Monday 15 September 2014

ငရုတ်ကောင်းဒေသတွင် ကုမ္ပဏီနှစ်ခုက ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ နှစ်ရုံအထိ တည်ဆောက်ရန်လျာထားကြောင်း ဧရာဝတီတိုင်း စွမ်းအင် ၀န်ကြီး ပြောကြား

Photo: ငရုတ်ကောင်းဒေသတွင် ကုမ္ပဏီနှစ်ခုက ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ နှစ်ရုံအထိ တည်ဆောက်ရန်လျာထားကြောင်း ဧရာဝတီတိုင်း စွမ်းအင် ၀န်ကြီး ပြောကြား
Monday, September 15, 2014

ငပုတောမြို့နယ် ငရုတ်ကောင်းဒေသတွင် ကုမ္ပဏီနှစ်ခုက ကျောက်မီးသွေး လျှပ်စစ် ဓာတ်အားပေးစက်ရုံ နှစ်ရုံတည်ဆောက်ရန် လျာထားမှုရှိနေကြောင်း ဧရာဝတီတိုင်း စွမ်းအင်ဝန်ကြီးက ပြောကြားသည်။

စက်တင်ဘာ ၁၃ ရက်က ငရုတ်ကောင်းမြို့၌ ဧရာဝတီတိုင်းအစိုးရနှင့် A1 ကုမ္ပဏီတို့ပြုလုပ်သော ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်း လူထုတွေ့ဆုံရှင်းလင်းပွဲတွင် Eleven Media ၏ မေးမြန်းချက်အား ထိုသို့ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။  

ငရုတ်ကောင်းဒေသတွင် TA TA POWER ကုမ္ပဏီမှ ကျောက်မီးသွေးစက်ရုံစီမံကိန်း ဆောင်ရွက်ရန် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် အဆိုပါကုမ္ပဏီတို့ ၂ဝ၁၃ ဧပြီ ၁၁ ရက်က MoU လက် မှတ်ရေး ထိုး ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြပါရှိထားသော် လည်း ဒေသခံများနှင့် တွေ့ဆုံရှင်းလင်းလာသည့် ကုမ္ပဏီသည် A1 ကုမ္ပဏီဖြစ်နေခြင်းအပေါ် ပွင့်လင်းမြင်သာစွာ ချပြပေးရန်နှင့်စပ်လျဉ်းပြီး မေးမြန်းခဲ့သည်။

“TA TA POWER ကုမ္ပဏီနှင့် A1 ကုမ္ပဏီက သက်ဆိုင်ခြင်းမရှိပါဘူး။ အဲဒီ့ကုမ္ပဏီနှစ်ခုက ငရုတ်ကောင်းဒေသမှာ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှစ်ရုံ တည်ဆောက်ဖို့ လျာထားနေပါတယ်” ဟု ဖြေကြားသည်။

ဒေသခံများနှင့် တွေ့ဆုံရှင်းလင်းသည့် A1 ကုမ္ပဏီအနေဖြင့် MoU လက်မှတ် ရေးထိုးထားခြင်း မရှိသေးကြောင်း၊ ဒေသခံများ လက်ခံမှသာ MoU လက်မှတ် ရေးထိုးခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းကိုလည်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။ ယင်းဆွေးနွေးပွဲ မပြီးဆုံးမီအချိန်တွင် ဒေသခံများက ကန့်ကွက်ကြောင်းပြောဆိုပြီး အစည်းအဝေးခန်းမမှ ထွက်ခွာခဲ့ကြသည်။ ဒေသခံများ၏ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းရလဒ်ကို မည်သည့်ပုံစံဖြင့် အတည်ပြုရယူမည် ဆိုသည်ကိုဖြင့် တာဝန်ရှိသူများက ပြောကြားခြင်းမရှိခဲ့ပေ။

ပြည်သူများ လက်ခံမှသာ MoU လက်မှတ် ရေးထိုးရမည်ဟု ဝန်ကြီးကဆိုပါလျှင် TA TA POWER ကုမ္ပဏီအနေဖြင့် ဒေသခံများနှင့် တွေ့ဆုံရှင်းလင်း သဘောထား ရယူမှု မပြုလုပ်ဘဲ MoU လက်မှတ် ရေးထိုးခဲ့ခြင်းအပေါ် ရှင်းလင်းဖြေကြားပေးရန် ဆက်လက်မေးမြန်းခဲ့သည်။

