Monday 15 September 2014

ပြည်ပရင်းနှီးမြှုပ်နှံမှု ငါးလအတွင်း ဒေါ်လာသုံးဘီလီယံကျော်

မြန်မာနိုင်ငံသို့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုမှာ ယခုဘဏ္ဍာနှစ်အတွက် ရည်မှန်းထား သော ပမာဏ၏ ထက်ဝက်ကျော်ဖြစ်သော အမေရိကန်ဒေါ်လာသုံးဘီလီယံကျော်ရှိပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ  ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
၂၀၁၄-၁၅ ဘဏ္ဍာနှစ်အ တွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာ ဏ ဒေါ်လာ ငါးဘီလီယံဝင်ရောက် ရန် မျှော်မှန်း ထားသည်။ ဧပြီ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ငါးလ တာ ကာလအတွင်း ပြည်ပရင်းနှီး မြှုပ်နှံမှု ကန်ဒေါ် လာ ၃ဒသမ၃၂၅ ဘီလီယံရှိပြီဖြစ်ကြောင်း အဆိုပါ ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦး အောင်နိုင်ဦး က ပြော သည်။

‘‘နှစ်တစ်ဝက်ပင် မရှိသေး သော ငါးလတာကာလအတွင်းမှာ ရည်မှန်းချက်ရဲ့ ထက်ဝက်ကျော် ၀င်ရောက် ပြီး ဖြစ်နေတယ်။ အဲဒီ တော့ တိုင်းပြည်အနေအထားအရ နှစ်တိုင်းနှစ်တိုင်းဟာ ရည်မှန်း ချက်ထက် အများ ကြီး တိုးရနေတဲ့ အနေအထားရှိပါတယ်’’ဟု ဦး အောင်နိုင်ဦးက ပြောသည်။

ပြီးခဲ့သော ၂၀၁၃ - ၁၄ ဘဏ္ဍာနှစ်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဘီလီယံ ၀င် ရောက်ရန် ခန့်မှန်း ထားသော် လည်း ၄ ဒသမ ၁၀၇ ဘီလီယံဝင် ရောက်ခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် ယခုနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီပေါင်း ၁၀၀ ကျော်နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအနေဖြင့်လည်း ကုမ္ပဏီပေါင်း ၅၀ ကျော်ချထားပေးသည်။

ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်မှုများနေခြင်းသည် မြန်မာနိုင်ငံတွင် ဖော်ဆောင်လျက်ရှိသော အထူး စီးပွားရေးဇုန်များ၏  အခွင့်အလမ်းများကြောင့်ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။ မြန်မာနိုင်ငံသို့ ၀င်ရော က် သော ရင်းနှီးမြှုပ်နှံမှုများတွင် အာရှနိုင်ငံများကသာမက ဥရောပနိုင်ငံ များကပါ ၀င်ရောက်မှုများ ရှိပြီး ယခင် ၀င်ရောက်ခဲ့ဖူးခြင်း မရှိ သော နိုင်ငံများပါ ၀င်ရောက်လာ နေကြောင်း သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment