Monday 15 September 2014

ဓာတ်တိုင်ကြွေသီးကွဲ၍ ဓာတ်လိုက်သေဆုံးသူနှစ်ဦးကို ဌာနကနစ်နာကြေး ကျပ်ဆယ်သိန်းစီပေး၊ နာရေးလိုက်မပို့

Photo: ဓာတ်တိုင်ကြွေသီးကွဲ၍ ဓာတ်လိုက်သေဆုံးသူနှစ်ဦးကို ဌာနကနစ်နာကြေး ကျပ်ဆယ်သိန်းစီပေး၊ နာရေးလိုက်မပို့
Monday, September 15, 2014

ဓာတ်တိုင်ကြွေသီးကွဲ၍ လျှပ်စစ်စီးဝင်ကာ ဓာတ်လိုက်သေဆုံးခဲ့သူနှစ်ဦးအား လျှပ်စစ်စွမ်း အားဝန်ကြီးဌာနက နစ်နာကြေး ကျပ်ဆယ်သိန်းစီပေးဆောင်ခဲ့ပြီး နာရေးလိုက်လံပို့ဆောင်ပေးခြင်းမရှိကြောင်းသတင်းရရှိသည်။

စက်တင်ဘာ ၁၂ ရက်ညက သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၁ ရပ်ကွက်၊ သုမင်္ဂလာ လမ်းရှိဓာတ် တိုင်တစ်ခုမှ ကြွေသီးကွဲကာဓာတ် အားလိုင်းမှ လျှပ်စစ်ဓာတ်အား များတိုင်သို့  စီးဝင်လာသော ကြောင့် ဓာတ်တိုင်အနီး ရေအိုင် တွင်ဓာတ်ကူးပြီး လူနှစ်ဦးဓာတ် လိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူနှစ်ဦးသည် အသက် (၁၀) နှစ်အရွယ် ဒုတိယတန်းကျောင်းသူ မဖြူစင်ငြိမ်းနှင့် အသက်(၄၀) အရွယ် ဒေါ်အေးအေးဆန်းတို့ဖြစ်သည်။

၎င်းတို့နှစ်ဦး၏ နာရေးကိုရေ ဝေးသုသာန်တွင် စက်တင်ဘာ ၁၄ ရက်က ပြုလုပ် ရာ ရပ်ကွက်လူ ထုနှင့်ဆွေမျိုးများသာ လိုက်လံပို့ဆောင်ပေးခဲ့ပြီး လျှပ်စစ်စွမ်း အားဝန်ကြီး ဌာနမှ တာဝန်ရှိသူများတစ်ဦးတစ်ယောက်မျှလိုက်လံပို့ဆောင်ခြင်း မရှိခဲ့ပေ။

သို့သော် ဇွန်လ ၂၃ ရက်က လှည်းတန်းပေ ၅၀ လမ်းတွင်ဓာတ်ကြိုးပြတ်ကျ မှုကြောင့် လူနှစ်ဦးသေဆုံးမှုနှင့် ဇွန်လ ၃၀ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ် ကွက်၊ ပတ္တမြားလမ်းတွင်ဓာတ် ကြိုးပြတ်ကျမှုကြောင့် လူ တစ်ဦး သေဆုံးမှုတို့၏ နာရေးများကိုလျှပ် စစ်စွမ်းအားဝန်ကြီးဌာန တာဝန် ရှိသူများက လိုက်လံပို့ဆောင်ပေး ခဲ့သည်။

ဇူလိုင် ၁၅ရက်က လှိုင်သာ ယာမြို့နယ် ၁၅ရပ်ကွက်ဈေးအ တွင်းရှိ ဓာတ်တိုင်မှ ဓာတ်ကြိုး  ပြတ်ကျမှုကြောင့် ဈေးဝယ်လာသူ အမျိုးသမီးသုံးဦးဓာတ်ကြိုးပတ်မိ ကာ ဓာတ်လိုက်သေဆုံးသောနာ ရေးကိုလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဒုဝန်ကြီးကိုယ်တိုင်လိုက်လံပို့ဆောင်ပေးခဲ့သည်။

