Monday 15 September 2014

၃နှစ်တာမှာ Third Wave မြှင့်တင်နေကြောင်း ဦးသိန်းစိန်က ဒီမိုကရေစီနေ့မှာပြော

မြန်မာနိုင်ငံဟာ ဒီမိုကရေစီဆီကို ခိုင်မာတဲ့ ဆုံးဖြတ်ချက်၊ရည်မှန်းချက်တွေနဲ့ လျှေက်လှမ်းခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်းမှာ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပြီး အခုအခါ အခြေခံအုတ်မြစ် ခိုင်မာဖို့ ရည်ရွယ်တဲ့ တတိယအဆင့် အရှိန်အဟုန်မြှင့်တင်မှု (Third Wave) ကိုဆောင်ရွက်နေကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်ပါတယ်။
ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ပေးပို့တဲ့ သ၀ဏ် လွှာ မှာ သမ္မတရဲ့ ပြောဆိုချက်ကို ဖော်ပြထားပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ပါဝင်သူတွေ အနေနဲ. နိုင်ငံရေးဖြေလျော့မှုတွေနဲ့ နိုင်ငံရေး ယဉ်ကျေးမှုအသစ်တွေ၊ ခိုင်မာတဲ့ သန္နိဌာန်နဲ့ ဆောင်ရွက်နေ တာဟာ ပြည်သူတွေ အကျိုးခံစားရဖို့ အဓိကထားတဲ့ နိုင်ငံရေး စေတနာ သက်သက် နဲ့ ဆောင် ရွက်နေ တာဖြစ်တယ်လို သမ္မတရဲ့ သ၀ဏ်လွှာမှာ ရေးသားထားပါတယ်။

စက်တင်ဘာလ ၁၅ ရက် တနင်္လာနေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အတွက် အခမ်း အနား တခုကို နေပြည်တော်မှာ ကျင်းပပြုလုပ်ပါတယ်။ ပြည်သူ့လွှတ်တော်ဝင်း အတွင်းက သဘင်ဆောင် မှာ ပြုလုပ်တဲ့ ဒီအခမ်းအနားကို ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်က ကိုယ်စား လှယ်တွေ တက်ရောက်ကြမှာ ဖြစ်ပြီး နံနက်ပိုင်း လွှတ်တော် အစည်းအဝေး ကျင်းပပြီးနောက် နေ့လည်ပိုင်း အချိန်မှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တချို့က ဒီဗီဘီကို ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ၊ ၂၀၁၃ ခုနှစ်တွေမှာ ပြုလုပ်ခဲ့တဲ့ ဒီအခမ်းအနားကိုတော့ လွှတ်တော် အစည်းအဝေးတွေ ရပ်နား ထား တာကြောင့် ကိုယ်စားလှယ် တချို့သာ တက်ရောက်နိုင်ခဲ့ပြီး ဒီနှစ်မှာတော့ လွှတ်တော် ကိုယ်စားလှယ် အကုန် တက်ရောက်ကြမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

DVB TV News

No comments:

Post a Comment