Monday 15 September 2014

ချစ်သူ မရှိပါက သူမ ယခုထက်ပိန်နေ လိမ့်မည် ဖြစ်ကြောင်း မင်းသမီး ခရစ္စတန်ဒန့်စ်ပြော

Photo: ချစ်သူ မရှိပါက သူမ ယခုထက်ပိန်နေ လိမ့်မည် ဖြစ်ကြောင်း မင်းသမီး ခရစ္စတန်ဒန့်စ်ပြော
Monday, September 15, 2014

စက်တင်ဘာ ၁၄။ Spider Man ဇာတ်ကားများဖြင့် နာမည်ကျော် လာခဲ့သူ အမေရိကန် မင်းသမီး ခရစ္စတန်ဒန့်စ် (Kirsten Dunst ) သည် စိတ်ချမ်းသာ လျက်ရှိပြီး ကိုယ်အလေးချိန် အနည်းငယ် တက်လာသည်ဟု ဆိုသည်။ သူမသည် နာမည်ကျော် သရုပ်ဆောင် ဂါရက်ဟက်လန် (Garrett Hedlund) နှင့် ချစ်သူဖြစ်ချိန်မှစ၍ ကိုယ်အလေးချိန် အနည်းငယ် တက်လာ ခဲ့ခြင်း ဖြစ်ကြောင်း (NET-A-PORTER) မဂ္ဂဇင်း ကို၎င်းက ဖွင့်ဟ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အခု ကျွန်မ ဗိုက်သား နည်းနည်းပိုထွက်လာပါတယ်။ ဒါကြောင့် ကျွန်မမှာ ဂျင်းဘောင်းဘီ အထည် ၂၀ လောက် ရှိပေမဲ့ သုံးထည်ကိုပဲ တစ်နှစ်လုံး ဝတ်ရမှာပါ။ ဘာကြောင့်လည်းဆိုတော့ ကျန်တဲ့ဂျင်းဘောင်ဘီတွေက ကျွန်မ ပိန်နေတုန်းက ဘောင်းဘီတွေပါ” ဟု သူ Spider Man ဇာတ်ကားများ၏ မင်းသမီးက မဂ္ဂဇင်းအား ပြောပြခဲ့သည်။

“တကယ်လို့ ကျွန်မ စိတ်ချမ်းသာမှု မရှိဘူးဆိုရင်၊ ပြီးတော့ ချစ်သူလည်း မရှိဘူးဆိုရင် ခုထက်ပိုပိန်နေမှာလို့ ကျွန်မထင်ပါတယ်။ တစ်စုံတစ်ယောက်နဲ့ အတူရှိနေပြီဆိုရင် အများကြီးပို စားသောက်မိမယ့် အပြင် စိတ်လည်း ပိုချမ်းသာနေမှာ ဖြစ်တဲ့အတွက်ပါ” ဟု ၎င်းက ဆိုခဲ့သည်။

အသက် ၃၂ နှစ်အရွယ် မင်းသမီးက သူမသည် အလှအပဆိုင်ရာခွဲစိတ်ပြုပြင်မှု ခံယူလိုသူတစ်ဦး မဟုတ်ကြောင်းလည်း ဆိုခဲ့ပြီး၊ မျက်နှာနုပျိုချောမွေ့စေမည့် Botox ထိုးဆေး ခံယူခြင်းနှင့် မျက်နှာအရေးအကြောင်းများ ပျောက်စေမည့် ဆေး ဝါး များ အသုံးပြုခြင်းတို့သည်၊ ကျက်သရေရှိစွာ အရွယ်ကျလာရမည့်အစား မင်းသမီးတစ်ယောက်၏ အနုပညာလုပ်ငန်းကို ပိုမိုဆိုးဝါးစေနိုင်သည်ဟု ယုံကြည်ထားကြောင်းလည်း ၎င်းက ပြောပြသည်။

“တကယ်လို့ ရှင်ဟာ အသက်အရွယ်ကြီးလာတဲ့ အချိန်အထိ သရုပ်ဆောင် အလုပ်ကို ကာလကြာရှည်စွာ စွဲစွဲမြဲမြဲလုပ်မယ့် မင်းသမီးတစ်ယောက် ဖြစ်လာဖို့ ရည်ရွယ်တယ်ဆိုရင် အဲလိုဟာတွေ လုပ်လို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ သဘာဝမကျ ဖြစ်လာပြီးတော့၊ အရင်ခေတ်တွေကို ဖော်ကျူးတဲ့ ရုပ်ရှင်တွေမှာ လည်း ပါနိုင်မှာ မဟုတ်တော့ပါဘူး။ အဲဒါတွေကို အမျိုးသားတွေလည်း လုပ်ကြ တယ်လို့ ကျွန်မ ကြားမိပါတယ်။ အဲလိုကြားရတော့ ကျွန်မ အရမ်းစိတ်ပျက်မိ ပါတယ်။ ‘သူတို့ မျက်နှာတွေကို သူတို့ ဘာလုပ်လိုက်ကြတာလဲ' ဆိုတာပဲ ကျွန်မ တွေးမိနေလို့ သူတို့ရဲ့ သရုပ်ဆောင်မှုကိုတောင် ကျွန်မ ဂရုမစိုက် မိတော့ လောက်အောင် ဖြစ်သွားပါတယ်။ မျက်နှာပေါ်မှာ အသားအရေ တွန့်ရှုံ့ တာတွေ ပျောက်ဖို့ဆိုပြီး ဆေးဝါးတွေနဲ့ ပြောင်းလဲပစ်တာဟာ လူတွေ လုပ်လေ့ရှိ တဲ့ အဆိုးဝါးဆုံး အရာတစ်ခုပါ။ အဲဒါဟာ လူတိုင်းကို ဖောသွပ်မို့မောက် သလို ဖြစ်စေ ပါတယ်” ဟု၎င်း က ရှင်းပြခဲ့သည်။