ဝန်ကြီးက “TA TA POWER ကုမ္ပဏီရဲ့ MoU လက်မှတ်ရေးထိုး မှုက ပြည်ထောင်စုအဆင့်နဲ့ ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ TA TA POWER ကုမ္ပဏီက ဒေသခံတွေနဲ့ တွေ့ဆုံသွားဖို့လည်း ရှိနေပါတယ်” ဟု ဖြေကြားသည်။

TA TA POWER ကုမ္ပဏီမှ MoU ရေးထိုးပြီးချိန်တွင်မှ တွေ့ဆုံ မည်ဆိုခြင်း သည် ဒေသခံတို့၏ သဘောထားကို အမှန်တကယ် ရယူခြင်းဖြစ်မည်လား (သို့မဟုတ်) နှစ်သိမ့်လက်ခံစေမည့် သဘောလား၊ ဒေသခံများက ကန့်ကွက် လာခဲ့သော် MoU ရေးထိုးထားမှု ပျက်ပြယ်နိုင်ခြင်း ရှိ၊ မရှိကို မေးမြန်းခဲ့ ရာ ဒေသခံများ လက်မခံခဲ့ပါက MoU ရေးထိုးမှု ပျက်ပြယ်မည်ဖြစ်ကြောင်း ဝန်ကြီးကဖြေကြားသည်။

အစိုးရမှ စီမံကိန်းဆောင်ရွက်မည့် ကိစ္စနှင့်ပတ်သက်၍ လွှတ်တော်၏သဘော ထားကို ရယူခြင်း မရှိခဲ့ခြင်းသည် လွှတ်တော်၏ အခန်းကဏ္ဍကို ဂရုမ စိုက်ခြင်းဖြစ်ပြီး ဒီမိုကရေစီ စနစ်အတိုင်း သွားနေသည်ဆိုခြင်းကို ယုံကြည်ရန် ခက်ခဲလာကြောင်း ရေကြည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက သုံးသပ်ပြောကြားသည်။

“ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့်ပတ်သက်ပြီး လွှတ်တော်ဒသမပုံမှန် အစည်းအဝေးမှာ ဝန်ကြီးချုပ်က ပြောလာတယ်။ လွှတ်တော်ကိုတင်ပြပြီး သဘောထားရယူတာမျိုး မဟုတ်ဘူး။ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတစ်ခုအနေနဲ့ ဆောင်ရွက်ပြီးဖြစ်တယ်။ MoU လက်မှတ် ရေးထိုးပြီးဖြစ်တယ်။ ဒီလောက်ပဲ မိန့်ခွန်းထဲမှာ ထည့်ပြောသွားတာ။ အစိုးရအနေနဲ့ သူတို့လုပ်ချင်တဲ့ Project တွေလုပ်ပြီး ပြင်မရတဲ့အချိန်ကျမှ ပြည်သူကို ချပြတတ်တဲ့သဘောလို့ မြင်တယ်။ လွှတ်တော်ရဲ့ အခန်းကဏ္ဍကို လုံးဝထည့်မစဉ်းစားတဲ့သဘော၊ လွှတ်တော်ရဲ့အနေအထားကို သိတယ်ဆိုရင်တောင် ဂရုမစိုက်ဘူးဆိုတဲ့သဘော ဖြစ်နေတယ်” ဟု ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းအား TA TA POWER ကုမ္ပဏီမှ မဂ္ဂါဝပ် ၂၇ဝ(ပ-ဆင့်) ကို ၂ဝ၁၅-၂ဝ၁၈၊ မဂ္ဂါဝပ် ၂၇ဝ (ဒု-ဆင့်) ကို ၂ဝ၂၁-၂ဝ၂၅  ပြီးစီးနိုင်ရေး ခန့်မှန်းထားကြောင်း နိုင်ငံပိုင်သတင်းစာတွင် ပါရှိခဲ့သည်။ A1 ကုမ္ပဏီမှာမူ မဂ္ဂါဝပ် ၃ဝဝ စက်နှစ်လုံး ဆောင်ရွက်နိုင်ရေး လျာထားမှုရှိနေကြောင်း တိုင်းစွမ်းအင်ဝန်ကြီးထံမှ သိရသည်။

