Monday 15 September 2014

မိုးသည်းထန်စွာရွာသွန်း၍ ရွှေတစ်ချောင်းနှင့် ငွေတစ်ချောင်းရေလျှံပြီး မြို့ပေါ်ရပ်ကွက်အချို့ ရေမြုပ်

Photo: မိုးသည်းထန်စွာရွာသွန်း၍ ရွှေတစ်ချောင်းနှင့် ငွေတစ်ချောင်းရေလျှံပြီး မြို့ပေါ်ရပ်ကွက်အချို့ ရေမြုပ်
Monday, September 15, 2014

 မန္တလေးမြို့တွင်မိုး သည်းထန်စွာ ရွာသွန်းသဖြင့် ရွှေ တစ်ချောင်းနှင့် ငွေ တစ်ချောင်း မြောင်းရေများ လျှံကာ မြို့ပေါ် ရပ်ကွက်အချို့  ရေနစ်မြုပ်နေ ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၄ ရက် နံ နက်ကတည်းက စတင်ရွာသွန်းခဲ့ သောမိုးကြောင့် မြို့အတွင်းဖြတ်သန်းစီးဆင်းနေသည့် ရွှေတစ်ချောင်းနှင့် ငွေတစ်ချောင်း မြောင်းရေများလျှံကာ ချမ်းအေးသာစံမြို့နယ်၊   အောင်မြေသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်များရှိ မြေနိမ့်ရပ်ကွက်အချို့ ရေကြီးရေလျှံမှုဒဏ် ကြုံတွေ့နေရသဖြင့် ရပ်ကွက်အချို့မှပြည်သူများ  ရေလွတ်ရာလမ်းများပေါ်သို့    တက်ရောက်နေထိုင်နေရကြောင်း ယင်းရပ်ကွက်များတွင် နေထိုင်သူများကပြောသည်။

‘‘မိုးရွာတိုင်း ရေမြုပ်တယ်။ အိမ်အောက်ထပ်က မြုပ်သွားပြီ။ ဒီနှစ်ပိုဆိုးတယ်’’ဟု မန်းတော် သာရပ်ကွက်တွင်နေထိုင်သူ ကို အောင်ကိုလတ်က ပြောသည်။ ရွှေတစ်ချောင်း  ကန်ပေါင်မှာ အသစ်ပြုပြင်ပြီးဖြစ်သော်လည်း ၄၁ လမ်းနှင့် ၄၂ လမ်းရှိ ရွှေတစ် ချောင်းမြောင်းကူးတံတားမှာ နိမ့် နေ၍ အဆိုပါတံတားနေရာမှာ ရေများလျှံကျခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ထို့အပြင် ဗထူးအားကစား ကွင်းအတွင်း၌လည်း ရေကြီးရေ လျှံမှုဖြစ်ပွားခဲ့သဖြင့် ရေစုပ်စက် များဖြင့် စုပ်ထုတ်နေရသော ကြောင့် ယှဉ်ပြိုင်ကစားမည့် ရတ နာပုံအသင်းနှင့် နေပြည်တော် အသင်းတို့၏ ပွဲစဉ်ကို   ညနေ ၅ နာရီနောက်ပိုင်းမှသာ ဗထူး ကွင်းတွင် စတင်ကစားသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်မှ မီဒီယာတာဝန်ခံ ကိုနေမျိုးကပြောကြားသည်။

ရေလျှံနေသည့်  ရပ်ကွက် များနှင့် လမ်းများတွင် သဲအိတ် သုံးထောင်ကျော် ချထားပေးထား ပြီး ရေစုပ်စက်ဖြင့် စုပ်ထုတ် ပေးနေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ ဌာနခွဲမှူး ဦး စိုးတင့်အောင်ကပြောသည်။

7Day DAILY 

စက်တင်ဘာ ၁၄ရက်နံနက်က ၄၁လမ်းတွင် ရွှေတစ်ချောင်းရေလျှံကာ လမ်းပေါ်နှင့် လူနေရပ်ကွက်များထံသို့ ရေများစီးဝင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ−ညီညီဇော်)
စက်တင်ဘာ ၁၄ရက်နံနက်က ၄၁လမ်းတွင် ရွှေတစ်ချောင်းရေလျှံကာ လမ်းပေါ်နှင့် လူနေရပ်ကွက် များထံ သို့ ရေများစီးဝင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ−ညီညီဇော်)
 မန္တလေးမြို့တွင်မိုး သည်းထန်စွာ ရွာသွန်းသဖြင့် ရွှေ တစ်ချောင်းနှင့် ငွေ တစ်ချောင်း မြောင်းရေများ လျှံကာ မြို့ပေါ် ရပ်ကွက်အချို့  ရေနစ်မြုပ်နေ ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၁၄ ရက် နံ နက်ကတည်းက စတင်ရွာသွန်းခဲ့ သောမိုးကြောင့် မြို့အတွင်းဖြတ်သန်း စီး ဆင်းနေသည့် ရွှေတစ်ချောင်းနှင့် ငွေတစ်ချောင်း မြောင်းရေများလျှံကာ ချမ်းအေးသာစံမြို့ နယ်၊   အောင်မြေ သာစံ မြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်များရှိ မြေနိမ့်ရပ်ကွက် အချို့ ရေကြီးရေ လျှံမှု ဒဏ် ကြုံတွေ့နေရသဖြင့် ရပ်ကွက်အချို့မှပြည်သူများ  ရေလွတ်ရာလမ်းများပေါ်သို့  တက်ရောက်နေ ထိုင်နေရကြောင်း ယင်းရပ်ကွက်များတွင် နေထိုင်သူများကပြောသည်။

‘‘မိုးရွာတိုင်း ရေမြုပ်တယ်။ အိမ်အောက်ထပ်က မြုပ်သွားပြီ။ ဒီနှစ်ပိုဆိုးတယ်’’ဟု မန်းတော် သာရပ်ကွက် တွင်နေ ထိုင်သူ ကို အောင်ကိုလတ်က ပြောသည်။ ရွှေတစ်ချောင်း ကန်ပေါင်မှာ အသစ်ပြုပြင်ပြီးဖြစ်သော် လည်း ၄၁ လမ်းနှင့် ၄၂ လမ်းရှိ ရွှေတစ် ချောင်းမြောင်းကူးတံတားမှာ နိမ့် နေ၍ အဆိုပါတံတားနေရာ မှာ ရေများလျှံကျခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ထို့အပြင် ဗထူးအားကစား ကွင်းအတွင်း၌လည်း ရေကြီးရေ လျှံမှုဖြစ်ပွားခဲ့သဖြင့် ရေစုပ်စက် များဖြင့် စုပ်ထုတ်နေရသော ကြောင့် ယှဉ်ပြိုင်ကစားမည့် ရတနာပုံအသင်းနှင့် နေပြည်တော် အသင်းတို့၏ ပွဲစဉ်ကို   ညနေ ၅ နာရီနောက်ပိုင်းမှသာ ဗထူး ကွင်းတွင် စတင်ကစားသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ မီဒီယာတာဝန်ခံ ကိုနေမျိုးကပြောကြားသည်။

ရေလျှံနေသည့်  ရပ်ကွက်များနှင့် လမ်းများတွင် သဲအိတ် သုံးထောင်ကျော် ချထားပေးထား ပြီး ရေစုပ် စက်ဖြင့် စုပ်ထုတ် ပေးနေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ ဌာနခွဲမှူး ဦး စိုးတင့်အောင်ကပြောသည်။

7Day DAILY

No comments:

Post a Comment