Monday 15 September 2014

ဘီယွန်းစေး ဒုတိယကိုယ်ဝန်ရှိနေသလို ပြောလိုက်တဲ့ ဂျေးဇီ

Photo: ဘီယွန်းစေး ဒုတိယကိုယ်ဝန်ရှိနေသလို ပြောလိုက်တဲ့ ဂျေးဇီ
Monday, September 15, 2014

ပါရီ- အမေရိကန်အဆိုတော် ဂျေးဇီသည် ပါရီမြို့ဖျော်ဖြေပွဲ အတွင်း ဇနီးဖြစ်သူ အဆိုတော် ဘီယွန်းစေး၌ ဒုတိယကိုယ်ဝန်ရှိနေကြောင်း အရိပ်အမြွက်ပြော ကြားခဲ့သည်ဟု မီဒီယာများက ဖော်ပြသည်။

ဂျေးဇီသည် စက်တင်ဘာ ၁၂ ရက်ညတွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပပြု လုပ်သော ဖျော်ဖြေပွဲအတွင်း ၎င်း၏ သီချင်း Beach Is Better ကို သီဆိုခဲ့ သည်။ ဂျေးဇီသည် သီချင်းစာသားအချို့ကို‘‘သူကလေးက နောက် ထပ် တစ်ယောက် ကိုယ်ဝန်ဆောင်ထားတယ်’’ဟူ၍ ပြောင်း လဲသီဆိုခဲ့ရာမှ ဘီယွန်းစေး ၌ ဒု တိယကိုယ်ဝန်ရှိနေပြီဟူသော သတင်းများ ပို၍ ထွက်ပေါ်စေ ခဲ့သည်။

ဘီယွန်းစေးနှင့် ဂျေးဇီတို့၌ ၂ နှစ်အရွယ် သမီးတစ်ဦးရှိသော် လည်း ၎င်းတို့အိမ်ထောင်ရေးမှာ အဆင်မပြေ၍ ကွာရှင်းပြတ်စဲ တော့မည်ဟူသော သတင်းများ လည်း ထွက်ပေါ်လျက်ရှိသည်။

စက်တင်ဘာ ၁၂ ရက် ညတွင် ဂျေးဇီသီချင်းစာသား ပြောင်းလဲသီဆိုမှုနှင့် ပတ်သက်၍ ၎င်း၏ ကိုယ်စားလှယ်က မည် သည့်မှတ်ချက်မှ ပြောကြားခြင်းမရှိဟုလည်း Raclar သတင်းက ဖော်ပြသည်။ ဂျေးဇီနှင့် ဘီယွန်းစေးတို့ ဇနီးမောင်နှံသည် လက်ရှိတွင် ဥရောပတိုက်သို့ ‘‘On the Run’’ အမည်ရ ဖျော်ဖြေရေးခရီးထွက် လျက်ရှိသည်။

Ref:IB Times
7Day DAILY
ပါရီ- အမေရိကန်အဆိုတော် ဂျေးဇီသည် ပါရီမြို့ဖျော်ဖြေပွဲ အတွင်း ဇနီးဖြစ်သူ အဆိုတော် ဘီယွန်းစေး၌ ဒုတိယ ကိုယ်ဝန်ရှိနေကြောင်း အရိပ်အမြွက်ပြော ကြားခဲ့သည်ဟု မီဒီယာများက ဖော်ပြသည်။
ဂျေးဇီသည် စက်တင်ဘာ ၁၂ ရက်ညတွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပပြု လုပ်သော ဖျော်ဖြေပွဲအတွင်း ၎င်း၏ သီချင်း Beach Is Better ကို သီဆိုခဲ့ သည်။ ဂျေးဇီသည် သီချင်းစာသားအချို့ကို ‘‘သူကလေး က နောက် ထပ် တစ်ယောက် ကိုယ်ဝန်ဆောင်ထားတယ်’’ဟူ၍ ပြောင်း လဲသီဆိုခဲ့ရာမှ ဘီယွန်းစေး ၌ ဒု တိယကိုယ်ဝန်ရှိနေပြီဟူသော သတင်းများ ပို၍ ထွက်ပေါ်စေ ခဲ့သည်။

ဘီယွန်းစေးနှင့် ဂျေးဇီတို့၌ ၂ နှစ်အရွယ် သမီးတစ်ဦးရှိသော် လည်း ၎င်းတို့အိမ်ထောင်ရေးမှာ အဆင်မပြေ ၍ ကွာရှင်းပြတ်စဲ တော့မည်ဟူသော သတင်းများ လည်း ထွက်ပေါ်လျက်ရှိသည်။

စက်တင်ဘာ ၁၂ ရက် ညတွင် ဂျေးဇီသီချင်းစာသား ပြောင်းလဲသီဆိုမှုနှင့် ပတ်သက်၍ ၎င်း၏ ကိုယ်စား လှယ်က မည် သည့်မှတ်ချက်မှ ပြောကြားခြင်းမရှိဟုလည်း Raclar သတင်းက ဖော်ပြသည်။ ဂျေးဇီနှင့် ဘီယွန်းစေးတို့ ဇနီးမောင်နှံသည် လက်ရှိတွင် ဥရောပတိုက်သို့ ‘‘On the Run’’ အမည် ရ ဖျော်ဖြေရေး ခရီးထွက် လျက်ရှိသည်။

Ref:IB Times
7Day DAILY

No comments:

Post a Comment