မြန်မာနိုင်ငံတွင်း ကျောက်မီးသွေးအရင်းအမြစ်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများ လုပ်ဆောင်ရန် MoU လက်မှတ်ရေးထိုးပြီး စီမံကိန်းကိုးခုရှိကြောင်း ၂ဝ၁၄ ဇူလိုင် ၂၃ ရက်ထုတ် နိုင်ငံပိုင်ကြေးမုံသတင်းစာတွင် ဖော်ပြပါရှိသည်။ ပြည်တွင်းတိုင်းရင်းသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် စီမံကိန်းနှစ်ခုမှာ ကွမ်းခြံကုန်း(ရန်ကုန်တိုင်း)နှင့် မြိတ်(တနင်္သာရီတိုင်း)တို့တွင်ဖြစ်ပြီး စုစုပေါင်း ခန့်မှန်းတပ်ဆင် စက်အင်အား မဂ္ဂါဝပ် ၃၃၂ဝ ရှိကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (ဖက်စပ်ပိုင်) ဆောင်ရွက်မည့် စီမံကိန်းများမှာ ထန်းတပင် (ရန်ကုန်တိုင်း)၊ သီလဝါ (ရန်ကုန်တိုင်း)၊ ကျောက်တန်း (ရန်ကုန်တိုင်း)၊ ငရုတ်ကောင်း (ဧရာဝတီတိုင်း)၊ ဘုတ်ပြင်း (တနင်္သာရီတိုင်း)၊ ကလေးဝ (စစ်ကိုင်းတိုင်း)နှင့် ကျိုင်းတုံ (ရှမ်းပြည်နယ်)တို့တွင်ဖြစ်ကာ စုစုပေါင်း ခန့်မှန်းတပ်ဆင် စက်အင်အား မဂ္ဂါဝပ် ၉၄ဝဝ တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

ကန့်ကွက်မှုများ ရှိနေသော်လည်း ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ အမြောက်အမြား ဆောက်ရန်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးက ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားထားသည်။ 

Eleven Media Group 

ဧရာဝတီတိုင်း ငရုတ်ကောင်းဒေသတစ်နေရာကို စက်တင်ဘာလ အတွင်း က တွေ့ရစဉ်
ဧရာဝတီတိုင်း ငရုတ်ကောင်းဒေသတစ်နေရာကို စက်တင်ဘာလ အတွင်း က တွေ့ရစဉ်
ငပုတောမြို့နယ် ငရုတ်ကောင်းဒေသတွင် ကုမ္ပဏီနှစ်ခုက ကျောက်မီးသွေး လျှပ်စစ် ဓာတ်အားပေး စက် ရုံ နှစ် ရုံ တည်ဆောက်ရန် လျာထားမှုရှိနေကြောင်း ဧရာဝတီတိုင်း စွမ်းအင်ဝန်ကြီးက ပြောကြားသည်။
စက်တင်ဘာ ၁၃ ရက်က ငရုတ်ကောင်းမြို့၌ ဧရာဝတီတိုင်းအစိုးရနှင့် A1 ကုမ္ပဏီတို့ပြု လုပ်သော ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်း လူထုတွေ့ဆုံရှင်းလင်းပွဲ တွင် Eleven Media ၏ မေးမြန်းချက်အား ထိုသို့ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။ 

ငရုတ်ကောင်းဒေသတွင် TA TA POWER ကုမ္ပဏီမှ ကျောက်မီးသွေးစက်ရုံစီမံကိန်း ဆောင်ရွက်ရန် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် အဆိုပါကုမ္ပဏီတို့ ၂ဝ၁၃ ဧပြီ ၁၁ ရက်က MoU လက် မှတ်ရေး ထိုး ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြပါရှိထားသော်လည်း ဒေသခံများနှင့် တွေ့ဆုံ ရှင်းလင်း လာသည့် ကုမ္ပဏီသည် A1 ကုမ္ပဏီဖြစ်နေခြင်းအပေါ် ပွင့်လင်းမြင်သာစွာ ချပြပေးရန်နှင့် စပ်လျဉ်း ပြီး မေးမြန်း ခဲ့သည်။

