Monday 15 September 2014

မယူတောင်တန်းမှ တောဆင်ရိုင်းများ လူနေအိမ်များသို့ လာရောက်

တောဆင်ရိုင်းများ အများဆုံးလာရောက်ကျက်စား လျက်ရှိသော မောင်တောမြို့နယ် မယူတောင်တန်းတွင် ဆင်ဖမ်း ဆီးခြင်း၊ အယဉ်သွင်းခြင်းလုပ် ငန်းများကို ဆင်ဖမ်းအဖွဲ့တစ်ဖွဲ့ က လွန်ခဲ့သည့်နှစ်က ပြုလုပ်ခဲ့ပြီး ယခုအခါဆင်ဖမ်းခြင်းလုပ်ငန်းကို ရပ်ဆိုင်းလိုက်၍ တောဆင်ရိုင်းများ လူနေအိမ်များသို့ လာ ရောက်သောင်း ကျန်းမှု များရှိနေ ကြောင်း မယူတောင်တန်းအနီး နေထိုင်လျက်ရှိသည့် ရွာခံများကပြောသည်။
‘‘တောဆင်ရိုင်းတွေကို ဆင် ဖမ်းအဖွဲ့က လာရောက်ဖမ်းဆီး နေတဲ့အချိန်က ဆင်တွေရွာနား ကို ရောက် တာ နည်းပါတယ်။ တောထဲက စိုက်ခင်းတွေကိုပဲ လာရောက်စားသောက်ကြတယ်။ ဖျက်ဆီးကြပါတယ်။ ဒီနှစ်တော့ ဆင်ရိုင်းတွေရွာထဲထိဝင်လာပြီး တော့ နေအိမ်တွေကို ဖျက်ဆီး တာ၊ အပင်တွေကို ချိုးပစ်ခဲ့ တာတွေ ရှိနေပါတယ်။ သီးနှံစိုက်ခင်းတွေ ဆိုလည်း အကုန်လုံးစားသွားပါ တယ်’’ဟု မယူတောင်ခြေရင်း တွင် တည်ရှိသည့် အောင်မင်္ဂလာ ကျေးရွာမှ ရွာခံတစ်ဦးကပြောသည်။

 ယခုကဲ့သို့ တောဆင်ရိုင်း များလူနေအိမ်အထိ လာရောက် သောင်းကျန်းခြင်းမှာ မယူတောင်တန်း တစ်လျှောက် ပေါများစွာပေါက်ရောက်ခဲ့သည့် ၀ါးတောများပြုန်း တီးခြင်းကြောင့်ဖြစ်ကြောင်း လေ့လာသူ များက ပြောကြားသည်။

‘‘ဆင်ရဲ့အဓိကအစာက ၀ါး နဲ့ ထမင်းဆုပ်ပင်ဖြစ်ပါတယ်။ မယူတောင်တန်းဟာ ၀ါးတော ပေါက်ရောက်မှု များတဲ့ အတွက် ဆင်တွေကျက်စားမှုများခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ၀ါးတော က အကုန်လုံးပြုန်းတီးနေ ပြီဖြစ် တဲ့အတွက် ဆင်တွေလည်း အ စာငတ်ပြီး လူတွေစိုက်ထားတဲ့ သီးပင်စားပင်တွေကို လာရောက် စားနေကြတာဖြစ်ပါတယ်’’ဟု ဗောဓိကုန်းကျေးရွာမှ ရွာခံတစ် ဦးကပြောကြားသည်။

7Day DAILY

No comments:

Post a Comment