြားသွားခဲ့သည်။

မြန်မာနိုင်ငံတွင် ဘဏ်လုပ် ငန်းလုပ်ကိုင်ခွင့်ရရန် သြစတြေး လျ၊ ဂျပန်၊ ပြင်သစ်၊ ထိုင်း၊မလေး ရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ Mauritius နိုင်ငံတို့မှ ဘဏ်များ လျှောက်ထားပြီး မလေးရှားနှင့် ထိုင်းနိုင်ငံတို့က ဘဏ်လေးခုစီဖြင့်  အများဆုံး လျှောက်ထားကြောင်း သိရှိရသည်။

ပြည်တွင်း၌ နိုင်ငံခြားဘဏ်များ ၀င်ရောက်လုပ်ကိုင်ရာတွင် ပြည်တွင်း ဘဏ်များနှင့်ပြိုင်ဆိုင်မှု မဖြစ်စေ ရန် ပြည်တွင်းဘဏ်လုပ်ငန်းများ အပြည့်အ၀ လုပ်ကိုင်ခွင့်ရမည်မဟုတ်ဘဲ လက်ရှိပုဂ္ဂလိက ဘဏ် များဖြင့်သာ ပူးပေါင်းလုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်သည်။

7Day DAILY

No comments:

Post a Comment