‘‘နစ်နာကြေးအတွက်တစ်ဦး  ဆယ်သိန်းစီပေးတယ်။ နာရေး လိုက်ပို့ဖို့အတွက် ကားနှစ်စီးပေး တယ်။ ဓာတ်လိုက်သေလို့ သူတို့ မှာတာဝန်ရှိတယ်လို့မပြောဘူး။ နာရေးကိုလိုက်ပို့ရကောင်းမှန်းမ မသိဘူး’’ဟု စက်တင်ဘာ ၁၂ရက် ညကဓာတ်လိုက်သေဆုံးခဲ့သူ နှစ်ဦး၏ နာရေးကိစ္စ လိုက်လံလုပ်ဆောင်ပေးသော ကိုမြင့်ထွန်းကပြောသည်။

ဓာတ်လိုက်သေဆုံးခဲ့သူနှစ် ဦးလျှင် လျှပ်စစ်ဌာနက စက်တင် ဘာ ၁၃ ရက်တွင် တစ်ဦးလျှင်ကျပ်နှစ်သိန်းစီပေးအပ်ခဲ့ပြီး စက်တင် ဘာ ၁၄ ရက်တွင် ကျပ်ရှစ်သိန်းစီ ထပ်မံပေးအပ်ခဲ့သည်။

ဓာတ်လိုက် သေဆုံးသည့် ဖြစ်စဉ်တွင် သက်ဆိုင်ရာလျှပ်စစ် ဌာနများက မတော်တဆမှုကြောင့် သာဖြစ်သည်ဟုပြောဆိုထားပြီး တာဝန်ရှိသည်၊ မရှိသည်မှာပြော ဆို၍ မရသေးကြောင်းရန်ကုန်မြို့ တော်လျှပ်စစ်ဓာတ်အားပေး အဖွဲ့၊ သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ် ရေးမှူးဦးလှမြင့်ကစက်တင်ဘာ ၁၃ ရက်တွင် 7Day သတင်းစာအား ပြောဆိုထားသည်။

ဓာတ်လိုက်သေဆုံးသူများ၏ မိသားစုဝင်များသည် နစ် နာကြေးတစ်စုံတစ်ရာ မတောင်း ဆိုချင်သော်လည်းသက်ဆိုင်ရာ ဌာနက ၎င်းတို့ အပြစ်ရှိကြောင်း ပြည် သူ များအား ၀န်ခံပေးရန်သာ လိုအပ်ကြောင်းသေဆုံးသည့် မိ သားစုဝင်နှစ်ဖက် စလုံးကပြောဆို ထားသည်။

7Day DAILY 

ဓာတ်လိုက်၍ကွယ်လွန်သွားသူနှစ်ဦး၏ နာရေးတွင် မဖြူစင်ငြိမ်း၏ဓာတ်ပုံကို ကိုင်ဆောင် ထားသော မိသားစုဝင်တစ်ဦးနှင့် နာရေးလိုက်ပို့သူများကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
ဓာတ်လိုက်၍ကွယ်လွန်သွားသူနှစ်ဦး၏ နာရေးတွင် မဖြူစင်ငြိမ်း၏ဓာတ်ပုံကို ကိုင်ဆောင် ထားသော မိသားစုဝင်တစ်ဦးနှင့် နာရေးလိုက်ပို့သူများကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
ဓာတ်တိုင်ကြွေသီးကွဲ၍ လျှပ်စစ်စီးဝင်ကာ ဓာတ်လိုက်သေဆုံးခဲ့သူနှစ်ဦးအား လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနက နစ်နာကြေး ကျပ်ဆယ်သိန်းစီပေးဆောင်ခဲ့ပြီး နာရေးလိုက်လံပို့ဆောင်ပေးခြင်း မရှိကြောင်း သတင်း ရရှိသည်။
စက်တင်ဘာ ၁၂ ရက်ညက သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၁ ရပ်ကွက်၊ သုမင်္ဂလာလမ်းရှိ ဓာတ်တိုင် တစ်ခုမှ ကြွေသီးကွဲကာဓာတ် အားလိုင်းမှ လျှပ်စစ်ဓာတ်အား များတိုင်သို့  စီးဝင်လာသော ကြောင့် ဓာတ်တိုင်အနီး ရေအိုင် တွင်ဓာတ်ကူးပြီး လူနှစ်ဦးဓာတ် လိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူနှ စ်ဦး သည် အသက် (၁၀) နှစ်အရွယ် ဒုတိယတန်းကျောင်းသူ မဖြူစင်ငြိမ်းနှင့် အသက်(၄၀) အရွယ် ဒေါ်အေးအေးဆန်း တို့ဖြစ်သည်။