“TA TA POWER ကုမ္ပဏီနှင့် A1 ကုမ္ပဏီက သက်ဆိုင်ခြင်းမရှိပါဘူး။ အဲဒီ့ကုမ္ပဏီနှစ်ခုက ငရုတ်ကောင်းဒေသမှာ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှစ်ရုံ တည်ဆောက်ဖို့ လျာထားနေ ပါတယ်” ဟု ဖြေကြားသည်။

ဒေသခံများနှင့် တွေ့ဆုံရှင်းလင်းသည့် A1 ကုမ္ပဏီအနေဖြင့် MoU လက်မှတ် ရေးထိုးထားခြင်း မရှိသေးကြောင်း၊ ဒေသခံများ လက်ခံမှသာ MoU လက်မှတ် ရေးထိုးခြင်းကို ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်းကိုလည်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။ ယင်းဆွေးနွေးပွဲ မပြီးဆုံးမီအချိန် တွင် ဒေသခံ များက ကန့်ကွက်ကြောင်းပြောဆိုပြီး အစည်းအဝေးခန်းမမှ ထွက်ခွာခဲ့ကြသည်။ ဒေသခံ များ၏ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းရလဒ်ကို မည်သည့်ပုံစံဖြင့် အတည်ပြုရယူမည် ဆိုသည်ကိုဖြင့် တာဝန် ရှိသူများက ပြောကြားခြင်းမရှိခဲ့ပေ။

ပြည်သူများ လက်ခံမှသာ MoU လက်မှတ် ရေးထိုးရမည်ဟု ဝန်ကြီးကဆိုပါလျှင် TA TA POWER ကုမ္ပဏီ အနေဖြင့် ဒေသခံများနှင့် တွေ့ဆုံရှင်းလင်း သဘောထား ရယူမှု မပြုလုပ်ဘဲ MoU လက်မှတ် ရေးထိုး ခဲ့ခြင်းအပေါ် ရှင်းလင်းဖြေကြားပေးရန် ဆက်လက်မေးမြန်းခဲ့သည်။

ဝန်ကြီးက “TA TA POWER ကုမ္ပဏီရဲ့ MoU လက်မှတ်ရေးထိုး မှုက ပြည်ထောင်စု အဆင့်နဲ့ ဆောင်ရွက် ထားတာ ဖြစ်ပါတယ်။ TA TA POWER ကုမ္ပဏီက ဒေသခံတွေနဲ့ တွေ့ဆုံသွားဖို့လည်း ရှိနေပါတယ်” ဟု ဖြေကြားသည်။

TA TA POWER ကုမ္ပဏီမှ MoU ရေးထိုးပြီးချိန်တွင်မှ တွေ့ဆုံ မည်ဆိုခြင်း သည် ဒေသခံတို့၏ သဘော ထားကို အမှန်တကယ် ရယူခြင်းဖြစ်မည်လား (သို့မဟုတ်) နှစ်သိမ့်လက်ခံစေမည့် သဘော လား၊ ဒေသခံ များက ကန့်ကွက် လာခဲ့သော် MoU ရေးထိုးထားမှု ပျက်ပြယ်နိုင်ခြင်း ရှိ၊ မရှိကို မေးမြန်းခဲ့ ရာ ဒေသခံများ လက်မခံခဲ့ပါက MoU ရေးထိုးမှု ပျက်ပြယ်မည်ဖြစ်ကြောင်း ဝန်ကြီးကဖြေကြားသည်။

အစိုးရမှ စီမံကိန်းဆောင်ရွက်မည့် ကိစ္စနှင့်ပတ်သက်၍ လွှတ်တော်၏သဘော ထားကို ရယူခြင်း မရှိခဲ့ခြင်း သည် လွှတ်တော်၏ အခန်းကဏ္ဍကို ဂရုမ စိုက်ခြင်းဖြစ်ပြီး ဒီမိုကရေစီ စနစ်အတိုင်း သွားနေသည် ဆိုခြင်းကို ယုံကြည်ရန် ခက်ခဲလာကြောင်း ရေကြည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက သုံးသပ်ပြောကြားသည်။

“ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့်ပတ်သက်ပြီး လွှတ်တော်ဒသမပုံမှန် အစည်း အဝေး မှာ ဝန်ကြီးချုပ်က ပြောလာတယ်။ လွှတ်တော်ကိုတင်ပြပြီး သဘောထားရယူတာမျိုး မဟုတ်ဘူး။ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတစ်ခုအနေနဲ့ ဆောင်ရွက်ပြီးဖြစ်တယ်။ MoU လက်မှတ် ရေးထိုးပြီးဖြစ်တယ်။ ဒီလောက်ပဲ မိန့်ခွန်းထဲမှာ ထည့်ပြောသွားတာ။ အစိုးရအနေနဲ့ သူတို့လုပ်ချင်တဲ့ Project တွေ လုပ်ပြီး ပြင်မရတဲ့အချိန်ကျမှ ပြည်သူကို ချပြတတ်တဲ့သဘောလို့ မြင်တယ်။ လွှတ်တော်ရဲ့ အခန်းကဏ္ဍကို လုံးဝ ထည့်မစဉ်းစားတဲ့သဘော၊ လွှတ်တော်ရဲ့အနေအထားကို သိတယ်ဆိုရင်တောင် ဂရုမစိုက်ဘူး ဆိုတဲ့သဘော ဖြစ်နေတယ်” ဟု ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းအား TA TA POWER ကုမ္ပဏီမှ မဂ္ဂါဝပ် ၂၇ဝ(ပ-ဆင့်) ကို ၂ဝ၁၅-၂ဝ၁၈၊ မဂ္ဂါဝပ် ၂၇ဝ (ဒု-ဆင့်) ကို ၂ဝ၂၁-၂ဝ၂၅  ပြီးစီးနိုင်ရေး ခန့်မှန်း ထားကြောင်း နိုင်ငံပိုင်သတင်းစာတွင် ပါရှိခဲ့သည်။ A1 ကုမ္ပဏီမှာမူ မဂ္ဂါဝပ် ၃ဝဝ စက်နှစ်လုံး ဆောင် ရွက်နိုင်ရေး လျာထားမှုရှိနေကြောင်း တိုင်းစွမ်းအင်ဝန်ကြီးထံမှ သိရသည်။

မြန်မာနိုင်ငံတွင်း ကျောက်မီးသွေးအရင်းအမြစ်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများ လုပ်ဆောင် ရန် MoU လက်မှတ်ရေးထိုးပြီး စီမံကိန်းကိုးခုရှိကြောင်း ၂ဝ၁၄ ဇူလိုင် ၂၃ ရက်ထုတ် နိုင်ငံ ပိုင်ကြေး မုံ သတင်းစာတွင် ဖော်ပြပါရှိသည်။ ပြည်တွင်းတိုင်းရင်းသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် စီမံကိန်းနှစ်ခုမှာ ကွမ်းခြံကုန်း(ရန်ကုန်တိုင်း)နှင့် မြိတ်(တနင်္သာရီတိုင်း)တို့တွင်ဖြစ်ပြီး စုစုပေါင်း ခန့်မှန်း တပ်ဆင် စက်အင်အား မဂ္ဂါဝပ် ၃၃၂ဝ ရှိကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (ဖက်စပ်ပိုင်) ဆောင်ရွက်မည့် စီမံကိန်း များမှာ ထန်းတပင် (ရန်ကုန်တိုင်း)၊ သီလဝါ (ရန်ကုန်တိုင်း)၊ ကျောက်တန်း (ရန်ကုန်တိုင်း)၊ ငရုတ်ကောင်း (ဧရာဝတီတိုင်း)၊ ဘုတ်ပြင်း (တနင်္သာရီတိုင်း)၊ ကလေးဝ (စစ်ကိုင်းတိုင်း)နှင့် ကျိုင်းတုံ (ရှမ်းပြည် နယ်)တို့တွင်ဖြစ်ကာ စုစုပေါင်း ခန့်မှန်းတပ်ဆင် စက်အင်အား မဂ္ဂါဝပ် ၉၄ဝဝ တို့ဖြစ်ကြောင်း ဖော်ပြ ထားသည်။

ကန့်ကွက်မှုများ ရှိနေသော်လည်း ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ အမြောက် အမြား ဆောက်ရန်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးက ပြည်ထောင်စု လွှတ်တော် တွင် ပြောကြား ထားသည်။

Eleven Media Group

No comments:

Post a Comment