Ref: TooFab
Mizzima - News in Burmese
Spider Man ဇာတ်ကားများဖြင့် နာမည်ကျော် လာခဲ့သူ အမေရိကန် မင်းသမီး ခရစ္စတန်ဒန့်စ် (Kirsten Dunst ) သည် စိတ်ချမ်းသာလျက်ရှိပြီး ကိုယ်အလေးချိန် အနည်းငယ် တက်လာသည်ဟုဆိုသည်။ သူမ သည် နာမည်ကျော် သရုပ်ဆောင် ဂါရက်ဟက်လန် (Garrett Hedlund) နှင့် ချစ်သူဖြစ်ချိန်မှစ၍ ကိုယ် အလေးချိန်အနည်းငယ် တက်လာခဲ့ခြင်း ဖြစ်ကြောင်း (NET-A-PORTER) မဂ္ဂဇင်း ကို၎င်းက ဖွင့်ဟ ပြော ကြား ခဲ့ခြင်း ဖြစ်သည်။
“အခု ကျွန်မ ဗိုက်သား နည်းနည်းပိုထွက်လာပါတယ်။ ဒါကြောင့် ကျွန်မမှာ ဂျင်းဘောင်းဘီ အထည် ၂၀ လောက် ရှိပေမဲ့ သုံးထည်ကိုပဲ တစ်နှစ်လုံး ဝတ်ရမှာပါ။ ဘာကြောင့်လည်းဆိုတော့ ကျန်တဲ့ ဂျင်းဘောင်ဘီတွေက ကျွန်မ ပိန်နေတုန်းက ဘောင်းဘီတွေပါ” ဟု သူ Spider Man ဇာတ်ကားများ၏ မင်းသမီးက မဂ္ဂဇင်းအား ပြောပြခဲ့သည်။

“တကယ်လို့ ကျွန်မ စိတ်ချမ်းသာမှု မရှိဘူးဆိုရင်၊ ပြီးတော့ ချစ်သူလည်း မရှိဘူးဆိုရင် ခုထက်ပိုပိန်နေမှာလို့ ကျွန်မထင်ပါတယ်။ တစ်စုံတစ်ယောက်နဲ့ အတူရှိနေပြီဆိုရင် အများကြီးပို စားသောက်မိမယ့် အပြင် စိတ်လည်း ပိုချမ်းသာနေမှာ ဖြစ်တဲ့အတွက်ပါ” ဟု ၎င်းက ဆိုခဲ့သည်။

အသက် ၃၂ နှစ်အရွယ် မင်းသမီးက သူမသည် အလှအပဆိုင်ရာခွဲစိတ်ပြုပြင်မှု ခံယူလိုသူတစ်ဦး မဟုတ်ကြောင်းလည်း ဆိုခဲ့ပြီး၊ မျက်နှာနုပျိုချောမွေ့စေမည့် Botox ထိုးဆေး ခံယူခြင်းနှင့် မျက်နှာ အရေးအကြောင်းများ ပျောက်စေမည့် ဆေးဝါးများ အသုံးပြုခြင်းတို့သည်၊ ကျက်သရေရှိစွာ အရွယ်ကျ လာရမည့်အစား မင်းသမီးတစ်ယောက်၏ အနုပညာလုပ်ငန်းကို ပိုမိုဆိုးဝါးစေနိုင်သည်ဟု ယုံကြည် ထားကြောင်းလည်း ၎င်းက ပြောပြသည်။

“တကယ်လို့ ရှင်ဟာ အသက်အရွယ်ကြီးလာတဲ့ အချိန်အထိ သရုပ်ဆောင်အလုပ်ကို ကာလကြာရှည်စွာ စွဲစွဲမြဲမြဲလုပ်မယ့် မင်းသမီးတစ်ယောက် ဖြစ်လာဖို့ ရည်ရွယ်တယ်ဆိုရင် အဲလိုဟာတွေ လုပ်လို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ သဘာဝမကျ ဖြစ်လာပြီးတော့၊ အရင်ခေတ်တွေကို ဖော်ကျူးတဲ့ ရုပ်ရှင်တွေမှာ လည်း ပါနိုင်မှာ မဟုတ်တော့ပါဘူး။ အဲဒါတွေကို အမျိုးသားတွေလည်း လုပ်ကြတယ်လို့ ကျွန်မ ကြားမိပါ တယ်။ အဲလိုကြားရတော့ ကျွန်မ အရမ်းစိတ်ပျက်မိပါတယ်။ ‘သူတို့ မျက်နှာတွေကို သူတို့ ဘာလုပ်လိုက်ကြ တာလဲ' ဆိုတာပဲ ကျွန်မ တွေးမိနေလို့ သူတို့ရဲ့ သရုပ်ဆောင်မှုကိုတောင် ကျွန်မ ဂရုမစိုက် မိတော့ လောက်အောင် ဖြစ်သွားပါတယ်။ မျက်နှာပေါ်မှာ အသားအရေ တွန့်ရှုံ့တာတွေ ပျောက်ဖို့ ဆိုပြီး ဆေးဝါးတွေနဲ့ ပြောင်းလဲပစ်တာဟာ လူတွေ လုပ်လေ့ရှိတဲ့ အဆိုးဝါးဆုံး အရာတစ်ခုပါ။ အဲဒါဟာ လူတိုင်း ကို ဖောသွပ်မို့မောက် သလို ဖြစ်စေပါတယ်” ဟု၎င်း က ရှင်းပြခဲ့သည်။

Ref: TooFab
Mizzima - News in Burmese

No comments:

Post a Comment