၎င်းတို့နှစ်ဦး၏ နာရေးကိုရေ ဝေးသုသာန်တွင် စက်တင်ဘာ ၁၄ ရက်က ပြုလုပ် ရာ ရပ်ကွက်လူ ထုနှင့်ဆွေမျိုး များသာ လိုက်လံပို့ဆောင်ပေးခဲ့ပြီး လျှပ်စစ်စွမ်း အားဝန်ကြီး ဌာနမှ တာဝန်ရှိသူများတစ်ဦး တစ်ယောက်မျှလိုက်လံပို့ဆောင်ခြင်း မရှိခဲ့ပေ။

သို့သော် ဇွန်လ ၂၃ ရက်က လှည်းတန်းပေ ၅၀ လမ်းတွင်ဓာတ်ကြိုးပြတ်ကျ မှုကြောင့် လူနှစ်ဦးသေဆုံးမှုနှင့် ဇွန်လ ၃၀ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ် ကွက်၊ ပတ္တမြားလမ်းတွင်ဓာတ် ကြိုးပြတ်ကျမှုကြောင့် လူ တစ်ဦး သေဆုံးမှုတို့၏ နာရေးများကိုလျှပ် စစ်စွမ်းအားဝန်ကြီးဌာန တာဝန် ရှိသူများက လိုက်လံ ပို့ဆောင်ပေး ခဲ့သည်။

ဇူလိုင် ၁၅ရက်က လှိုင်သာ ယာမြို့နယ် ၁၅ရပ်ကွက်ဈေးအ တွင်းရှိ ဓာတ်တိုင်မှ ဓာတ်ကြိုး  ပြတ်ကျ မှုကြောင့် ဈေး ၀ယ်လာသူ အမျိုးသမီးသုံးဦးဓာတ်ကြိုးပတ်မိ ကာ ဓာတ်လိုက်သေဆုံးသောနာ ရေးကိုလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဒုဝန်ကြီးကိုယ်တိုင်လိုက်လံပို့ဆောင်ပေးခဲ့သည်။

‘‘နစ်နာကြေးအတွက်တစ်ဦး  ဆယ်သိန်းစီပေးတယ်။ နာရေး လိုက်ပို့ဖို့အတွက် ကားနှစ်စီးပေး တယ်။ ဓာတ် လိုက်သေလို့ သူတို့ မှာတာဝန်ရှိတယ်လို့မပြောဘူး။ နာရေးကိုလိုက်ပို့ရကောင်းမှန်းမ မသိဘူး’’ဟု စက်တင်ဘာ ၁၂ရက် ညကဓာတ်လိုက်သေဆုံးခဲ့သူ နှစ်ဦး၏ နာရေးကိစ္စ လိုက်လံလုပ်ဆောင်ပေးသော ကိုမြင့်ထွန်းကပြောသည်။

ဓာတ်လိုက်သေဆုံးခဲ့သူနှစ် ဦးလျှင် လျှပ်စစ်ဌာနက စက်တင် ဘာ ၁၃ ရက်တွင် တစ်ဦးလျှင်ကျပ်နှစ်သိန်း စီပေးအပ် ခဲ့ပြီး စက်တင် ဘာ ၁၄ ရက်တွင် ကျပ်ရှစ်သိန်းစီ ထပ်မံပေးအပ်ခဲ့သည်။

ဓာတ်လိုက် သေဆုံးသည့် ဖြစ်စဉ်တွင် သက်ဆိုင်ရာလျှပ်စစ် ဌာနများက မတော်တဆမှုကြောင့် သာဖြစ် သည်ဟုပြောဆိုထားပြီး တာဝန်ရှိသည်၊ မရှိသည်မှာပြော ဆို၍ မရသေးကြောင်း ရန်ကုန်မြို့ တော် လျှပ်စစ် ဓာတ်အားပေး အဖွဲ့၊ သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ် ရေးမှူးဦးလှမြင့်ကစက်တင်ဘာ ၁၃ ရက်တွင် 7Day သတင်းစာအား ပြောဆိုထားသည်။

ဓာတ်လိုက်သေဆုံးသူများ၏ မိသားစုဝင်များသည် နစ် နာကြေးတစ်စုံတစ်ရာ မတောင်း ဆိုချင်သော်လည်း သက်ဆိုင်ရာဌာနက ၎င်းတို့ အပြစ်ရှိကြောင်း ပြည်သူများအား ၀န်ခံပေးရန်သာ လိုအပ်ကြောင်းသေ ဆုံးသည့် မိ သားစုဝင်နှစ်ဖက် စလုံးကပြောဆို ထားသည်။

7Day DAILY

No comments:

Post a Comment